အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

ဟောင်ကောင်ရှိ အိမ်အကူများ၏ အားလပ်ချိန်ရှိ သူတို့ဘဝအကြောင်း တစေ့တစောင်း

Video interview screenshot.

Video interview screenshot.

ဤဆောင်းပါးသည် Avery Tsui, Li Sunpin, Minnie Wong, Vivienne Tsang နှင့် Achlys Xi တို့မှ ရေးသားထားပြီး ဟောင်ကောင်ရှိ Chinese University of Hong Kong ၏ စာနယ်ဇင်း နှင့် မီဒီယာဆက်သွယ်ရေး ကျောင်းမှ ကျောင်းသူကျောင်းသားများ ရေးသားထုတ်ဝေသော Varsity မဂ္ဂဇင်းတွင် ထည့်သွင်းထားပါသည်။

နိုင်ငံခြားမှလာရောက်လုပ်ကိုင်သော အိမ်အကူလုပ်သားများသည် ဟောင်ကောင်တွင် တဖြည်းဖြည်းတိုးမြင့်လာသည်။ မနှစ်က ၃၄၀,၃၈၀ ဦးအထိ တိုးမြင့်ခဲ့ရာ ယင်းသည် လွန်ခဲ့သော ၅ နှစ်နှင့် ယှဉ်လျှင်၂၄ ရာခိုင်နှုန်း တိုးခဲ့ခြင်း ဖြစ်သည်။ ဟောင်ကောင်တွင် အိမ်အကူများသည် သူတို့လုပ်ကိုင်သော အိမ်များနှင့် တမိသားစုတည်းလို နေထိုင်ကြသော်လည်း လူအများသည် ၎င်းတို့အား ဆင်းရဲပြီး ပညာမတတ်သူများအဖြစ် တစ်ဖက်စောင်းနင်းမြင်ကြသည်။ ၎င်းတို့ကို သတင်းတွင် ဖော်ပြလျှင်လည်း အဆိုးသဘောဆောင်သော ပုံစံများဖြင့် မကြာခဏ ဖော်ပြလေ့ရှိသည် – ဥပမာ လိမ်ညာတတ်သူများ၊ ၎င်းတို့၏ အလုပ်ရှင်မှ ပစ္စည်းများခိုးယူသူများ သို့မဟုတ် ၎င်းတို့၏ အလုပ်ရှင်မှ နှိပ်စက်ခြင်းကို ခံရသူများဟု ဖော်ပြကြသည်။

သို့သော်ငြားလည်း အိမ်အကူများသည် အခြားသူများနှင့် မည်သို့မျှ ကွာခြားသူများ မဟုတ်ပေ။ သူတို့တွင် သူငယ်ချင်များ နှင့် မိသားစုများရှိပြီး သူတို့၏ အားလပ်ရက်များတွင် ကြွယ်ဝသည့် လူမှုရေးဘဝကို ပိုင်ဆိုင်သည့် သူများဖြစ်ကြသည်။

အသက် ၃၇ နှစ်အရွယ် မီရှယ် ဆာလုတာ (Michelle Saluta) သည် ဟောင်ကောင်သို့ တနှစ်အကျော်က ရောက်လာခဲ့သည်။ သူသည် အကအသင်းအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး သူ၏ အသင်းနှင့် တနင်္ဂနွေနေ့တိုင်း အကလေ့ကျင့်လေ့ရှိသည်။

မီရှယ်သည် အကဝါသနာကို ဖိလစ်ပိုင်တွင် တက္ကသိုလ်တက်ကတည်းက လိုက်စားခဲ့ရာ ၁၀ နှစ်ကျော်ကြာပြီဖြစ်သည်။ ကခြင်းသည် အလုပ်မှရသော ဖိစီးမှုများမှ ထွက်ပေါက်ရစေပြီး သူ၏ သူငယ်ချင်းများနှင့် ပိုမိုခင်မင်အောင် ပြုလုပ်ပေးသည်ဟု ယုံကြည်သည်။ ဆာလုတာသည် သူ၏ တစ်ပတ်တစ်ရက်နားရက်ကလေးအား အပြည့်အဝ အသုံးချလိုသည်။

ထိုင်ပြီး ဝမ်းနည်းနေမည့်အစား ကျမတို့က အဲ့ဒီအချိန်လေးကို ပျော်ရွင်အောင်နေသင့်ပါတယ်။

နောက် အိမ်အကူတစ်တယောက် လီအန်း ဟီဒါဂို ကတော့ ဓာတ်ပုံပညာ အလုပ်ရုံဆွေးနွေးပွဲများကို တက်ရောက်လေ့ရှိသည်။  ဓာတ်ပုံပညာသည် သူ့ကို ကောင်းမွန်သည့် စွမ်းရည်များကို ပေးသောကြောင့် လီအန်းသည် ဂရုစိုက်ခြင်းဖြစ်သည်။  ဓာတ်ပုံပညာမှ တဆင့် သူသည် အိမ်အကူများ၏ ပါရမီစွမ်းရည်များကို ပြသလိုသည်။

အိမ်အကူတွေက သူတို့ကို သူတို့ အိမ်အကူသပ်သပ်သာ ဖြစ်ပါတယ်လို့ ပြောတာကို ကျမ မကြိုက်ပါဘူး။ ဟောင်ကောင်မှာ ကျမတို့က လစာအနိမ့်ဆုံးရတယ်ဆိုပေမဲ့ ကျမတို့ဟာ ဟောင်ကောင်ကို တနည်းနည်းနဲ့ကူညီနေကြသူများ ဖြစ်ပါတယ်။ အဆိုးဖက်ကို အာရုံစိုက်ပြီး အိမ်သတိရတာတို့ ဝမ်းနည်းတာတို့ ဖြစ်နေမယ့်အစား ဓာတ်ပုံပညာက ကျမကို အကောင်းဖက်ကို မြင်စေပါတယ်။ ကျမရဲ့ ဓာတ်ပုံတွေကိုသုံးပြီး ကျမတို့ဟာ သန့်ရှင်းရေးလုပ်တဲ့သူတွေသက်သက်သာ မဟုတ်ပါဘူး၊ ကျမတို့ဟာ တခြားကောင်းတဲ့အရာတွေလည်း လုပ်နိုင်တယ်ဆိုတာကို ပြချင်ပါတယ်။

သူတို့၏ နေ့စဥ်အိမ်မှုကိစ္စအလုပ်များအပြင် ဟောင်ကောင်ရှိ အိမ်အကူများသည် သူတို့၏ တစ်ပြည်တည်းသားများနှင့် အသိုင်းအဝိုင်းဖွဲ့ထားနိုင်ကြသည်။ ဟောင်ကောင်ကို ၁၉၉၆ ခုနှစ်က ရောက်လာတဲ့ အိမ်အကူ လီယို စေလိုမေနီယို (Leo Selomenio) ဟာ ၁၀ နှစ်ကြာတဲ့အခါ နိုင်ငံခြားရောက် ဖိလစ်ပိုင်အသိုင်းအဝိုင်းကို ကူညီတဲ့ Global Alliance ကို ဖွဲ့စည်းခဲ့ပြီး သူ၏ စနေတနင်္ဂနွေကို တခြား တစ်ပြည်တည်းသား အိမ်အကူများအတွက် လုပ်ငန်းများပြုလုပ်ပေးခြင်းဖြင့် အသုံးချပါသည်။ သူသည် အချိန်မလုံလောက်ခြင်း ငွေကြေးထောက်ပံ့မှုမလုံလောက်ခြင်းစသော အခက်အခဲများကို ကြုံတွေ့ရသော်လည်း အလုပ်ရှင်များက သူ၏ အလုပ်များကို ပြုလုပ်နိုင်ရန် ပိတ်ရက်နှစ်ရက်ပေး၍ ထောက်ပံ့ပေးပါသည်။

ကျမဖိလစ်ပိုင်ကို ပြန်ရောက်ချင်ရောက်သွားမယ် ဒါပေမဲ့ ဘယ်သွားသွား ကျမရဲ့ အလုပ်ရှင်တွေကိုတော့ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး ဘာလို့လဲဆိုတော့သူတို့က ကျမရဲ့ ဘဝတစ်ပိုင်းတစ်မှာပါဝင်နေလို့ပါပဲ။

ဆွေးနွေး​ပြောဆို​ခြင်း​ကို စတင်​ရန်

စာရေး​သူ​များ၊ ကျေးဇူးပြု​၍ ဝင်​ရန် »

လမ်း​ညွှန်​ချက်​များ

  • မှတ်ချက်​များ​အားလုံး​ကို ကြီးကြပ်​သူ​တစ်​ဦး​က ဖတ်​ရှု​စစ်ဆေး​ပါ​သည်။. မှတ်ချက်​များ​ကို တစ်​ကြိမ်​ထက် ပို​မ​ပေး​ပါ​နှင့်၊ မဟုတ်​လျှင် မ​လို​အပ်​သော​စာ​အဖြစ် သတ်​မှတ်​ခြင်း​ခံ​ရ​ပါ​မည်။.
  • အခြား​သူ​များ​ကို လေး​လေးစား​စား ဆက်ဆံ​ပေး​ပါ။. လူ​မျိုး​ရေ၊ ဘာသာ​ရေး​နှင့် လိင်​ပိုင်း​ဆိုင်​ရာ တိုက်ခိုက်​မှု​များ​ပါဝင်​သည့် မှတ်ချက်​များ​ကို အတည်ပြု​ပေး​လိမ့်​မည် မဟုတ်​ပါ။.