သတင်းဆောင်းပါးများ လက်တင်အမေရိက
#TheOccupation of Wikipolitics: မက္ကစီကို၌ စုပေါင်းကြိုးပမ်းမှုဖြင့် တကျော့ပြန် ဒီမိုကရေစီ တီထွင်ခြင်း
"အတူတကွစည်းလုံးကာ လေးစားမှု၊ သဒ္ဓါတရား နှင့် ပျော်ရွင်မှုတို့ဖြင့် မျှတစွာ နိုင်ငံရေးပြုလုပ်သော ဤနည်းလမ်းသစ်သည် တတိုင်းပြည်လုံး ပျံ့နှံ့သွားရမည်ဟု ကျွနု်ပ်တို့ ယုံကြည်နေပါသည်။"
အယ်နီညို ဖြစ်စဉ်ကို ရင်ဆိုင်ရနိုင်သည့်အတွက် နိုင်ငံအချို့ အရေးပေါ်အခြေအနေအဖြစ် ကြေညာ
"အယ်နီညိုဖြစ်စဉ်နှင့် လူသားများကြောင့် ဖြစ်ပေါ်လာသော ရာသီဥတုပြောင်းလဲမူများသည် ကျွန်တော်တို့အရင်က မကြုံခဲ့ရဖူးသေးသော အခြေအနေ ပုံစုံမျိုးဖြင့် အပြန်အလှန် အကျိုးသက်ရောက်နိုင်ကြပြီး ပြောင်းလဲသွားစေနိုင်ပါတယ်။ အယ်နီညိုက အပူချိန်ကို ပိုပိုပြီး မြင့်တက်လာစေပါတယ်"
”Chicas မိန်းကလေး” တွေကို စွမ်းဆောင်ရည်ပေးလိုက်တဲ့ အခါ ဘာဖြစ်သလဲ ဆိုတာ
Chicas Poderosas ဆိုသည်မှာ အမျိုးသမီးတွေကို စာနယ်ဇင် ပညာတွင် လေ့ကျင်းသင်တန်းပေးပြီး သတင်းခန်းတွင် မတူကွဲပြားမှု စုံလင်စွာ ရရှိအောင်ကျိုးပမ်းသော လက်တင် အမေရိကမှ လှုပ်ရှားမှု တစ်ခုဖြစ်သည်။
ပညာရေးတွင် သင်္ချာ၏ အရေးပါမှု
Chlewey ဘလော့(ဂ်)မှ ကားလို့(စ်) သော(ပ်)ဆန်က နိုင်ငံတကာ ပညာရေး အရည်အသွေး စစ်ဆေးမှု [es] တွင် အဆင့်နိမ့်ခဲ့သည်နှင့် ဆက်စပ်၍ ကိုလမ်ဘီယာတွင် သင်္ချာပညာသင်ကြားရန် အရေးပါပုံကို ရေးသားခဲ့ [es]သည်မှာ Las matemáticas dan mucho más que la capacidad de contar las vueltas en...
သမိုင်းဦးမတင်မီခေတ်က ရုပ်ကြွင်းများ ချီလီတွင်တွေ့ရှိ
အစ်(ခ်)သီအိုဆော (ရေနေတွားသွားသတ္တဝါကြီးတစ်မျိုး) ၄၆ကောင်၏ ရုပ်ကြွင်းများသည် ၂၁ရာစုမတိုင်မီအထိ နှစ်သန်းပေါင်းများစွာ တိပ်မြုပ်နေခဲ့သည်မှာ ရုပ်ကြွင်းလေ့လာသူတစ်စုက ချီလီတောင်ပိုင်းရှိ တောရက်(စ်) ဒေး(လ်) ပိုင်နယ် အမျိုးသားဥယျာဉ်တွင် ၄င်းတို့အား ရှာဖွေတွေ့ရှိခြင်းမပြုမီအထိ ဖြစ်သည်။ #Adictos_a_lo_Jordan Descubren en Chile cementerio de ictiosaurios: El proyecto comenzó con la … http://t.co/KDvFkJPADB...
ဘိုလီးဗီးယား နိုင်ငံရေးသမားများ “ဂန်းနန်းစတိုင်(လ်)” ဖြစ်လာခြင်း
“ဂန်းနန်းစတိုင်(လ်)” ရုပ်ပြောင်ဟာသတွေက ဘိုလီးဗီးယား နိုင်ငံရေးသမားတွေဆီ ရောက်လာပါပြီ။ ဒီအပတ်အစောပိုင်တုန်းက ဘိုလီးဗီးယား ယူကျူ့သုံးသူတစ်ဦးဖြစ်တဲ့ KwonBanYaက ကိုးရီးယားရက်(ပ်)သီချင်း ရယ်စရာပုံစံကို ထင်ရှားတဲ့ နိုင်ငံရေးသမားတွေကို အထူးပြုထားပြီး တင်ခဲ့တာပါ။
ပီရူး၊ အိုတူဇကိုအတွက် အကူညီပေးရန် လူငယ်များ စုစည်း
ကမ္ဘာ့အသံရဲ့ ပါဝင်ပံ့ပိုးသူတစ်ဦးဖြစ်တဲ့ ဂယ်ဘီရီလာ ဂါစီယာ ကယ်(လ်)ဒရွန်က သူတူတော်သူက ပီရူးနိုင်ငံမြောက်ပိုင်း အိုတူဇကိုဒေသမှာရှိတဲ့ လူအစုအဝေးသုံးခုကို အကူအညီတွေယူသွားပေးဖို့ စတင်တဲ့ လှုပ်ရှားမှုအကြောင်းကို ဘလော့(ဂ်)ရေးထား[es]ပါတယ်။ ဒီတခုတ်တရမှတ်သားသင်တဲ့ စတင်လှုပ်ရှားမှုမှာ စေတနာ့ဝန်ထမ်းအနေနဲ့ပါဝင်နေတဲ့ လူငယ်အုပ်စုလေးက ဘယ်ထောက်ပံ့မျိုးမှ မပါဘဲ သူတို့ဘာသာလှုပ်ရှားနေတဲ့အကြောင်းကိုလည်း ထောက်ပြခဲ့ပါတယ်။
ဘရာဇီး၊ ဆင်ခြေဖုံးဒေသများတွင် လူထုအခြေပြု သတင်းအချက်အလက်များ အားကောင်း
ခုတလောမှာ ဆော်ပိုလို ဆင်ခြေဖုံးဒေသတွေမှာ မွှေနှောက်ဖျက်ဆီးတဲ့ မီးလောင်မှုတွေဖြစ်ပွားပြီး[Pt] မြေရာဈေးနှုန်းတွေက မိုးထိမြင့်တက်နေတဲ့အချိန်မှာ လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးမီးလောင်မှု[en]ပြီးတဲ့နောက်မှာတော့ လူ၁၁၀၀ကျော်က အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ်။ ဆော်ပိုလိုဒေသခံတချို့က အချက်အလက်တွေကို လူထုအခြေပြုစုဆောင်းဖို့ နဲ့ လွန်ခဲ့တဲ့ရှစ်နှစ်က အဖြစ်အပျက်အခြေအနေတွေကို ခွဲခြမ်းစိတ်ဖြာလေ့လာဖို့ အများပိုင် စာရင်းဇယားတစ်ခုကို အသုံးပြုနေကြပါတယ်။
ဘိုလီးဗီးယား၊ လာပတ်(ဇ်)တွင် ရေဒီယိုသတ္တိကြွ ယူရေနီယမ်များ ဖမ်းဆီးရမိ
'@renanjustiniano၊ မနေ့ကတွေ့ခဲ့တဲ့ ဓာတ်သတ္တုတွေသာ #uranio (ယူရေနီယမ်) ဖြစ်နိုင်တယ်ဆိုရင် ပထမဆုံးလုပ်ရမှာက ရေဒီယိုသတ္တြွိက၊ မကြွကို စမ်းသပ်ရမှာ၊ သတင်းထောက်တွေဆီ သတင်းထုတ်ပြရမှာ မဟုတ်ဘူး။' ၂ဝ၁၂ ခုနှစ် သြဂုတ်လ (၂၈) ရက်နေ့မှာ ဘိုလီးဗီးယန်းတာဝန်ရှိသူများက ယူရေနီယမ် ဒါမှမဟုတ် ရေဒီယိုသတ္တိကြွဓာတ်သတ္တုတွေလို့ ယူဆရတဲ့ သတ္တု( ၂) တန်ကို ဖမ်းဆီးရရှိခဲ့ပါတယ်။ ရေဒီယိုသတ္တြွိကပစ္စည်းများဖြစ်နိုင်တယ်ဆိုတဲ့ သံသယကတော့ ရှင်းရှင်းလင်းလင်း မရှိခဲ့ပါဘူး။
ဘရာဇီး၊ (၁၃)နှစ်သမီးက ဖေ့(စ်)ဘွတ်(ခ်)ပေါ်တွင် ကျောင်းမှ ပြဿနာများကို ထုတ်ဖော်
ဘရာဇီးနိုင်ငံ ဆန်တာ ကာတာရီနာမြို့က (၁၃)နှစ်သမီး အီဆာဒိုရာ ဖေဘာဖန်တီးထားတဲ့ ဒီယာရီအို ဒယ် ကလယ်စီ [pt]လို့ခေါ်တဲ့ ဖေ့(စ်)ဘွတ်(ခ်)စာမျက်နှာက ကြိုက်သူပေါင်း (၁၇၆၀၀၀) ရရှိသွားပါပြီ။ အစိုးရကျောင်းတွေရဲ့ အမှန်တရားကို ထုတ်ပြဖို့ ရည်ရွယ်ပြီး အီဆာဒိုရာက သူ့ကျောင်းမှာ ပြင်ဖို့လိုတဲ့ နေရာတွေနဲ့ တခြားအထွေထွေပြဿနာတွေအကြောင်း သတင်းပို့ခဲ့ပါတယ်။