အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

ကမ္ဘာ့အသံ အကြောင်း

(Global Voices) ကမ္ဘာ့အသံသည် ကမ္ဘာတစ်ဝန်းရှိ ပြည်သူသတင်းမီဒီယာနယ်ပယ်မှ ကျွမ်းကျင်သူများနှင့် ပညာရှင်များ အပါအဝင် လုပ်အားပေး ဘလော့ဂ်ရေးသူ နှင့် ဘာသာပြန်သူတို့ ၁၄၀၀ ကျော်ပါဝင်သော အသိုင်းအဝန်းမှ တည်ဆောက်ထားသော အင်တာနက် စာမျက်နှာ တစ်ခုဖြစ်သည်။

ကျွန်ုပ်တို့သည် နိုင်ငံတကာ သတင်းဌာနကြီးများမှ သာမန်အားဖြင့် မကြားနိုင်သော သတင်းစကားတို့ကို ဘလော့ဂ်နှင့် ဆိုရှယ်မီဒီယာတို့မှတစ်ဆင့် ပြည်သူများကိုယ်တိုင် ပြောပြနေသည့် အတိုင်းယူဆောင်ကာ သင့်ထံသို့ သတင်းတင်ဆက်နိုင်ရန် အတူတကွ  ကြိုးပမ်းနေကြသော စေတနာ့ဝန်ထမ်းများ ဖြစ်ကြသည်။

ယနေ့ခေတ်တွင် ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသော ပြည်သူတို့သည် ၎င်းတို့တွေ့ကြုံရသော သတင်းအကြောင်းအရာများကို အသံ၊ ဓာတ်ပုံ၊ ဗီဒီယိုများနှင့်တကွ ကိုယ်တိုင်ရေးသား တင်ဆက်လျှက်ရှိကြပါသည်။ သို့ရာတွင် ၎င်းတို့သည် အင်တာနက်ပေါ်ရှိ ဘလော့များတွင် လည်ကောင်း၊ ဆိုရှယ်မီဒီယာတွင် လည်းကောင်း၊ twitterမှ တဆင့်သော်လည်းကောင်း ဘာသာစကားအမျိုးမျိုးဖြင့် ရေးသား တင်ပြနေကြကာ နေရာအနှံ ပျံနှံနေသည်။ ဤသတင်းစကားများအား ကျွန်ုပ်တို့၏ လုပ်အားပေး စာရေးသူများသည် ဤနေရာတွင် စုစည်း ရေးသားတင်ပြပေးပြီး ဘာသာပြန်သူများမှ ဘာသာပေါင်း ၃၅ ဘာသာကျော်သို့ ပြန်ဆိုပေးသည်။

ကျွန်ုပ်တို့ ပြုလုပ်သည့် အရာများ

သတင်းတင်ဆက်ခြင်း – အမြတ်အစွန်းမကြည့်သော လုပ်အားပေး စာရေးသူများ ရေးသားပြီး ဝါရင့် အယ်ဒီတာများ ရေးသား တည်းဖြတ်ကာ နိုင်ငံပေါင်း ၁၆၇ နိုင်ငံမှ သတင်းအကြောင်းအရာများကို တင်ဆက်သည်။

ဘာသာပြန်ခြင်း – ကမ္ဘာအရပ်ရပ်မှ ကျွန်ုပ်တို့၏ ဘာသာပြန်များသည် သတင်းဆောင်းပါးများအား ဘာသာစကား ၃၅ ခုတွင် ဖတ်ရှုနိုင်အောင် ပြုလုပ်ပေးသည်။

ခုခံကာကွယ်ခြင်း –  ကျွန်ုပ်တို့၏ Advox စီမံကိန်း သည် အင်တာနက်ပေါ်တွင် လွတ်လပ်မှု အခွင့်အရေးများကို ခုခံကာကွယ်ပြီး ဆင်ဆာဖြတ်ပိတ်ပယ်ခြင်းကို တိုက်ဖျက်သည်။

စွမ်းဆောင်ရည်မြှင့်တင်ခြင်း - ကျွန်ုပ်တို့၏ တက်သစ်စအသံများစီမံကိန်းသည် လျစ်လျူရှုခံရပြီး ဘေးဖယ်ခံနေရသော အရပ်အဝန်းများ၏ အသံများကို ကိရိယာများ၊ ကျွမ်းကျင်မှုများ နှင့် ထောက်ပံ့မှုများပေးကာ စွမ်းဆောင်ရည်မြှင့်တင်ပေးသည်။

ချိတ်ဆက်ပေခြင်း - ကမ္ဘာ့အသံတွင် နိုင်ငံတကာမှ တစိုက်မတ်မတ် ပါဝင်သူများ နှင့် လူထုအား အချင်းချင်း မျက်မြင်တွေ့ဆုံနိုင်ရန် ထိပ်သီးညီလာခံများကို လွန်ခဲ့သော ၁၀တာ ကာလအတွင်း စီစဉ်ပေးခဲ့ရာ နိုင် ၈ နိုင်ငံတိတိ ရောက်ရှိပြီး ဖြစ်ပါသည်။

ဤနေရာတွင် ကမ္ဘာ့အသံ၏ စီမံကိန်းများကို ဆက်လက် ဖတ်ရှုနိုင်ပါသည်။

ကျွန်ုပ်တို့ ခံယူထားသည့် တာဝန်

ကျွန်ုပ်တို့သည် ကမ္ဘာအနှံရှိ ဘေးဖယ်ခံထားရပြီး လွဲမှားစွာ ဖော်ပြခြင်းခံနေရသော အသိုင်းအဝန်းမှ ပေါ်ထွက်လာသည့် စိတ်ဝင်စားဖွယ်ကောင်းပြီး အရေးပါသော သတင်းပုံပြင်များကို ရှာဖွေရန် ကြိုးပမ်းကြပါသည်။ ကျွန်ုပ်တို့သည် အင်တာနက်ပေါ်တွင် ဆင်ဆာဖြတ်တောက်ခြင်းကို ဆန့်ကျင်ပြီး ပြည်သူများအား အင်တာနက်ကို လက်လှမ်းမှီနိုင်ရန်  နည်းလမ်းသစ်များ ပံပိုးပေးသည်။

ကျွန်ုပ်တို့၏ ဓလေ့

ကမ္ဘာ့ မည်သည့် နေရာဒေတွင်ရှိစေကာမှု နယ်စည်းမခြားပဲ လူသားခြင်း နားလည်မှုနှင့် ခင်မင်ရင်းနှီးမှုတို့ကို အခြေတည်ကာ စူးစမ်းလိုမှု၊ ရိုးသားမှု နှင့် လူသားချင်း ချိတ်ဆက်မှုတို့ကို ကျွန်ုပ်တို့ တန်ဖိုးထားပါသည်။ ကျွန်ုပ်တို့၏ ပန်းတိုင်သည် တရားမျှတမှု၊ တန်းတူညီမျှမှု နှင့် ကိုယ်ချင်းစာမှုကို တန်ဖိုးထားတတ်သောသူများအား စွမ်းရည်မြှင့်တင်ပေးရန် ဖြစ်ပါသည်။

ပို၍ အသေးစိတ် သိရှိလိုပါသလား။ ကျွန်ုပ်တို့၏  FAQs (မေးလေ့မေးထ ရှိသော မေးခွန်းများ) စာမျက်နှာကို ဖတ်ရှုပါ။