အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

လင်ဂွါ ဘာသာပြန် စီမံကိန်းLingua

Mohamed ElGohary

Mohamed ElGohary, Lingua Manager, in Global Voices Summit in Cebu, Philippines. Photos by Jeremy Clarke, Director of Tech in Global Voices.

Lingua is a project which amplifies Global Voices stories by the translation into languages other than English, with the help of hundreds of volunteers. Mohamed ElGohary is the Lingua Manager. Follow us on Social media; on Facebook, Twitter, and Google+, and on our blog.

Use this application form to contact us and get involved. Have questions? Check out our Lingua Volunteer FAQ below.

A Little Background

Inspired by a workshop on Global Voices and language at the Global Voices 2006 Summit in Delhi, India, a group of francophone bloggers approached founders Ethan Zuckerman, Rebecca MacKinnon, and Taiwanese contributor Portnoy about starting a Francophone GV page similar to Portnoy's pioneering Global Voices in Chinese site. Other language communities expressed interest, and Lingua was born.

Get Involved

Languages reflect the momentum in their community of speakers. Lingua volunteer translators receive the front page, top of the page credit for their work and can gain valuable exposure or build translator portfolios that way. Mostly, Lingua translators are helping bridge worlds and amplify voices. Join us by completing an application form or the contact form below to email the various Translation Managers. For adding new languages, send us your request!

Global Voices Lingua participants

Global Voices Lingua participants in our summit in Colombo, Sri Lanka. Photo by Jer Clarke

Frequently Asked Questions

Is your question not there? Please contact us!

Lingua စီမံကိန်းက ဘယ် ဘာသာတွေကိုပြန်ဆိုနေပါသလဲ။

ကျွန်ုပ်တို့ ကမ္ဘာ့အသံတွင် ရေးသားထားသော သတင်းဆောင်းပါးများအား ဘာသာပေါင်း ၃၅ ဘာသာကျော်သို့ ပြန်ဆိုနေပါတယ်။ လူအများ ပြောဆိုကြသော ဘာသာစကားကြီးများ ဖြစ်သော တရုတ်စပိန် နှင့် အာရဗီ စသည်တို့ ပါဝင်သလို လူနည်းစု ဘာသာစကားများဖြစ်သော မာလာဂါစီကတ်တာလ နှင့် အိုင်မာရာ တို့လည်း ပါဝင်ပါတယ်။ ဒီဘာသာစကားတွေကို ပြန်ဆိုပေးနေတဲ့ ရာချီတဲ့ လုပ်အားပေး ဘာသာပြန်များ၏ ရလာဒ်ကြောင့် လင်ဂွါစီမံကွန်း ဖြစ်ပေါ်လာပါတယ်။

ကျွန်ုပ် ဘာကြောင့် လုပ်အားပေးဘာသာပြန် လုပ်သင့်ပါသလဲ။

ဒီမေးခွန်းအတွက်တော့ ကျွန်ုပ်တို့ ဘာသာပြန်များ ကိုယ်တိုင်ပြောတာကို အောက်မှာ ဖတ်ရှုကြည့်ပါ။

“I’m a volunteer translator because I think it’s very important to convey people’s voices in a way and a language each one can understand.”, says Gabriela Garcia Calderon Orbe who joined Global Voices in Spanish in November 2007 and has since translated over 2,680 posts.

“Because I will get to know social media like I have never known it before and also get to meet, through translating Global Voices articles, wonderful people from all over the world, who are as crazy as I am for changes and who are striving for it digitally,” says Thalia Rahme, from Beirut, a volunteer of Global Voices in Arabic and French.

“I like the idea of being able to inform others about what's happening in the remotest, often forgotten locales, thus helping weave ties between people living in the four corners of the world”, says Paris based French translator Samantha Deman.

“Because I learn so much about the world with Global Voices that I want to share this knowledge with those who are not fortunate enough to read it in English,” says Paula Góes, a Brazilian translator based in London who joined Global Voices in Portuguese team in 2007.

Because it's a truly multicultural experience. Inspiring people write news stories from all around the world – I want to help to make their voice sound loud!” says Kasia Odrozek, a Polish translator based in Berlin who joined Global Voices in Polish team in 2011.

“Because you can help the message reach the people”, says Aygun Janmammadova, a translator from Global Voices in Russian.

“Because I want local voices to be heard globally,” says Maria Waldvogel, who joined the Global Voices in German team in February 2011.

“Volunteering translation for the GV feels like willingly opening new windows to the world and its million realities.”, says Anna Kokkinidou, a translator for Global Voices in Greek.

အထက်ကသူများပြောတဲ့ အကျိုးကျေးဇူးများအပြင် သာသာပြန်ဆိုခြင်း အတွေအကြုံများရရှိခြင်းနှင့် မိမိပြန်ဆိုထားသော စာများအား မိမိတို့ရဲ့ လက်တွေ့ဘ၀မှာ အလုပ်ရှာဖွေရာတွင်လည်း အသုံးပြုလို့ရကာ နိုင်ငံတကာမှ မိမိနှင့်ဝါသနာတူ ဘာသာပြန်များနှင့် သိကျွမ်းနိုင်မှာ ဖြစ်ပါတယ်။ အရေးကြီးဆုံးကတော့ မြန်မာ စာဖတ်ပရိသတ်များ ကမ္ဘာတဝန်းမှ သတင်းများကို ဖတ်ရှုစေနိုင်ရန် ဝန်ဆောင်ပေးရသည့် ကြည်နှုးဖွယ်ရာခံစားချက်ကို ရရှိမှာဖြစ်ပါတယ်။

Global Voices 2010 Summit – Santiago, Chile

၂၀၁၀ ခုနှစ် ကမ္ဘာ့အသံ လုပ်အားပေးများ တွေ့ဆုံပွဲ ညီလာခံ။ ချီလီနိုင်ငံ ဆန်တီယာဂို မြို့။

ကျွန်ုပ်သည် ပညာရှင်အဆင့် ဘာသာပြန်မဟုတ်ပါ။ ဘာသာပြန်လုပ်လို့ ရပါသလား။

ဟုတ်ကဲ့၊ ရပါတယ်။ မည်သည့် ဘာသာပြန် လက်မှတ်မှလည်း မလိုပါ၊ အနည်းဆုံးရှိရမည့် အတွေ့အကြုံဟု သတ်မှတ်ချက်ထားခြင်းလည်း မရှိပါ။

လျှောက်လွှာဖြည့်ပို့ပြီးရင် ဘာဆက်ဖြစ်မှာလဲ။

လင်ဂွါ မန်နေဂျာ သို့မဟုတ် မြန်ဘာသာ အယ်ဒီတာမှ သင့်ကို မကြာခင်တွင် ဆက်သွယ်လာပါလိမ့်မယ်။ ချက်ချင်း မဆက်သွယ်နိုင်ပါက သည်းခံပေးစေလိုပါတယ်။ ကျွန်ုပ်တို့၏ အယ်ဒီတာများသည်လည်း လုပ်အားပေးသူများဖြစ်လို့ သူတို့ရဲ့ ကိုယ်ပိုင်အလုပ်များနှင့် မအားလပ်နိုင်ပဲဖြစ်နေတာ ဖြစ်နိုင်ပါတယ်။

ကျွန်ုပ် ဘာသာပြန်ချင်တဲ့ စာပုဒ်ကို ကိုယ်တိုင်ရွေးချယ်လို့ရလား။

ရပါတယ်! Global Voices အင်္ဂလိပ်Global Voices Advocacy နှင့် Rising Voices စာမျက်နှာတွေမှာ ရေးသားထားတဲ့ သတင်းဆောင်းပါးကိုမဆို စိတ်ကြိုက်ရွေးချယ်ပြီး ရွေးချယ်လို့ရပါတယ်။ ကိုယ်နှစ်သက်ရာနိုင်ငံ ဒါမှမဟုတ် ကျွမ်းကျင်ရာနယ်ပယ်တစ်ခုကိုပဲ ရွေးချယ်ကာ ပြန်ဆိုလို့လည်းရပါတယ်။ မြန်မာ စာဖတ်သူ ပရိတ်သတ်များကို သင်ဝေမျှလိုသည့် မည်သည့်သတင်းပုံပြင်ကိုမဆို ရွေးချယ်လို့ရပါတယ်။ ရွေးချယ်ရခက်ခဲနေလျှင် အယ်ဒီတာထံကို အကူအညီတောင်းလို့လည်း ရပါတယ်။

နည်းပညာတို့ ဘာသာပြန်တာတို့နဲ့ပက်သက်တဲ့ အကူအညီတွေ လိုအပ်နေရင် ဘယ်သူ့ကိုရှာရမှာလဲ။

အယ်ဒီတာ ဒါမှမဟုတ် အခြား ဘာသာပြန် လုပ်အားပေးတစ်ယောက်ကို အကူအညီတောင်းလို့ ရပါတယ်။ ရေးသားသည့် WordPress နှင့် ပက်သက်တဲ့ နည်းလမ်းပိုင်းဆိုင်ရာ အခက်အခဲများရှိပါက Lingua Translators Guideကို ဖတ်ရှုနိုင်ပါတယ်ပါ။ အခြား Lingua guides တွေမှာလည်း ရေးသားထားတာတွေ ရှိပါတယ်။ အခြားအခက်အခဲများကို အယ်ဒီတာက တတ်နိုင်သလောက် ကူညီပေးသွားနိုင်ပါတယ်။

ဘာသာပြန်ရင်း အမှားတွေရေးမိရင် ဘယ်လိုလုပ်မလဲ။

ဒါအတွက် မပူပါနှင့်။ ဘာသာပြန်ထားတဲ့ စာတွေကို အယ်ဒီတာတွေက သေချာစိစစ်ပြီးမှသာ ထုတ်ဝေပါတယ်။ ဒီတော့ သင်အကောင်းဆုံး ကြိုးစားရေးပြီး ပေးပို့လိုက်ပါ။ အယ်ဒီတာမှ လိုအပ်သည်များကို ဖြည့်စွက်ပေးသွားပါမယ်။

အနည်းဆုံး ဘယ်လောက် ဘာသာပြန်ပေးရမလဲ။ နောက်ဆုံးပေးပို့ရမယ့်ရက် သတ်မှတ်ထားတာမျိုးရှိလား။

အနည်းဆုံး တစ်လကို တစ်ပုဒ်တော့ ဘာသာပြန်ပေးစေလိုပါတယ်။ နောက်ဆုံး ပေးပို့ရမည့်ရက်ကတော့ သတင်းအလိုက် မူတည်မှာပါ။ အရေးပေါ်သတင်းများမှ လွဲ၍ ကျန်သတင်းများကိုတော့ အယ်ဒီတာနှင့် တိုင်ပင်ကာ နောက်ဆုံးပေးပို့ရမည့်ရက်ကို ညှိနှိုင်းလို့ ရပါတယ်။ အချိန်မှီရေးနိုင်ဖို့ မအားတော့လျှင်လည်း အယ်ဒီတာကို အကြောင်းကြားပြီး အကူအညီတောင်းလို့ရပါတယ်။

Global Voices Summit 2008, Budapest – Hungary

၂၀၀၈ ခုနှစ် ကမ္ဘာ့အသံ လုပ်အားပေးများ တွေ့ဆုံပွဲ ညီလာခံ။ ဟန်ဂေရီ နိုင်ငံ ဘူဒါပက်မြို့။

ဘာသာပြန်တဲ့အတွက် အခကြေးငွေ ပေးမှာလား။

အခကြေးငွေတော့ မပေးပါ။ ကျွန်ုပ်တို့ဟာ အားလပ်ချိန်များကို ဒါနပြုနေသည့် ရာချီသောလုပ်အားပေးသူများဖြင့် လည်ပတ်နေသော စီမံကိန်းတစ်ဖြစ်ပြီး လုပ်အားပေးသူများ၏ စေတနာသဒ္ဒါတရားများကြောင့် ကျွန်ုပ်တို့စာမျက်နှာသည် ဘာသာစကား တစ်ခုနှင့်တစ်ခု၊ ယဉ်ကျေးမှု တစ်ခုနှင့်တစ်ခုအကြား လမ်းခင်းပေးလျှက် ရှိနေပါတယ်။ အဲ့တာကြောင့် ကျွန်ုပ်တို့၏ ဘာသာပြန်များသည် အခကြေးငွေမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးမဟုတ်သော အခြားကျေနပ်မှုများကို ရရှိကြပါတယ်။ ကျွန်ုပ်တို့ ဘာသာပြန်များသည် ကမ္ဘာကြီးအတွက် ကောင်းမွန်သော အကျိုးပြုလုပ်ငန်းများ ပြုလုပ်နေရတယ်လို့ ခံစားကြရပါတယ်။ ထို့အပြင် ကျွန်ုပ်တို့သည် လုပ်အားပေးခြင်းမှတဆင့် လေ့လာတတ်မြောက်မှုနှင့် အတွေ့အကြုံရရှိလာပြီး ဗဟုသုတများတိုးပွားကာ ကိုယ့်ပတ်ဝန်းကျင်မှ လူများသို့ ပြန်လည်မျှဝေပေးနိုင်သည့် အကျိုးကျေးဇူးများရရှိကြပါတယ်။။

Google Translate နဲ့ ဘာသာပြန်ရင်ရရဲ့သားနဲ့ ဘာလို့ လူတွေနဲ့ အချိန်ကုန်ခံပြီး ဘာသာပြန်နေတာလဲ။

ဘာသာပြန်စက်တွေက သင့်ကို ဝက်ဆိုဒ်ဟာ ဘာအကြောင်းလဲဆိုတာကို အကြမ်းဖျင်းတော့ ပြောပြနိုင်ပါတယ်။ ဒါပေမဲ့ ကမ္ဘာကြီးကို ပိုမိုနက်နဲစွာ သိရှိနိုင်ဖို့၊ အခြားယဉ်ကျေးမှုများ၏ လှပမှုများကို လေ့လာနိုင်ဖို့၊ နှင့် ဘာသာစကား တစ်ခုနှင့်တစ်ခုအကြေား သိမ်မွေ့သော ကွဲပြားချက်များကို နားလည်နိုင်ဖို့ စက်ဘာသာပြန်တွေကို အားကိုးလို့ မရပါဘူး။ ဘာသာပြန်စက်တွေဟာ ဘင်္ဂလာတို့ အိုင်မာရာတို့လို တချို့ ဘာသာစကားများကို ဘာသာပြန်ပေးနိုင်ဖို့လည်း မရသေးပါဘူး။ မြန်မာဘာသာ ပြန်ဆိုရာမှာလည်း Google Translate ဟာ မှန်ကန်တိကျစွာ ပြန်ဆိုနိုင်ဖို့ အပြည့်အဝ မတိုးတက်သေးပါဘူး။ ဒါကြောင့် စာဖတ်ပရိသတ်များအား ကျွန်ုပ်တို့၏ မေတ္တာစေတနာနှင့် ပြန်ဆိုထားသည့် သတင်းစကားများကို ပေးစွမ်းလိုပါတယ်။

ကျွန်ုပ်က ဘာသာပြန် ကျောင်းသားတစ်ယောက်ပါ။ အလုပ်သင်တွေကော လုပ်ပေးပါသလား။

ရပါတယ်။ သင့်ကို ကျွန်ုပ်တို့၏ ဘာသာပြန်တစ်ဦးအဖြစ်သော်လည်းကောင်း စာစိစစ်သူတစ်ဦးအဖြစ်သော်လည်းကောင်း ခန့်အပ်ပြီး အယ်ဒီတာတွေက သင်ကြားပေးသွားနိုင်ပါတယ်။ ဒါပေမဲ့ တစ်ခုသတိပြုစေလိုတာက ကျွန်ုပ်တို့မှာ ရုံးခန်းမရှိတဲ့အတွက်ကြောင့် ကျွန်ုပ်တို့ရဲ့အလုပ်တွေဟာ အဝေးတစ်နေရာစီမှာ လုပ်ကိုင်ကြတာမို့လို့ အယ်ဒီတာနှင့် လူချင်းတွေ့ဖို့ မဖြစ်နိုင်တာလည်း ရှိပါတယ်။ အကယ်၍ သင့်ကို အဝေးမှနေ အလုပ်သင်လုပ်ပေးဖို့ အဆင်ပြေတယ်ဆိုလျှင် ကျွန်ုပ်တို့ကမ္ဘာ့အသံကို မည်သည့်ကူညီပေးလိုအပ်တယ်ဆိုတာကို ပြောပြလို့ရပါတယ်၊ အယ်ဒီတာတွေနှင့် အခြားလုပ်အားပေးဘာသာပြန်များမှ အားလပ်ချိန်မှာ တတ်နိုင်သလောက် ကူညီပေးသွားမှာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်ုပ်တို့နှင့် လုပ်အားပေး ဘာသာပြန်တစ်ယောက်အဖြစ်ပါဝင်ပြီး လေ့လာသင်ယူနိုင်ပါတယ်။

Global Voices မှာလုပ်နေတဲ့သူတွေက တစ်ယောက်နှင့် တစ်ယောက် အပြင်မှာ မတွေ့ကြဘူးဆိုတော့ တနေရာနှင့် တနေရာ အဝေးကြီး ဘယ်လို အလုပ်လုပ်ကြသလဲ။

လုပ်အားပေးများဟာ တစ်ကမ္ဘာလုံးမှာ အနှံရှိကြတယ်ဆိုတဲ့အချက်က ကျွန်ုပ်တို့စီမံကိန်း၏ ထူးခြားတဲ့အချက်ပါ။ ကျွန်ုပ်တို့ဟာ အီးမေး(လ်)များမှတဆင့်၊ လူမှုကွန်ယက်မှတဆင့်၊ Skype မှတဆင့် ဆက်သွယ်ကြပါတယ်။ အသင်းအမျိုးမျိုးမှာ နှစ်သက်ရာ ဆက်သွယ်နည်းများ ရှိကြပါတယ်။ အခွင့်သာတိုင်း ကျွန်ုပ်တို့သည် တစ်ဦးနှင့်တစ်ဦး တွေ့ဆုံဖြစ်ကြပါတယ်။ တစ်မြို့ထဲ၊ တစ်နိုင်ငံထဲမှာ နီးစပ်ရာ အချင်းချင်းတော့တွေ့ဖြစ်အောင် ကြိုးပမ်းကြပါတယ်။
(၂)နှစ်ဝန်းကျင် တစ်ကြိမ် ကျွန်ုပ်တို့အားလုံး တွေ့ဆုံဖို့ Citizen Media Summit ကို နိုင်ငံတစ်ခုခုမှာ ပြုလုပ်ဖြစ်ကြပါတယ်။ အဲ့ဒီအချိန်ကျရင်တော့ ကျွန်ုပ်တို့ လုပ်အားပေးအားလုံး လာနိုင်အောင်ကျိုးပမ်းပြီး တွေ့ဖြစ်ကြပါတယ်။ နောက်ဆုံးတွေ့ဆုံဖြစ်ခဲ့ကြတာကတော့ ဖိလစ်ပိုင်နိုင်ငံမှာပါ။

မြန်မာကနေ အင်္ဂလိပ်ဘာသာကိုကော ပြန်ဆိုပေးမဲ့သူ လိုအပ်သလား။

လက်ရှိမှာတော့ သတင်းဆောင်းပါးများကို မြန်မာလို ရေးသားပေးမယ့် လုပ်အားပေးတော့ မရှိသေးပါဘူး။ မြန်မာလို ရေးသားတဲ့သူရှိလာတဲ့အခါ မူရင်းမြန်မာဘာသာကနေ အင်္ဂလိပ်ဘာသာကို ပြန်ဆိုပေးနိုင်မယ့် ဘာသာပြန်များကို လိုအပ်လာမှာပါ။

ဒါဆိုရင် သင် ကမ္ဘာတဝန်းက ဘာသာပြန်အသိုင်းအဝန်းမှာ ပါဝင်ဖို့ စိတ်လှုပ်ရှားလာပြီလား။ အခုပဲ ကျွန်ုပ်တို့ဆီ ရေးပို့လိုက် ပါတော့။


Global Voices – တကမ္ဘာလုံးရှိ လင်ဂွါ ဘာသာပြန်များ၏ မြေပုံ ပုံကြီးချဲ့ကြည့်ပါ။