သတင်းဆောင်းပါးများ လူငယ်များ
#TheOccupation of Wikipolitics: မက္ကစီကို၌ စုပေါင်းကြိုးပမ်းမှုဖြင့် တကျော့ပြန် ဒီမိုကရေစီ တီထွင်ခြင်း
"အတူတကွစည်းလုံးကာ လေးစားမှု၊ သဒ္ဓါတရား နှင့် ပျော်ရွင်မှုတို့ဖြင့် မျှတစွာ နိုင်ငံရေးပြုလုပ်သော ဤနည်းလမ်းသစ်သည် တတိုင်းပြည်လုံး ပျံ့နှံ့သွားရမည်ဟု ကျွနု်ပ်တို့ ယုံကြည်နေပါသည်။"
HIVရှိနေသူ တောင်အာဖရိကမိန်းမပျိုလေး ဆစ်ဒီဘရောင်းမှာ ဘာမှဖုံးကွယ်စရာမရှိ
အသက်၂၂ရှိ တောင်အာဖရိကသူ ဆစ်ဒီဘရောင်းက မိမိမှာ HIV ပိုးရှိကြောင်းကို တွစ်တာမှာဖော်ပြခဲ့တဲ့အတွက် လူမှုကွန်ယက်သုံးစွဲသူတွေရဲ့ ချီးကျူးခြင်းခံခဲ့ရပါတယ်။
လူမှုမီဒီယာဟာ အာဖဂန်နစ္စတန်မှာ အကြမ်းဖက်မှုကို ဆက်လက်တည်တံ့အောင် အကူအညီပေးနေသလား
"အသတ်ခံရတဲ့ ခရီးသည်တွေရဲ့ သွေးထွက်သံယိုဓာတ်ပုံတွေကို ဝေမျှနေသူတဲ့သူတွေက အသတ်ခံရတဲ့သူတွေရဲ့ မိသားစုတွေကို နာကျင်အောင်စိတ်ဆွပေးနေရုံသာမက တာလီဘန်တို့ရဲ့ ဝါဒါဖြန့်မှုကို မရည်ရွယ်ပဲ အထောက်အကူ ပြုနေသလိုဖြစ်နေတယ်။"
“အမျိုးသမီး တန်းတူ ဝါဒကို ယုံကြသူ” ဆိုတာ ဒီလိုမျိုးဟု အစ္စရေးမှ ပါမောက္ခက ကမ္ဘာကို ပြသ
ဂျေရုဆလင် ဟီဘရူး တက္ကသိုလ်မှ ပရော်ဖက်ဆာ ဒေါက်တာ ဆစ်ဒနီ အန်ဂျယ်ဘာ့ဂ် သည် ဂျီကျနေသော ကလေးငယ်ကို ချော့ပြီးချီလျှက် စာ ဆက်လက်သင်ကြားနေသော ဓာတ်ပုံသည် အင်တာနက် ပေါ်တွင် ပျံနှံသွားပြီးနောက် ယင်းပါမောက္ခသည် ကျော်ကြားလာသည်။
ဘာရိန်းနိုင်ငံမှ အတော်ဆုံးကျောင်းသား ဆေးတက္ကသိုလ်မသွားရပဲ အကျဉ်းထောင်သို့ သွားရ
ဘာရိန်းနိုင်ငံ၏ ထိပ်တန်းကျောင်းသား တစ်ဦးသည် သူ၏အိမ်မက်ဖြစ်တဲ့ ဆေးတက္ကသိုလ် မတက်ရပဲ အကျဥ်းထောင်မှာ နေနေရပါတယ်။ မူဆတာဖာ မိုဟာမက် အစ္စမေး၏ အတိဒုက္ခအကြောင်းကို Faten Bushehriက နောက်ဆုံး အခြေအနေများကို ပြောပြထားပါတယ်။
တက္ကသိုလ်ကျောင်းသားတစ်ဦး မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မည့် မှတ်စုတစ်ခု ဖေ့စ်ဘုတ်ခ်တွင်တင်၊ သူငယ်ချင်းများက အချိန်မီ မကယ်ဆယ်နိုင်ခဲ့
မိမိကိုယ်ကိုယ်သေကြောင်းကြံစည်မှုသည် ဘင်္ဂလားဒေ့ရှ်တွင် ကာလရှည်ကြာရှိခဲ့သော လူမှုပြသနာတစ်ခု ဖြစ်ကာ ကမ္ဘာတစ်ဝှမ်းမှ တင်ပြချက်များအရ နှစ်စဉ်သေဆုံးမှု၏ ၂.၀၆ ရာခိုင်နှုန်းရှိသည်။ ဒါကာတက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်သူ မာဘဘ်ရှဟာန်းက မိမိကိုယ်ကို သေကြောင်းကြံစည်မည့်ပို့စ်တစ်ခုကို ၂၀၁၄ ဇွန်လ ၂ ရက်၊ ည ၇ နာရီ ၈ မိနစ်တွင်တင်ခဲ့သည်။ သူရေးခဲ့သည်မှာ - I am lying on...
ဂျမေကာ၊ သိပ္ပံ မိန်းကလေးများ
သခွားသီးဖျော်ရည် (ဟုခေါ်သည့် ဘလော့(ဂ်))မှ ဘလော့(ဂ်)ရေးသူ မိန်းကလေး)က သူ့အထက်တန်းကျောင်းဟောင်းမှ သိပ္ပံဓာတ်ခွဲခန်းအား အဆင့်မြှင့်တင်ရန်အတွက် ငွေကြေးရှာဖွေရန် အဘယ်ကြောင့် အရေးကြီးကြောင်းကို ရှင်းပြခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာသည် သူ့ကိုယ်သူယုံကြည်မှုရှိစေရန် လေ့လာခဲ့သော နေရာကြောင့်ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အမှန်စင်စစ် လေ့လာသင်ယူခြင်းသည် ချိတ်ဆက်နေသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် “မိန်းကလေးများသည်လည်း သိပ္ပံပညာရှင်များဖြစ်နိုင်ကြောင်းကို နားလည်ရန်” လိုအပ်သောကြောင့်ဖြစ်သည်။
တရုတ်၊ ကီးဘုတ် စူပါမင်းနှင့် အဲန်ဂရီး လူငယ်များ ၂.၀
အွန်လိုင်းတွင် ပြစ်တင်ရှုံ့ချသည့် အကြိမ်ပေါင်းများစွားရှိခဲ့သော်လည်း တရုတ်ပြည်ရှိ ဘေးထိုင်သူများသည် အဘယ်ကြောင့် ထူးခြားလာခြင်းမရှိသည်ကို OffbeatChina က မေးခွန်းထုတ်ခဲ့သည်။ အဖြေရှာရန်အတွက် ထိုဘလော့(ဂ်)ရေးသူသည် ကီးဘုတ်စူပါမင်းနှင့် အဲန်ဂရီး လူငယ် ၂.၀တို့၏ လက္ခဏာများကို လေ့လာခဲ့သည်။
ဂျပန်၊ ဂျပန်-ကိုးရီးယား အနာဂတ်ဆက်ဆံရေးကို အခမဲ့ပွေ့ဖက်ခြင်းများဖြင့် ပုံဖော်ကြည့်ခြင်း
ကိုရီးယားမှာ ဂျပန်လူငယ်တစ်ဦးက ရိုက်ခဲ့တဲ့ "အခမဲ့ပွေ့ဖက်ခြင်း" ဗီဒီယိုတစ်ခုက ဒီနွေရာသီမှာ စိတ်ဝင်စားစရာတစ်ခု ဖြစ်လာပြန်ပါတယ်။ ဖန်တီးတဲ့လူရဲ့ ရည်ရွယ်ရင်းကတော့ "ဂျပန်နဲ့ တောင်ကိုရီးယားအတွက် အနာဂတ်မျှော်လင့်ချက်ရှိတယ်ဆိုတာ သက်သေထူဖို့"ပဲ ဖြစ်ပါတယ်။ နေ့တိုင်း သတင်းဌာနတွေက တင်ပြနေတဲ့ နိုင်ငံနှစ်ခုကြားက ဆိုးရွားလာနေတဲ့ နိုင်ငံတကာ ဆက်ဆံရေးက နောက်ပိုင်းမှာ ငြင်းခုန်စရာဖြစ်လာနေပါတယ်။
ပီရူး၊ အိုတူဇကိုအတွက် အကူညီပေးရန် လူငယ်များ စုစည်း
ကမ္ဘာ့အသံရဲ့ ပါဝင်ပံ့ပိုးသူတစ်ဦးဖြစ်တဲ့ ဂယ်ဘီရီလာ ဂါစီယာ ကယ်(လ်)ဒရွန်က သူတူတော်သူက ပီရူးနိုင်ငံမြောက်ပိုင်း အိုတူဇကိုဒေသမှာရှိတဲ့ လူအစုအဝေးသုံးခုကို အကူအညီတွေယူသွားပေးဖို့ စတင်တဲ့ လှုပ်ရှားမှုအကြောင်းကို ဘလော့(ဂ်)ရေးထား[es]ပါတယ်။ ဒီတခုတ်တရမှတ်သားသင်တဲ့ စတင်လှုပ်ရှားမှုမှာ စေတနာ့ဝန်ထမ်းအနေနဲ့ပါဝင်နေတဲ့ လူငယ်အုပ်စုလေးက ဘယ်ထောက်ပံ့မျိုးမှ မပါဘဲ သူတို့ဘာသာလှုပ်ရှားနေတဲ့အကြောင်းကိုလည်း ထောက်ပြခဲ့ပါတယ်။