သတင်းဆောင်းပါးများ အာရှအလယ်ပိုင်းနှင့် ကော်ကေးရှဒေသ
လူမှုမီဒီယာဟာ အာဖဂန်နစ္စတန်မှာ အကြမ်းဖက်မှုကို ဆက်လက်တည်တံ့အောင် အကူအညီပေးနေသလား
"အသတ်ခံရတဲ့ ခရီးသည်တွေရဲ့ သွေးထွက်သံယိုဓာတ်ပုံတွေကို ဝေမျှနေသူတဲ့သူတွေက အသတ်ခံရတဲ့သူတွေရဲ့ မိသားစုတွေကို နာကျင်အောင်စိတ်ဆွပေးနေရုံသာမက တာလီဘန်တို့ရဲ့ ဝါဒါဖြန့်မှုကို မရည်ရွယ်ပဲ အထောက်အကူ ပြုနေသလိုဖြစ်နေတယ်။"
တာဂျစ်ကစ္စတန်ရှိ လိင်တူချစ်သူများအတွက် “အသေးစား အောင်မြင်မှု” ဖြစ်သော မင်္ဂလာဆောင်
တာဂျစ်ကစ္စတန်မှာ ပထမဆုံး ကိန်းကြီးခန်းကြီးမနိုင်တဲ့ လိင်တူချစ်သူလက်ထပ်ပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်။ တာဂျစ်လူမျိုး တော်တော်များများကတော့ အဲဒီလက်ထပ်ပွဲက "အနောက်နိုင်ငံတွေရဲ့ ဝါဒဖြန့်ခြင်း"လို့ ယူဆပြီး မကျေနပ်ကြပါဘူး။
တာဂျစ်ကစ္စတန်၊ ဟယ်လိုဝင်းသည် မျိုးချစ်များအတွက် မဟုတ်
တာဂျစ်ကစ္စတန်မှာ ဟယ်လိုဝင်းအကြောင်းသိသူ များများစားစားမရှိပါဘူး။ ဒါပေမဲ့လည်း နိုင်ငံတွင်းမှာ အားလပ်ရက်ပျော်ပွဲရွှင်ပွဲ ဆင်ယင်ကျင်းပမှုအနည်းငယ်က လူအချို့ကို မသက်မသာ ဖြစ်စေပါတယ်။ ဟယ်လိုဝင်းက တာဂျစ်(ခ်) ယဉ်ကျေးမှုကို အန္တရာယ်ပေးနေတဲ့ 'သူစိမ်းပြင်ပြင်' ရိုးရာတစ်ခုလား။ ဒါမှမဟုတ် 'အပြစ်မဲ့ ပျော်စရာဟာသ'သက်သက်လား
တာဂျစ်ကစ္စတန်၊ ဖေ့(စ်)ဘွတ်(ခ်)ပေါ်မှ နိုင်ငံခြားသားကြောက်ရွံ့မှု
(ကျွန်တော်တို့) ခင်ဗျားတို့ရဲ့ လူမှုအသိုင်းအဝိုင်း၊ ပိုပြီးတိတိကျကျပြောရရင် အင်တာနက်သုံးခွင့်ရှိပြီး လူမှုကွန်ယက်တွေကို တက်တက်ကြွကြွ အသုံးပြုနေတဲ့ ကျွန်တော်တို့ရဲ့ လူမှုအသိုင်းအဝိုင်းမှာ အခြေအနေမကောင်းတဲ့ မျိုးချစ် ယုံကြည်မှုတွေ ကျယ်ပြန့်ပြီး အားကောင်းလာနေတာကို မြင်မြင်နေရတယ်ဗျာ။ ဘလော့(ဂ်)ရေးသူတစ်ဦးဖြစ်တဲ့ ဟာဆဗွာ တာဂျစ်ကစ္စတန်မှာ အထူးသဖြင့် နိုင်ငံ၏ ဖေ့(စ်)ဘွတ်(ခ်)အသုံးပြုသူများအကြားတွင် မြင့်တက်လာသော နိုင်ငံခြားသားကြောက်ရွံ့မှုကို ချင့်ချိန်ပြခဲ့[ru]သည်။
တာဂျစ်ကစ္စတန်၊ တက္ကသိုလ်များမှ လာဘ်စားခြင်းနှင့် နက်(ခ်)တိုင်များ
အခုတော့ ကျောင်းသားတွေက တက္ကသိုလ်ဝင်ခွင့်ရဖို့ လာဘ်တွေပေးပြီး ဒီပလိုမာ ရရုံလေးပဲ စာသင်တယ်၊ ဒါပေမဲ့ စာသင်ခန်းတွေထဲမှာတော့ နက်(ခ်)တိုင်တွေကို ပျော်ပျော်ကြီး ဝတ်နေကြပါတယ်။ တယ်မူအာ မင်ဂလိ(ဗ်)က ဒီနှစ်ပိုင်းတွေမှာ တာဂျစ်ကစ္စတန် ကောလိပ်နဲ့ တက္ကသိုလ်တွေမှာ နေရာဝင်ယူလာတဲ့ အပြောင်းအလဲတွေအကြောင်းကို အနှစ်ချုပ်ပြ[ru]ထားပါတယ်။