
LGBT flag (Wiki image)
ကိန်းကြီးခန်းကြီး မနိုင်လှသော မင်္ဂလာဆောင်ငယ်တစ်ခုကို မကြာခင်က ဒူရှန်းဘယ်တွင် ကျင်းပခဲ့ သည်။ တာဂျစ်ကစ္စတန်နိုင်ငံတွင် မင်္ဂလာဆောင်များသည် ပုံမှန်အခမ်းအနားများဖြစ်သော်လည်း ဤအခမ်းအနားကမူ အရေးပါသော အကြောင်းခြင်းရာတစ်ခုကြောင့် ထူးခြားနေသည်၊ ပူပူနွေးနွေးလက်ထပ်ထားသည့် စုံတွဲ နှစ်ဦးလုံးမှာ အမျိုးသားများ ဖြစ်သောကြောင့်ဖြစ်သည်။ အသက် နှစ်ဆယ်ကျော်ခန့်ရှိကြသော လူငယ်လေးနှစ်ဦးက ၄င်းတို့သည် စုံတွဲအဖြစ် ပေါင်းဖက်နေထိုင်သွားရန် ရည်ရွယ်သည်ကို ကြော်ငြာရန် ထိုအခမ်းအနားကို ကျင်းပခဲ့ကြသည်။ တာဂျစ်ကစ္စတန်တွင် လိင်တူဆက်ဆံသည့် လူနည်းစုအား လက်ခံခြင်း မရှိသလောက်နည်းပါးကာ လိင်တူလက်ထပ်ခြင်းအား တရားဝင်မှတ်ပုံတင်ရန် နည်းလမ်းမရှိသော်လည်း ထိုသို့ ကျင်းပခဲ့ကြခြင်းဖြစ်သည်။
တွစ်တာတွင်၊ @gaytajikistan က ထိုပွဲအား အောက်ပါအတိုင်း ချီးကျူးဂုဏ်ပြု ခဲ့သည် -
Наша маленькая победа: Свадьба геев в Таджикистане http://t.co/Svg7OQvAKS #Таджикистан #лгбт
— Gay Tajikistan (@gaytajikistan) June 4, 2014
ကျွန်တော် တို့ရဲ့ အသေးစားအောင်မြင်မှုပဲ၊ တာဂျစ်ကစ္စတန်က လိင်တူချစ်သူ လက်ထပ်ပွဲ http://t.co/Svg7OQvAKS #Таджикистан #лгбт
သို့သော် အချို့ လူမှုကွန်ယက် အသုံးပြုသူများကမူ (မင်္ဂလာဆောင်အတွက်) အားရသော ခံစားချက် သိပ်မရှိခဲ့ကြပေ။ Blogiston ဆိုက်တွင်၊ ဆာဘာလန်းက ထိုသတင်းအား ဒေါသတကြီး တုံ့ပြန် ခဲ့သည်။ လိင်တူဆက်ဆံသူ အမျိုးသားများအား “သဘာ၀နှင့် ဆန့်ကျင်သူများ”ဟု ခေါ်ဝေါ်ခဲ့ပြီး နိုင်ငံတွင်းတွင် လိင်တူချစ်ခြင်းအား “အားပေးအားမြှောက်ပြုခဲ့ခြင်း”အတွက် အနောက်တိုင်းအား အပြစ်တင်ခဲ့သည်။
Я никогда не думал что доживу до такого дня когда в нашей родине содомиты будут проводить свадьбы и будут еще другим об этом говорить. Я ошибался. Оказывается и мы таджики попали под влияние запада и его политики поощрения всякой дряни.
ငါတို့နိုင်ငံမှာ စသဘာ၀နှင့်ဆန့်ကျင်သူတွေက မင်္ဂလာဆောင်တွေလုပ်ပြီး အဲဒီအကြောင်းကို တခြားလူတွေကို လိုက်ပြောနေတဲ့ နေ့ကို မျက်ဝါးထင်ထင်မြင်ရမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူးကွာ။ ငါတော်တော်မှားခဲ့တာပဲ။ ခုကြည့်ရတာ ငါတို့ တာဂျစ်တွေက အနောက်နိုင်ံငံတွေနဲ့ သူတို့တွေ ဒီလိုအစုတ်ပလုတ်မျိုးစုံကို အားပေးနေတဲ့ မူဝါဒတွေရဲ့ လွှမ်းမိုးမူအောက် ရောက်နေပြီ
သူက LGBT အသိုင်းအဝိုင်းသည် တာဂျစ်လူမှုအသိုင်းအဝိုင်း၏ တစ်စိတ်တစ်ပိုင်း မဟုတ်ဘဲ ၄င်းတို့အား ဖယ်ရှားရှင်းလင်းသင့်သည်ဟု ဆက်ပြော ခဲ့သည်။
Это даже читать противно. Не могу понять как эти содомиты позволили себе в нашей мусульманском обществе так себя вести и даже проводить свадьбу. Не могу понять как их родители и родственники не остановили их. Если об этом написали журналисты значит многие об этом знают.
Западные организации и посольства а также журналисты защищают содомитов. Многие наши граждане тоже подверглись их влиянию и теперь выступают за защиту этих нелюдей. Я думаю что нужно поднять вопрос с западными странами: если вам нужны такие люди и вы их защищаете, то забирайте себе. Пусть правительство даже деньгами поможет таким людям уезжать из Таджикистана навсегда. Им нет места в нашем обществе. Они не часть Таджикистана!
ဒီဟာကို ဖတ်ရတာ ရွံလိုက်တာ။ ဒီကောင်တွေ ဘာလို့များ ဒီလိုနေထိုင်ပြီး ငါတို့ မူဆလင် အသိုင်းအဝိုင်းမှာ မင်္ဂလာဆောင်တွေ လုပ်ရဲလဲဆိုတာ စဉ်းစားလို့ကို မရဘူး။ မိဘတွေ၊ ဆွေမျိုးတွေက ဘာလို့ မတားလဲဆိုတာလည်း နားမလည်နိုင်ဘူး။ သတင်းထောက်တွေက ရေးရင် လူတွေအများကြီး သိကုန်မှာပေါ့။
အနောက်နိုင်ငံတွေက အဖွဲ့အစည်းတွေ၊ သံရုံးတွေနဲ့ သတင်းထောက်တွေက ဒီကောင်တွေကို ကာကွယ်ပေးနေကြတယ်။ ငါတို့နိုင်ငံသားတွေကလည်း လွှမ်းမိုးခံရပြီးတော့ ဒီလူမဟုတ်တဲ့ဟာတွေကို အခုကာကွယ်ပေးနေကြပြီ။ ဒီလိုလူတွေကို သိပ်လိုချင်ပြီး ကာကွယ်ပေးနေချင်ရင် အဲဟာတွေကို ခေါ်သွားလို့ အနောက်နိုင်ငံတွေကို ပြောပစ်လိုက်သင့်တယ်။ ဒီလိုလူတွေကို တာဂျစ်ကစ္စတန်ကနေ ထာဝရ ထွက်ခွာသွားနိုင်အောင် အစိုးရကို ကူညီခွင့် ပေးလိုက်စမ်းပါ။ အဲလိုဟာတွေအတွက် ငါတို့ အသိုင်းအဝိုင်းမှာ နေရာမရှိဘူး။ သူတို့တွေက တာဂျစ်ကစ္စတန်ကကို မဟုတ်ဘူးကွ။
ဖော်ဖော်ဝါရီလတွင် ကမ္ဘာ့အသံ စာရေးသူ အစ္စကန်ဒါက ရေးခဲ့သကဲ့သို့ပင်၊
အာရှအလယ်ပိုင်းရှိ ရှေးရိုးဆန်သော နိုင်ငံတစ်ခုဖြစ်ပြီး လူဦးရေ၏ ၉၅ရာနှုန်းမှာ မူဆလင်များနေထိုင်ကြသော တာဂျစ်ကစ္စတန်ကို “လိင်တူချစ်သူများအတွက် ငရဲ”ဟု ဆိုကြသည်။ လူမှုကွန်ယက်များက နိုင်ငံတွင်းရှိ LGBTအသိုင်းအဝိုင်းအနေဖြင့် လိင်တူချစ်သူများကို မုန်းတီးသူများအား ပြန်လည်တွန်းကန်နိုင်ရန် ကူညီထောက်ပံ့ပေးနိုင်လာသည်။
အိုဇိုဒီ အသံလွှင့်ဌာနမှ တင်ဆက်သော ထိုမင်္ဂလာအခမ်းနာအကြောင်း အောက်တွင် ပေးကြသော မှတ်ချက် (comment) များမှာ အလွန့်အလွန် ဆန့်ကျင်ထားကြပြီး လူအများက LGBT အား “အနောက်တိုင်း ဝါဒဖြန့်မှု” များဟု ပြစ်တင်ခဲ့ကြသည်။ ဆုမွန်ကောင်းတောင်းပေးသူ တစ်ဦးတော့ရှိခဲ့ပါသည်။
Pozdravlyau so svadboy!!!!!!! jelau vsego samogo nailuchshego!!!!
eto ix sudba, ix jizn, kajdiy immet pravo jit kak on xochet! selyavi!
မင်းတို့ မင်္ဂလာဆောင်အတွက် ဂုဏ်ပြုပါတယ်။ အားလုံးအဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဒါသူတို့ ကံကြမ္မာပဲ၊ သူတို့ဘဝပဲ။ လူတိုင်းမှာ သူတို့ကြိုက်တဲ့ပုံစံနဲ့ နေထိုင်ခွင့်ရှိတယ်လေ။ C'est la vie! (ဘ၀ဆိုတာ ဒီလိုပါပဲ)။
အလက်ဇန္ဒား ဆိုဒီကော့(ဗ်)က ဤဆောင်းပါးရေးသားရာတွင် အားဖြည့်ကူညီခဲ့သည်။