သတင်းဆောင်းပါးများ ဘောဂဗေဒနှင့် စီးပွားရေး
မဒဂါစကားမှာ လည်ချင်တာလား
အများပြည်သူသုံးယာဉ်များနှင့် သွားလာလည်ပတ်ရန်မှာ အခက်အခဲတစ်ခုဖြစ်နိုင်သည်။ နိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေးအနေအထားမှာလည်း အိုမင်းဟောင်းနွမ်းနေပြီး အများပြည်သူသုံးယာဉ်များဟူ၍ အလွန်အမင်းပြည့်ကျပ်နေသော ဘတ်(စ်)ကားများနှင့် ဗဲန်ကားအသေးစားများသာရှိသည်။
ဂျမေကာ၊ လူနည်းစုက ဘယ်သူတွေလဲ
ဂျမေကာမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ ရင်နာစရာ ယုတ္တိမရှိတဲ့အဖြစ်အပျက်ကတော့ လူနည်းစုအမြောက်အများက နေရာတော်တော်များများက လူမှုပတ်ဝန်းကျင်တွေမှာ လူများစုကို ဗိုလ်ကျအနိုင်ကျင့်နေတဲ့ ကိစ္စပါပဲ။ ကာရိုလင်း ကူပါးက ဂျမေကာက တိုင်းရင်းသားပေါင်းစုံ စီမံကိုင်ကွယ်ရေးနဲ့ ပတ်သက်တဲ့ သူ့ကော်လံဆောင်းပါးကို တုံ့ပြန်ချက်တွေအပေါ် ပြန်ပြောဆိုလိုက်တာပါ။
တောင်ကိုးရီးယား၊ ဆမ်ဆောင်း၊ အမျိုးသားချန်ပီယံလား၊ လုပ်ငန်းမိစ္ဆာလား
သေချာတယ်၊ ဆမ်ဆောင်းကို တချို့တွေက အမျိုးသားချန်ပီယံလို့ မြင်ကြလိမ့်မယ်၊ ဒါပေမဲ့ စံပြုလုပ်ငန်းမိစ္ဆာလို့ မြင်မယ့်သူတွေလည်း အများကြီးပဲ၊ နောက်ပြီး အကြောင်းပြချက်မရှိဘဲ အဲလိုမြင်နေတာတော့ မဟုတ်ဘူး[en] အယ်ပဲ(လ်)နဲ့ ဖြစ်နေတဲ့ မူပိုင်ခွင့်အတွက် တရားရင်ဆိုင်မှုစစ်ပွဲမှာ ဆမ်ဆောင်းကို ထောက်ခံအားပေးသူ တောင်ကိုးရီးယားလူမျိုးတွေရှိနေသေးတယ်ဆိုတာကို ပြတဲ့ စစ်တမ်းတစ်ခုအကြောင်း ရောဘတ် ကိုအယ်ဟလာက သူ့ဘလော့(ဂ်)မှာ ရေးသွားတာပါ[en]။ အဲဒီစာနဲ့ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ဆွေးနွေးမှုတွေကို ဒီမှာကလစ်နှိပ်ပြီး[en]...
မြန်မာ၊ သဘာဝဘေးအန္တရာယ်များကြောင့် အာမခံဝယ်ယူသူများပြား
တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် အရမ်းနည်းနေသေးပေမဲ့လည်း မြန်မာပြည်မှာ သဘာဝဘေးအန္တရာယ်တွေကြောင့် အာမခံဝယ်ယူသူတွေများလာတဲ့အကြောင်းကို ကိုကိုအောင်က ဘလော့(ဂ်)ရေးသားထားပါတယ်။
အာဖရိကအတွင်း တရုတ်လက်နက်များ အလွန်အမင်းများပြားနေ
အာဖရိကမှာရှိတဲ့ တရုတ်က ဒီဘိုရာ ဘရောတီဂမ်က အာဖရိကနိုင်ငံတွေကို တင်သွင်းတဲ့ တရုတ်လက်နက်တွေအကြောင်း နောက်ခံအချက်အလက်တွေကို ဖော်ပြသွားပြီးတော့ လက်နက်ရောင်းဝယ်ဖောက်ကားမှုရဲ့ အဓိကအပိုင်းက ပုဂ္ဂလိကနယ်ပယ်ကဖြစ်တယ်လို့ ရှင်းပြသွားပါတယ်။ လူတိုင်းသိတဲ့ လစ်ဗျားကိစ္စမှာ ကျွန်တော်တို့ တွေ့ခဲ့ရသလိုပဲ သူတို့ကိုယ်ပိုင် စာရင်းဇယားတွေနဲ့ တရုတ်ကုမ္ပဏီတွေက “ကမ္ဘာ့အနှံခြေဆန့်”နေပြီးတော့ လက်နက်တင်ပို့ရေး ဆုံးဖြတ်ချက်တွေနဲ့ ရောင်းချရေးတွေကို လုပ်နေပုံပါပဲ။
ဖိလစ်ပိုင်၊ ပလပ်စတစ်မသုံးရ နေရာပြ မြေပုံ
ဂူဂဲ(လ်)မြေပုံစာမျက်နှာတစ်ခုက စီးပွားရေးလုပ်ငန်းတွေမှာ ပလပ်စတစ်အသုံးပြုတာကို တားမြစ်ထားတဲ့ ဖိလစ်ပိုင်နိုင်ငံထဲက မြို့တွေနဲ့ မြို့နယ်တွေကို ပြထားပါတယ်။
တောင်ကိုရီးယား၊ အငြင်းပွားဖွယ် အွန်လိုင်းတေးဂီတဗီဒီယို သတ်မှတ်ချက်စနစ် စတင်
တောင်ကိုးရီးယား အာဏာပိုင်များက အွန်လိုင်းပေါ်တင်တဲ့ ဂီတဗီဒီယိုတွေအတွက် အဆင့်သတ်မှတ်ချက် စနစ်အသစ်တစ်ခုကို စတင်လိုက်ပါတယ်။ ဒီဥပဒေအသစ်က ဂီတဗီဒီယိုတိုင်း (ဒါမှမဟုတ် အရောင်းမြှင့်တင်ရေး ဗီဒီယိုတိုင်း)နဲ့ ရုပ်ရှင်ထွေလာတွေကိုတောင် မတင်ခင် အဆင့်သတ်မှတ်ဖို့လိုတယ်လို့ ဆိုပါတယ်။ ဒီလိုလုပ်ဖို့ ပျက်ကွက်ရင် ထောင်ဒဏ်နှစ်နှစ် ဒါမှမဟုတ် အတော်ကြီးတဲ့ ဒဏ်ကြေးငွေကို ပေးဆောင်ရနိုင်ပါတယ်။