တောင်ကိုရီးယား အာဏာပိုင်များသည် အွန်လိုင်းတွင်တင်နေသော ဂီတဗီဒီယိုများအတွက် အဆင့်သတ်မှတ်ချက်စနစ်အသစ်တစ်ခု[en]ကို စတင်လိုက်သည်။ ထိုစနစ်အသစ်အရ ဂီတဗီဒီယိုတိုင်း[en]နှင့် (သို့မဟုတ် အရောင်းမြင့်တင်ရေး ဗီဒီယို) ရုပ်ရှင်ထွေလာများကိုပင်လျှင် မတင်မီတွင် အဆင့်သတ်မှတ်ရမည် ဖြစ်သည်။ ထိုသို့ပြုလုပ်ရန် ပျက်ကွက်ပါက ထောင်ဒဏ်နှစ်နှစ် သို့မဟုတ် ကြီးလေးသော ဒဏ်ကြေးငွေကို ဆောင်ရမည်ဖြစ်သည်။
အနုပညာရှင်များနှင့် တောင်ကိုရီးယား အင်တာနက်အသုံးပြုသူများက လူမှုရေးရာအကြောင်းအရာများအတွက် ပြုပြင်ထားသော ဆင်ဆာပုံစံတစ်မျိုးဖြစ်ပြီး လွတ်လပ်စွာဖော်ပြခွင့်ကို ဆန့်ကျင်နေသည်ဟု တံဆိပ်ကပ်ပေးလိုက်ကြသည်။ ၂၀၁၂ခုနှစ်၊ ဩဂုတ်လ ၁၈ရက်နေ့မှစ၍ ထိုစနစ်ကို အတည်ပြုလိုက်ခြင်းဖြစ်သည်။
အွန်လိုင်းနယ်ပယ်သို့ ချဲ့ထွင်လာသော ဆင်ဆာဖြတ်ခြင်း
ယခင်က ရုပ်မြင်သံကြားဌာနများသာလျှင် ဂီတဗီဒီယိုများ ထုတ်လွှင့်ပြသမှုအတွက် တာဝန်ရှိခဲ့ပြီး ဥပဒေအသစ်မှာ ယူကျူ့၊ ဘလော့(ဂ်)များနှင့် အင်တာနက် ကြော်ငြာဘုတ်များအပါအဝင် အွန်လိုင်းနယ်ပယ်တွင် ထုတ်လွှင့်သမျှ ဗီဒီယိုကားအားလုံအတွက် ဆင်ဆာဖြတ်ခြင်းကို သက်ရောက်စေသည်။ ထိုဥပဒေသည် အကျိုးအမြတ်အတွက်မဟုတ်သော အဖွဲ့အစည်းများ၏ ဗီဒီယိုများနှင့် အမျိုးမျိုးသော ဂီတနှင့် ဗီဒီယိုအတိုကားငယ်များအတွက်ပင် အကျုံးဝင်သည်။
အာဏာပိုင်များက ယင်းကန့်သတ်ချက်အသစ်သည် လူငယ်များနှင့် လွှမ်းမိုးခံရလွယ်သော ပရိသတ်များအား မတင့်တယ်သော (သို့မဟုတ်) အကြမ်းဖက် ဂီတဗီဒီယိုများ စီးဆင်းမှုမှ ကာကွယ်ပေးရန် ဖြစ်သည်ဟု ငြင်းချက်ထုတ်ခဲ့သည်။ အချို့က ခန့်မှန်းသည်မှာ[ko] ကိုရီယားမီဒီယာ အဆင့်သတ်မှတ်ရေး ဘုတ်အဖွဲ့က “၁၉နှစ်အောက် ကလေးများ မကြည့်ရ”ဟု သတ်မှတ်ထားသော ဗီဒီယိုများကို လူထုပရိသတ်များ မကြည့်နိုင်စေရန် စတင်လုပ်ဆောင်ပြီး အရှည်တွင် (မီဒီယာကျွမ်းကျင်သူ တစ်ဦး စိတ်ပူပန်သကဲ့သို့) နိုင်ငံသားတိုင်းကို အွန်လိုင်းသို့ မည်သည့်အရာတင်သည်ဖြစ်စေ မတင်မီတွင် ခါင့်ပြုချက်တောင်းခံစေရန် (သို့မဟုတ်) အနည်းဆုံး ခွင့်ပြုချက်ကို ထည့်သွင်းစဉ်းစားစေရန် ဆောင်ရွက်လိမ့်မည် ဟူ၍ဖြစ်သည်။
တေးဂီတ အရောင်းမြှင့်တင်ရေးနယ်ပယ်တွင် အလုပ်လုပ်နေပြီး အသက်(၂၈)ရှိပြီးဟု မိမိကိုယ်ကိုယ်ဖော်ပြထားသော အင်တာနက် အသုံးပြုသူတစ်ဦးက သတ်မှတ်ချက်စနစ်ကို ဆန့်ကျင်သော အွန်လိုင်းဆန္ဒထုတ်ဖော်မှု[ko]ကို စတင်ဆောင်ရွက်ခဲ့သည်။ ထိုဆန္ဒထုတ်ဖော်မှုသည် ထောက်ခံသော လက်မှတ်ပေါင်း ၁၀၀၀၀ကျော် စုစည်းရရှိထားပြီး ဖြစ်သည်။ ထိုဆန္ဒထုတ်ဖော်မှုတွင် ဖော်ပြထားသည်မှာ
지금 대한민국의 실태는 민주주의가 그리 크게 보여지지 않고 있습니다. 표현의 자유에 대한 무차별적인 탄압. 무엇만 하면 청소년 유해매체 지정. 납득이 안가는 사유로 창작 예술인들의 사기를 꺽어버리고 있습니다. 그러던 도중 공산주의국가에서나 벌어질법한 법이 계정되었습니다. 바로 영등위에서 공포한 ‘뮤직비디오 등급분류제도‘ 입니다.[…] 검열을 거치지 않은 뮤직비디오를 게시할경우엔 벌금 2000만원이나 징역2년 이하의 처벌을 받게된다고 합니다. 우리나라의 음주운전의 최고형은 벌금 1천만원에서 징역 1년 정도 입니다.그런 범죄를 저지른 사람들보다 못한 취급을 받게 되었습니다.[…] 이거 마저 그냥 넘기면 나중엔 공연포스터,앨범의 자켓,공연티켓 까지 검열을 받는 법이 생겨나지 않으리라는 장담하지 못합니다.
ထိုအင်တာနက်အသုံးပြုသူက ဇူလိုင်လလယ်တွင် ထိုပြစ်ဒဏ်အသစ်အကြောင်း ရှင်းပြသောပွဲတစ်ခုကျင်းပခဲ့သည်ဟု အာဏာပိုင်များကဆိုသော်လည်း ဂီတပညာရှင်အများစုမှာ ထိုပြစ်ဒဏ်အကြောင်း မသိရှိခဲ့ဟုလည်း ဖော်ပြခဲ့သည်။
ရှင်းလင်းသော အဓိပ္ပာယ်ဖွင့်ဆိုချက်ဆိုပါလား
ထိုဥပဒေအသစ်သည် လူတိုင်းကို ထိခိုက်နို်ငသည်ဟု စိုးရိမ်မှုများအပေါ်တွင် အာဏာပိုင်များက ထိုလုပ်ထုံးလုပ်နည်းအသစ်သည် ”စီးပွားရေးအတွက်မဟုတ်သော တစိဦးချင်း”ကို သက်ရောက်လိမ့်မည်မဟုတ်ဟု ထည့်သွင်းပြောဆိုထားသည်။ သို့ရာတွင် ရုန်းကန်နေရသော ကိုယ်ထူကိုယ်ထ ဂီတအနုပညာရှင်များကမူ ပြောင်းလဲရန် ထောင်းဆိုထားကြသည်။ အဆိုတော်၊ တေးရေးဆရာ လီယွန်ဟွတ်(ခ်)က ”စီးပွားရေးအတွက်မဟုတ်သော တစိဦးချင်း”ဆိုသည်ကို မည်သို့ပြဌာန်းထားကြောင်းနကို မေးခွန်းထုတ်ခဲ့ပြီး “ဂီတ ဗီဒီယို”အတွက် ရှင်းလင်းသော အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့သည်။
적용 대상이 ‘사업자’ 입니다. 일단 여기부터가 좀 애매해 지는게. 홍대 쪽에서 활동하는 아티스트형 음악가들의 경우, 정규 유통과정을 통해 음반을 발매하고 영리활동이 이루어 진다면 사업자로 분류될 수 있다고 합니다[…] 음악가가 ‘사업자'로 분류된다면 그들에 의해 기획/제작된 모든 음악 실연영상 등이 심의 대상이 될 수 있습니다. […]현재 ‘뮤직비디오'에 관한 법률적 정의는 없고 음악영상물(음원의 내용을 표현하기 위해 당해 음원에 영상이 포함되어 제작된 것)이라고 표현되어 있는데, 이는 통상적인 뮤직비디오를 포함하지만, 법 집행을 엄격하게 한다면 아티스트의 자유로운 연주와 퍼포먼스를 담은 영상까지도 포함될 수 있는 여지가 있습니다. 이렇게 되면 정말 곤란해지는게… 홍대씬에서 쏟아져 나오는 공연실황, ucc, 기타 영상물들을 합하면 수가 어마어마 할텐데[…] 유투브의 제제는 어렵지만 업로드한 사업자에 관해서는 제제를 하겠다고 합니다. 벌금 물린단 얘기겠죠? 돈 없어서 잡혀가는 사람도 생기겠군요.
တွစ်တာအသုံးပြုသူ @romantic_ct complains [ko]က ပြသခွင့်ကြေးနှင့်ပတ်သက်၍ ပြောထားသည်မှာ၊
뮤직비디오 사전 등급 분류 심의 제도. 강제성을 띄고 심의를 거치지 않을시, 벌금등의 압박을 표면에 드러내놓고선 심의 수수료를 받네요? 강제로 돈내고 심의를 받으라니. 이거 왠 개적같은 상황입니까. 방송심의 대행하는 곳조차 심의 수수료같은건 없어요.
တေးဂီတနယ်ပယ်မှာ နစ်နာထိခိုက်ခံရနေပြီ ဖြစ်သည်။ ထိုအသိုင်းအဝိုင်းမှ အထင်ရှားဆုံး အထူးပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ဝိုင်ဂျီဖျော်ဖြေရေး၏ ဥက္ကဋ္ဌလည်းဖြစ်သူ ယန်ဟယွန် ဆော့(ခ်)က အခွေမထုတ်ဝေမီ သိုမ့မဟုတ် ရုပ်မြင်သံကြားမှ မထုတ်လွှင့်မီတွင် ထွေလာကားတိုများဖြင့် အရောင်းမြှင့်တင်ရာမှစ၍ ထုတ်လုပ်ရေး အစီအစဉ်ကို ထိုစနစ်အသစ်က ထိခိုက်နိုင်ကြောင်း စိုးရိမ်ပူပန်မှုကို ထုတ်ပြခဲ့[ko]သည်။
အချိုကအင်တာနက် အသုံးပြုသူများက နာမည်ကျော် အဆိုတော်တစ်ဦးဖြစ်သူ ဂျီဒရယ်ဂွန်၏ အခွေအသစ် ထုတ်ဝေမှုကို ဥပဒေအသစ်က ရွှေ့ဆိုင်းလိုက်ခြင်းကို ထုတ်ဖော်ခဲ့[ko]သည်။ လူအများက ကာကွယ်ပေးမည့် အေဂျင်စီမရှိသည့် အင်အားနည်းသော ဂီတပညာရှင်ငယ်များအတွက် မည်သို့ဖြစ်လာနိုင်သည်ကို ပို၍ ပူပန်လာကြသည်။