အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

သတင်းဆောင်းပါးများ ပတ်ဝန်းကျင်

ကမ္ဘာပေါ်တွင် အခြောက်သွေ့ဆုံးနိုင်ငံတစ်ခုဖြစ်သော အစ္စရေးဟာ ယခု ရေများပြည့်လျှံ စိမ်းလမ်းနေပြီ

သိပ္ပံပညာရှင်များ နှင့် အခြား ပညာရှင်များသည် ရေချိုပြုလုပ်ခြင်းအား ရန်သူဟောင်းကြီးများကို အကြောင်းတစ်ခုတည်းနှင့် စည်းလုံးစေမည့် နည်းလမ်းအဖြစ် ရှာဖွေနေကြသည်။

အယ်နီညို ဖြစ်စဉ်ကို ရင်ဆိုင်ရနိုင်သည့်အတွက် နိုင်ငံအချို့ အရေးပေါ်အခြေအနေအဖြစ် ကြေညာ

  21 ဇန်နဝါရီ 2016

"အယ်နီညိုဖြစ်စဉ်နှင့် လူသားများကြောင့် ဖြစ်ပေါ်လာသော ရာသီဥတုပြောင်းလဲမူများသည် ကျွန်တော်တို့အရင်က မကြုံခဲ့ရဖူးသေးသော အခြေအနေ ပုံစုံမျိုးဖြင့် အပြန်အလှန် အကျိုးသက်ရောက်နိုင်ကြပြီး ပြောင်းလဲသွားစေနိုင်ပါတယ်။ အယ်နီညိုက အပူချိန်ကို ပိုပိုပြီး မြင့်တက်လာစေပါတယ်"

ဖွံ့ဖြိုးဆဲနိုင်ငံများရှိ သေဆုံးမှု၏ အဓိက အကြောင်းတရားသည် သင့်ကို အံ့အားသင့် စေမည်

  27 နိုဝင်ဘာ 2015

အဟာရ မမျှတမှုလား။ အာဟာရချို့တဲ့မှုလား။ ငှက်ဖျားလား။ တခုမှ မဟုတ်။ ကမ္ဘာတစ်ဝန်းမှာ တိုးတက်ဆဲနိုင်ငံများတွင် တိတ်တစိတ် လူသတ်နေသော ကြောက်စရာ လူသတ်သမားကို အာရုံစိုက်ဖို့ အချိန်တန်နေပါပြီ။

လက်ဘနွန်တွင် အမှိုက်သရိုက် ကပ်ဘေး ပြဿနာကို နည်းလမ်းအဆန်းများနှင့် ဆန္ဒပြ

လက်ဘနွန်နိုင်ငံသားများဟာ သူတို့ရဲ့ အဆန်းထွင်ပုံနှင့် ဟာသကို ဆန္ဒပြရာမှာ အသုံးပြုခဲ့ပါတယ်။ လူအယောက် နှစ်သောင်းကျော်ဟာ လွန်ခဲ့တဲ့ တပတ်က ဘေရုမြို့ရဲ့ လမ်းမများပေါ်မှာ သင်္ကေတမျိုးစုံနှင့် ချီတက်ခဲ့ကြပါတယ်။

မော်​ရီ​တေး​နီး​ယား၊ မြေ​ပြို​မှု​ကြောင့် လူ​ပေါင်း​များ​စွာ အိမ်​ခြေရာ​မဲ့​ဖြစ်

အခု​တ​လော မိုး​သည်းထန်​စွာ​ရွာ​သွန်း​မှု​ကြောင့် ဖြစ်ပွား​ခဲ့​တဲ့ မြေ​ပြို​မှု​တွေ​ကြောင့် မော်​ရီ​တေး​နီး​ယား​ဒေသ​တွေ​မှာ ရာ​နဲ့​ချီ​တဲ့ မိသား​စု​တွေ​ဟာ ဇူလိုင်​လ အကုန်​က အိမ်​ခြေရာ​မဲ့​ဖြစ်​ခဲ့​ပါ​တယ်။ မြေ​ပြို​မှု​ကြောင့် မြို့သူ​မြို့​သား​တွေ​ရဲ့ အိုး​အိမ်​တွေ ပျက်စီး​ပြီး​နောက်​မှာ ကာ​အယ်​ဒီ (မော်​ရီ​တေး​နီး​ယား တောင်​ဘက်)၊ မက်(ခ်)တာ​အာ လာ​ဂျာ​နှင့် အလက်(ဂ်) (မော်​ရီ​တေး​နီး​ယား အလယ်​ပိုင်း) နဲ့ နေ​မာ (မော်​ရီ​တေး​နီး​ယား အရှေ့​ပိုင်း)မှာ​ရှိ​တဲ့ ရာ​နဲ့​ချီ​တဲ့ အိမ်ထောင်​စု​တွေ​ဟာ အိမ်​အမိုး​တွေ မ​ရှိ​တော့​ဘဲ အိမ်ရာ ဆုံးရှုံး​ခဲ့​ရ​ပါ​တယ်။ အာ​မက် ဂျယ်​ဒို​က ဘာ​တွေ​ဖြစ်​ခဲ့​တာ​လဲဆို​တာ​နဲ့ ပြောဆို​ကြ​တာ​တွေ​ကို စုစည်း​တင်ပြ​ထား​တာ​ပါ။

ဘို​လီး​ဗီး​ယား၊ လာ​ပတ်(ဇ်)တွင် ရေ​ဒီ​ယို​သတ္တိ​ကြွ ယူ​ရေ​နီ​ယမ်​များ ဖမ်းဆီး​ရမိ

  9 စက်တင်ဘာ 2012

'@renanjustiniano၊ မနေ့​က​တွေ့​ခဲ့​တဲ့ ဓာတ်​သတ္တု​တွေ​သာ #uranio (ယူ​ရေ​နီ​ယမ်) ဖြစ်​နိုင်​တယ်​ဆို​ရင် ပထမ​ဆုံး​လုပ်​ရ​မှာ​က ရေ​ဒီ​ယို​သတ္တြွိ​က၊ မ​ကြွ​ကို စမ်းသပ်​ရ​မှာ၊ သ​တင်း​ထောက်​တွေ​ဆီ သ​တင်း​ထုတ်ပြ​ရ​မှာ မဟုတ်​ဘူး။' ၂​ဝ​၁​၂ ခု​နှစ် သြ​ဂုတ်​လ (၂​၈) ရက်​နေ့​မှာ ဘို​လီး​ဗီး​ယန်း​တာဝန်ရှိ​သူ​များ​က ယူ​ရေ​နီ​ယမ် ဒါ​မှ​မဟုတ် ရေ​ဒီ​ယို​သတ္တိ​ကြွ​ဓာတ်​သတ္တု​တွေ​လို့ ယူဆ​ရ​တဲ့ သတ္တု( ၂) တန်​ကို ဖမ်းဆီး​ရ​ရှိ​ခဲ့​ပါ​တယ်။ ရေ​ဒီ​ယို​သတ္တြွိ​က​ပစ္စည်း​များ​ဖြစ်​နိုင်​တယ်​ဆို​တဲ့ သံသယ​ကတော့ ရှင်း​ရှင်းလင်း​လင်း မ​ရှိ​ခဲ့ပါဘူး။

ထိုင်း၊ မယ်ဝန်ဆည်ကို ရပ်တန့်ရေး တောင်းဆိုလှုပ်ရှားမှု

  7 စက်တင်ဘာ 2012

ဒီရူးနှမ်းတဲ့ ဆည်စီမံကိန်းကို ရပ်ပေးပြီး မယ်ဝန်အမျိုးသားဥယျာဉ်က တန်ဖိုးရှိတဲ့ ကျားမျိုးနွယ်တွေကို ထိန်းသိမ်းပေးပါ။ ဒီအဆိုတင်သွင်းချက်ကတော့ မျိုးတုံးတော့မယ့် ကျားမျိုးနွယ်တွေကို ကာကွယ်ဖို့အတွက် မယ်ဝန်ဆည်စီမံကိန်းကို ရပ်ဖို့အတွက် ထိုင်းအစိုးရကို တောင်းဆိုတဲ့ လှုပ်ရှားမှုကပဲ ဖြစ်ပါတယ်။

ဖိလစ်ပိုင်၊ ပလပ်စတစ်မသုံးရ နေရာပြ မြေပုံ

  4 စက်တင်ဘာ 2012

ဂူဂဲ(လ်)မြေပုံစာမျက်နှာတစ်ခုက စီးပွားရေးလုပ်ငန်းတွေမှာ ပလပ်စတစ်အသုံးပြုတာကို တားမြစ်ထားတဲ့ ဖိလစ်ပိုင်နိုင်ငံထဲက မြို့တွေနဲ့ မြို့နယ်တွေကို ပြထားပါတယ်။

တောင်​အာ​ရှ၊ ရေ​ကိစ္စ​နှင့် ပတ်သက်​၍ ဘ​လော့ဂ်​ရေး​သူ​များ ဆွေးနွေး​ချက်

  16 အောက်တိုဘာ 2010

တောင်​အာ​ရှ​ဘ​လော့ဂ်​ရေး​သူ​များ​စွာ​သည် “ရေ”ကို အသား​ပေး​သော ၂​၀​၁​၀ ဘ​လော့ဂ်​လှုပ်ရှား​မှု​နေ​တွင် ပါဝင်​ခဲ့​ကြ​သည်။ ၎င်း​တို့ မည်သို့​ဆွေးနွေး​ခဲ့​သည်​ကို လေ့​လာ​ကြည့်​ကြ​ပါ​စို့။