ဘလော့ဂ်လှုပ်ရှားမှုနေ့ သည် အောက်တိုဘာလ ၁၅ရက်၌ အကြောင်းအရာတစ်ခုတည်းနှင့် ပတ်သက်သည်ကို တစ်နေ့တည်းတွင် ရေးသားလွှင့်တင်ကြသော ကမ္ဘာဘလော့ဂ်ရေးသူများစုစည်းပြီး နှစ်စဉ်ကျင်းပသော အစီအစဉ်တစ်ခုဖြစ်သည်။ ယခုနှစ် လှုပ်ရှားရန် အကြောင်းအရာမှာ “ရေ”ဖြစ်သည်။ တောင်အာရှမှ ဘလော့ဂ်ရေးသူ များစွာသည်လည်း ဤအစီစဉ်တွင် ပါဝင်ခဲ့ကြသည်။ မည်သည့်အကြောင်းအရာများအား ဆွေးနွေးပြောဆိုခဲ့သည်ကို ကြည့်ကြည့်ကြပါစို့။
![color of india [640x480]](https://globalvoicesonline.org/wp-content/uploads/2010/10/color-of-india-640x480.jpg)
အိန္ဒိယ၊ မာမယ်လပူရမ်တွင် ရေဖြည့်ရန် အိုးများ တန်းစီထားသည်ကို တွေ့ရစဉ်။ ဖလစ်ကာအသုံးပြုသူ mckaysavage ၏ ဓာတ်ပုံ။
အိန္ဒိယ
Wandering Mist မွ အစ်ရှ်ရတ်သ္ ရေးခဲ့သည်မှာ၊
အိန္ဒိယမှ ရေသည် သမ္မုတိဝိရောဓိသဘောဖြစ်သည်။ နိုင်ငံ၏ အကျယ်အဝန်းအတွက် အစဉ်အမြဲ အကျိုးနဲ့ အပြစ် ဖြစ်လာခဲ့သည်။ မြောက်အိန္ဒိယက ရေကို မွေးထုတ်ပေးသည်။ တောင်အိန္ဒိယက စီးဆင်းလာသော မြစ်များအတွက် တိုက်ခိုက်သည်။ အနောက်မြောက်အိန္ဒိယမှာမူ ရေပြတ်လပ်နေသော သဲကန္တာရဖြစ်နေသည်။ ထို့အပြင် အရှေ့ပိုင်း အိန္ဒိယကမူ မည်သို့မျှ အကူအညီမပေးနိုင်သော အမြင့်ဆုံး မိုးရေချိန်ကို ပိုင်ဆိုင်နေပြန်သည်။
၎င်း အချက်များအပြင် အိန္ဒိယရှိ ရေဒုက္ခများတွင် သန့်ရှင်းသောရေမရခြင်း၊ မလုံလောက်ခြင်း၊ လက်သင့်မခံခြင်း၊ လာဘ်စားခြင်း၊ သယ်ယူရခက်ခြင်း၊ သုံးစွဲခြင်း၊ သေဆုံးမှုနှင့် ရောဂါများ၊ ညစ်ညမ်းခြင်း၊ ရေကိုမှီခိုနေသော တာဝန်မကျေသော စက်မှုလုပ်ငန်းများ နှင့် အခြားအကြောင်းချက်များစွာ ပါဝင်နေသည်။
ကျွန်တော် တို့သည် ရေအစရှိသော သဘာဝရင်းမြစ်များကို အလွဲမသုံးဘဲ ကောင်းစွာအသုံးပြုသော အစီအစဉ်တကျဘဝကို မေ့နေခဲ့ရပြီ။ ထိုအချိန်က အဆုံးမရှိနိုင်သော ရေချိုးခန်းမှ ရေပန်းများ၊ ရေနွေးရေချိုးကန်များ၊ မိုးရေအောက်မှ ပျော်ပွဲရွှင်ပွဲများ၊ သို့မဟုတ် လျှော်ဖွပ်နေချိန်းအတွင်း ရေလာနေသည်ကို သိနိုင်ရန်ဖွင့်ထားသော ရေကန်ကြီးများ မရှိခဲ့ပါ။ ရေကို သုံးစွဲမှုအလိုက် အချိုးချခဲ့ကြသည်။ အိမ်တိုင်းက ရေရရှိရန် တွင်းတူးခဲ့ရချိန်တွင် ၂၄နာရီ ၇ရက် ရေပေးရမည်ဆိုသော အယူအဆများလည်း မရှိခဲ့ပါ။ ကျွန်တော်တို့သည် ဗဟုသုတ၊ အသိတရားနှင့် တာဝန်ကျေမှုတို့ကို သုံး၍ ကမ္ဘာမြေကြီးအား လောကငရဲအဖြစ်သို့ ပြောင်းပစ်နေကြခြင်းသာ ဖြစ်သည်။
ဒေလီစိမ်းလန်းရေးမှ အာစ်သ ကူကရီတီက ရေကိုထိန်းသိမ်းသုံးစွဲရန် နည်းလမ်း၂၅သွယ်ကို ပေးခဲ့ပါသည်။ အဘ္ဟ မိဒက သတင်းပေးရေးသားခဲ့သည်မှာ
အိန္ဒိယတွင် ဆူလဘ် လှုပ်ရှားမှု သည် လူမှုလုပ်ငန်း တော်လှန်ရေးကို ယူဆောင်လာပေးသည်။ ဒေါက်တာ ဘင်ဒတ်ရှ်ဝါ ပသတ်က်က စတင်ခဲ့ပြီးနောက်တွင် ဆူလဘ်ရှိ အိမ်သာများသည် ဈေးနှုန်းသက်သာပြီး ပတ်ဝန်းကျင်ထိန်းသိမ်းနိုင်သော နည်းလမ်းကို ပေးစွမ်းနိုင်ခဲ့ခြင်းပင် ဖြစ်သည်။
နီပေါ၊
ဘုမိက ဂီမိုင်းယားက နီပေါနိုင်ငံ၏ ရေအကြောင်းကို မီးမောင်းထိုးပြခဲ့သည်မှာ၊
ရေ အကျပ်အတည်းသည် နီပေါ၏ ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် တိုက်ရိုက်သက်ဆိုင်နေပါသည်။ ခတ္တမန္ဒုမြို့တော်တွင် တစ်ပတ်လျှင် ခြောက်ရက် ရေမရရှိသောနေရာများစွာ ရှိပြီး တစ်ဆင့်ခံဝယ်လက်များထံမှ ဝယ်ယူရန်ဖြစ်စေ၊ ရေသန့်ရှင်းမှုကို စောင့်ကြည့်စစ်ဆေးခြင်းမပြုနိုင်သော ဒေသတွင်းရေတွင်းများနှင့် မြစ်များကို အားထားရန်ဖြစ်စေ ဖိအားပေးခံနေရသည်။
အုဂ်ျဝယ် အချာယက ကျွန်ုပ်တို့၏နေ့စဉ်ဘ၀နှင့် ရေဆက်စပ်နေပုံကို ဖော်ပြသော ပုံတစ်ပုံကို တင်ခဲ့သည်။
ပါကစ္စတန်၊
ပြီး ခဲ့သောရာစုနှစ်များတွင် ပါကစ္စတန်သည် အဆိုးဆုံးရေကြီးမှုနှင့် ကြုံတွေ့ခဲ့ရသော်လည်း ယင်းဒေသအချို့သည် ခြောက်သွေ့ကာ သဲကန္တာရပုံပြောင်းခြင်းနှင့် ရင်ဆိုင်နေရသည်။ ပါကစ္စတန်၊ ဘယ်လိုချိစတန်မှ ဒေသခံမိန်းကလေးတစ်ဦးဖြစ်သော ခလီထ ဘရိုဟိက ဒေသခံများသည် ရာသီဥတုပြောင်းလဲခြင်းအား ပထမဆုံးနှင့် အဆိုးဆုံးရင်ဆိုင်ရကြောင်းကို မှတ်စုပြုခဲ့သည်မှာ၊
ဘယ် လိုချိစတန်၏ ရိုးရာနေထိုင်မှုပုံစံနှင့် စိုက်ပျိုးမြေများကို အသုံးပြုပုံတို့သည် တဖြည်းဖြည်းနှင့် ပြောင်းလဲလာနေခဲ့သည်။ ခူရှ်ကဘ နှင့် ဆိုင်လဘတို့၏ စိုက်ပျိုးရေးနည်းလမ်းနှစ်ခုမှာ လမ်းလွှဲခံလာရသည်၊ ရေကြီးသည့်ရေများကို စိုက်ပျိုးမြေများတွက် အသုံးပြုရန် နည်းလမ်းမှာ အလုပ်ဖြစ်ခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ရေလွှမ်းမိုးမှုသည် လားရာပြောင်းသွားခဲ့ပြီး ယခုအခါ ပညာရှင်များပင်လျှင် မည်သည့်ဒေသသည် ရေလွှမ်းမိုးခံရမည်ကို ခန့်မှန်းနိုင်ခြင်း မရှိတော့ဘဲ ဘာလုချိစတန်တောင်ကြားရှိလူများအတွက် ကောင်းချီးဖြစ်ခဲ့ဖူးသော တောင်တန်းများသည် ယခုအခါ သဘာ၀ဘေးအန္တရာယ်၏ အန္တရာယ်ဖြစ်နေတော့သည်။
Fire Within ရှိ ဂျလယ် အိတ်ခ်ျဘီ က ဆင်းဒ်သ်ဒေသရှိ သာ သဲကန္တာရမှ သောက်ရေများ၏ မလုံလောက်မှုကို ရေးသားခဲ့သည်မှာ၊
မိုးရွာ ပြီဆိုလျှင် “တိုဘ” ဟုခေါ်သော လူနှင့်တိရစ္ဆာန်များ ရေအတူတူသောက်ကြသည့် ပန်းကန်လုံးပုံသဏ္ဌာန် ရေတွင်းငယ်များထဲသို့ စီးဝင်သည်။ ရေတွင်းတူးရန် မဖြစ်နိုင်၍ အခြားနည်းလမ်းလည်း မရှိပေ။ တူး၍ရသည်ဆိုလျှင်ပင် ရေသည် အလွန်ငန်သော ဆားငန်ရေသာ ဖြစ်၍ မသောက်သုံးနိုင်ပေ။