အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

ကမ္ဘာပေါ်တွင် အခြောက်သွေ့ဆုံးနိုင်ငံတစ်ခုဖြစ်သော အစ္စရေးဟာ ယခု ရေများပြည့်လျှံ စိမ်းလမ်းနေပြီ

Sorek Desalination Plant. Photo courtesy of IDE Technologies. CC-BY-NC-SA 2.0

ဆိုရက် (Sorek) ရေချိုပြုလုပ်စက်ရုံ။ IDE Technologies ၏ ဓာတ်ပုံခွင့်ပြုချက်ဖြင့်။ CC-BY-NC-SA 2.0

ဤဆောင်းပါးကို Rowan Jacobsen ရေးသားပြီး မူလတွင် Ensia.comထုတ်ဝေခဲ့သည်။ Ensia.com သည် နိုင်ငံတကာပတ်ဝန်းကျင်ဆိုင်ရာ ဖြေရှင်း လုပ်ဆောင်ချက်များကို မီးမောင်းထိုးပြနေသော မဂ္ဂဇင်းတစ်ခု ဖြစ်သည်။ ကမ္ဘာ့အသံတွင် စာမူဝေမျှခြင်း သဘောတူညီမှုအရ ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။

အစ္စရေးနိုင်ငံ တယ်အဗိ (Tel Aviv) မြို့၏ တောင်ဘက် ၁၀ မိုင်အဝေးတွင် ဘောလုံးကွင်းအရွယ်ရှိသည့် ကွန်ကရစ် ရေလှောင်ကန်ကြီး နှစ်ခုအတွင်းသို့ သဲပြင်အထဲမှ ကြီးမားသော ပိုက်များဟာ ရေများလောင်းထည့်နေသည်ကို ကျွန်တော်တို့ ရေလှောင်ကန်ပေါ်တွင် လျှောက်သွားပြီး ကြည့်နေသည်။ တစ်မိုင်အကွာအဝေး လောက်တွင်ရှိသော မြေထဲပင်လယ်ကမ်းခြေမှ ဆားငန်ရေများနှင့် ပြည့်မနေပါက ထိုပိုက်များသည် အလွန်ကြီးမားသောကြောင့် ကျွန်တော်ပင်အထဲက မတ်တက်ရပ်၍ ကောင်းကောင်းလျှောက်သွားနိုင်သည်။

“အခုမြင်နေရတာက ရေစုပ်စက်ပါ” ဟု Edo Bar-Zeev က မော်တာများ ဆူညံ့နေသံများထဲမှ အော်ပြောနေလေသည်။ ကျွန်တော်တို့အရှေ့တွင် မြင်နေရသော မြင်ကွင်းကို အားရသော အပြုံးဟာ သူ့မျက်နှာတွင် ပေါ်လွင်နေသည်။ ကျွန်တော်တို့၏ အောက်မှ ရေလှောင်ကန်များတွင် လှောင်ရုံအတွင်းသို့ ပင်လယ်ရေများကို ဖြတ်သွားသော မြင့်မားသော သဲရေစစ်များကို ထည့်သွင်းထားသည်။ ၎င်းလှောင်ရုံထဲတွင် လူဦးရေ ၁.၅ သန်းကျော် လုံလောက်စွာ သောက်သုံးရန်အတွက် သောက်သုံးရေအဖြစ် ပြောင်းလဲလိုက်ပါသည်။

ကျွန်တော်တို့သည် အသစ်ပြီးဆီးသွားသော ဆိုရက် (Sorek) ရေချိုပြုလုပ်စက်ရုံအပေါ်တွင် ရပ်နေခြင်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် အကြီးဆုံး reverse-osmosis နည်းပညာသုံး ရေသန့်ထုတ်လုပ်ရေး အဆောက်အအုံအပေါ်တွင် ဖြစ်သည်။ အစ္စရေးနိုင်ငံ၏ ကယ်တင်ရှင်ကို မျက်မြင်ကြည့်နေခြင်း ဖြစ်သည်။ လွန်ခဲ့သော အနည်းဆုံး နှစ် ၉၀၀ အတွင်း အဆိုးရွား ရေခေါင်းပါးမှုဖြစ်ခဲ့သည့် နှစ်အနည်းငယ်လောက်က အစ္စရေးဟာ ရေကုန်သလောက်ဖြစ်နေခဲ့ပါသည်။ ဒါပေမဲ့ အခုတော့ အလျှံအပယ်ဖြစ်နေပါပြီ။ အစ္စရေး နိုင်ငံအတွင်း ရှားပါးမလောက်ငှသော ရေအရင်းမြစ်များကို ထိန်းသိမ်းပြီး ပြန်သုံးရန် နိုင်ငံအတွင်း လှုပ်ရှားမှုများကို ပြုလုပ်ပြီး အခြေအနေကို ပြောင်းလဲရန် ကျိုးစားခဲ့ကြသော်လည်း သက်ရောက်မှု အကြီးမားဆုံးကတော့ အသစ်တည်ဆောက်လိုက်သော ပင်လယ်ရေ ရေချိုပြုလုပ် စက်ရုံများ၏ အကျိုးရလာဒ် ဖြစ်သည်။

ယခုအခါတွင် နိုင်ငံအတွင်းသောက်သုံးရေ၏ ၅၅ ရာခိုင်နှုန်းကို ပင်လယ်ရေချိုပြုလုပ်ခြင်းမှရရှိကာ ၎င်းသည် အစ္စရေးကို ကမ္ဘာပေါ်မှ အခြောက်သွေ့ဆုံးနိုင်ငံမှ ရေထုတ်လုပ်မှု အကြီးမားဆုံး နိုင်ငံအဖြစ် ပြောင်းလဲပစ်နိုင်ခဲ့သည်။

ရေပိုက်များနှင့် ရေအောက်မျက်နှာပြင်များ ပုတ်ပွအနံဆိုးထွက်ခြင်း (biofouling) သည် ရေငန်မှ ရေချိုပြုလုပ်နည်း၏ အားနည်းချက်တစ်ခုဖြစ်ပြီး ထိုနည်းကို သိပ်မသုံးကြခြင်း၏ အကြောင်းအရာတစ်ချက်လည်း ဖြစ်သည်။ Biofouling နှင့် ပက်သက်ပြီး ကျွမ်းကျင်သူ Bar-Zeev ဟာ ရေးလ် (Yale) တက္ကသိုလ်မှ ပါရဂူသုတေသနပြုလုပ်ပြီးနောက် အစ္စရေး၏ ရေသုတေသနဌာန Zuckerberg Institute for Water Research နှင့် မကြာခင်ကပင် ပူးပေါင်းခဲ့ပါသည်။  ရေချိုပြုလုပ်နည်းသည် ရေငန်ရေကို မှုန်မွှားသော အပေါက်ကလေးများပါသည့် အမှေးပါးအလွှာများတလျှောက် တွန်းဖြတ်ခြင်းဖြင့် ပြုလုပ်သည်။ ရေများသည် အလွှာထဲကနေ ဖြတ်သွားပြီး ပိုကြီးသော ဆား မော်လီကျူးများသည် ကျန်နေခဲ့သည်။ သို့သော် ပင်လယ်ရေထဲရှိ သေးငယ်သော အဏုဇီဝရုပ်ကောင်များသည် အမြှေးပါးလွှားများတွင် အလျင်အမြန် ပေါက်ဖွားကြီးထွားလာကြကာ အပေါက်များကို ပိတ်ဆို့လေ့ရှိကြသည်။ ၎င်းတို့ကို ထိန်းချုပ်ထားရန် စျေးကြီးပြီး ဓာတု အများအပြားလည်း သုံးရသည့် သန့်ရှင်းရေး ပုံမှန်လိုအပ်သည်။ သို့သော် Bar-Zeev နှင့် အဖွဲ့သားများသည် ဓာတုသုံးစရာမလိုသော စနစ်ဖြစ်သည့် အဏုဇီဝရုပ်ကောင်(microorganisms)များကို အပေါက်ပါသည့် ချော်ခဲကျောက်(lava stone)များသုံးကာ အမှေးပါးမရောက်ခင် ဖမ်းသည့်နည်းလမ်းကို တီထွင်ဖော်ထုတ်ခဲ့ကြသည်။ ၎င်းသည် ရေချိုပြုလုပ်မှုကို ပိုမိုထိရောက်အောင်ပြုလုပ်သော အမှေးပါးသုံး နည်းပညာ၏ အောင်မြင်မှုများထဲမှ တစ်ခုသာရှိသေးသည်။ ယခုအခါတွင် နိုင်ငံအတွင်းသောက်သုံးရေး၏ ၅၅ ရာခိုင်နှုန်းကို ပင်လယ်ရေချိုပြုလုပ်ခြင်းမှရရှိကာ ၎င်းသည် အစ္စရေးကို ကမ္ဘာပေါ်မှ အခြောက်သွေ့ဆုံးနိုင်ငံမှ ရေထုတ်လုပ်မှု အကြီးမားဆုံး နိုင်ငံအဖြစ်ပြောင်းလဲပစ်နိုင်ခဲ့သည်။

အစ္စရေးသည် ရေလိုအပ်မှု၏ တွန်းအားပေးခြင်းကို ခံခဲ့ရသည့်အလျောက် ကမ္ဘာပေါ်မှ ရှိသမျှနိုင်ငံများထဲတွင် ရေတစ်စက်ကို အကျိုးရှိရှိ ရနိုင်သမျှရအောင် မည်ကဲ့သို့ အသုံးချနိုင်မည်ကို လေ့လောနေသော နိုင်ငံဖြစ်သည်။ ထိုလေ့လာမှု အများစုမှာ Zuckerberg Institute တွင် အများဆုံး ဖြစ်ပေါ်နေပြီး ၎င်းတွင် ပြုလုပ်နေသော သုတေသနများသည်  ရေအစက်ချ ဆည်မြောင်းသွယ်ခြင်း (drip irrigation)၊ ရေသန့်စင်ခြင်း (water treatment) နှင့် ရေချိုပြုလုပ်ခြင်း (desalination) တို့တွင် နည်းလမ်းသစ်များကို စတင်နိုင်ခဲ့သည်။ ၎င်းတို့သည် အာဖရိကရှိ  နိုင်ငံများအတွက် ကြံ့ခိုင်သောရေတွင်း စနစ်များ၊ အိမ်အများစုတွင် ရေအသုံးပြုမှု သက်သာစေသော ဇီဝသုံး ခြေဖျက်နည်းစနစ်များ (biological digesters) ကိုလည်း ဖော်ထုတ်နိုင်ခဲ့ကြသည်။

သုတေသနဌာန၏ မူလခံယူထားသော တာဝန်မှာ အစ္စရေး၏ အလွန်ခြောက်သွေ့သော Negev နီဂါတ် သဲကန္တာရရှိ ဘဝတိုးတက်ရေး ဖြစ်သော်လည်း ၎င်းအတွေ့အကြုံများသည် ထိုမြစ်ဝမ်းဒေသ တကြောလုံးအတွက် ပို၍ အသုံးဝင်လာနေသည်။ “အရှေ့အလယ်ပိုင်းဒေက တဖြည်းဖြည်းနဲ့ ခြောက်သွေ့လာနေပါတယ်” ဟု စွန့်ပစ်ရေများကို ပြန်လည်သန့်စင်ပြီး စိုက်ခင်းများ၌ အသုံးပြုသော နည်းပညာကို လေ့လာသော ပါမောက္ခ Osnat Gillor က ပြောပါသည်။ “ရေရှားပါးတဲ့ ဒါဏ်ကို မခံရတဲ့ နိုင်ငံဆိုလို့ အစ္စရေးပဲရှိပါတယ်။”.

ရေရှားပါးမှုသည် အရှေ့အလယ်ပိုင်းဒေသကို ပျက်ပြားနေစေသည့် ကြုံတွေ့နေရသော အခက်အခဲများထဲတွင်  အကြီးမားဆုံး အဓိက အချက်တစ်ခုဖြစ်သည်။  Bar-Zeev အနေနှင့်တော့ အစ္စရေး၏ အဖြေသည် ရေငတ်နေသော သူ၏ အိမ်နီးချင်းများကို ကူညီနိုင်ပြီး ၎င်းမှတဆင့် ရန်သူဟောင်းများအားလုံးကို တူညီသော အကြောင်းတရားတစ်ခုဖြင့် အတူတကွဖြစ်စေမည်ဟု ယုံကြည်နေသည်။

အနာဂတ်တွင် အရှေ့အလယ်ပိုင်းဒေသတွင် ရေသည် ပဋိပက္ခဖြစ်စေမည့်  အရင်းမြစ်တစ်ခု ဖြစ်နိုင်သည်ဟု Bar-Zeev က အသိအမှတ်ပြုသည်။ “အတူပူးပေါင်းဆောင်ရွက်ခြင်းနဲ့ ရေဟာလည်း ပေါင်းကူးပေးနိုင်တယ်လို့ ယုံကြည်ပါတယ်” ဟု သူကပြောသည်။ “အဲဒီအထဲက ပူးပေါင်းမှုကတော့ ရေချိုပြလုပ်ခြင်းပဲ ဖြစ်ပါတယ်။”

အသဲအသန်ဖြစ်ရခြင်း အခြေအနေမှ

၂၀၀၈ ခုနှစ်တုန်းက အစ္စရေးနိုင်ငံသည် ကပ်ဘေးဆိုက်အံစဲစဲ အဖြစ်သို့ ထိုးယိုင်နေခဲ့သည်။ ဆယ်နှစ်ကျော်ကြာမြင့်သည့် မိုးခေါင်မှုသည် မြစ်ဝမ်းဒေသတကြောကို ပူလောင်နေစေခဲ့ပြီး အစ္စရေး၏ ရေချိုထောက်ပံ့သော အကြီဆုံး အရင်းမြစ်ဖြစ်သည့် ဂယ်လီလီပင်လယ် (Sea of Galilee)သည် စိုးရိမ်ရသော ရေလျော့နည်းသည့် အမှတ်နီးပါးကို ကျဆင်းသွားပြီး ၎င်းအမှတ်ရောက်ရှိသွားပါက ပြန်ထုတ်လို့မရတော့မည့် ဆားငန်ရေများ ဖောက်ဝင်လာပြီး လုံးဝပျက်စီးသွားမည့် အန္တရာယ်ကို နီးခဲ့သည်။ ထို့ကြောင့် ရေသုံးစွဲမှု ကန့်သတ်ချက်များကို စည်းကြပ်ခဲ့ရပြီး လယ်သမားအများအပြားဟာလည်း တစ်နှစ်စာ ကောက်ပဲသီးနှံများ ဆုံးရှုံးခဲ့ရသည်။

၎င်းတို့၏ အိမ်နီးချင်း ဆီးရီးယားမှာ ပိုဆိုးသော အခြေနေကို ကြုံရသည်။ မိုးခေါင်ရေရှားမှုသည် ပိုပြင်းထန်လာသည်နှင့်အမျှ ဆီးရီးယား လယ်သမားများသည် ရေရှာဖွေရန် ရေတွင်းများတူးကာ ၁၀၀၊ ၂၀၀ မှ ၅၀၀ မီတာအဆုံး အောက်ခြေထိတူးလျှက် အပြိုင်အဆိုင် ရေရှာခဲ့ကြရသည်။ နောက်ဆုံးတွင် ရေတွင်းများ ရေကုန်ကာ ဆီးရီးယား လယ်ကွင်းပြင်သည် ဖုန်မုန်တိုင်းတွင် ပြိုပျက်ခဲ့ရသည်။ လယ်သမား ၁ သန်းကျော်ဟာ အလက်ပို (Aleppo)၊ ဟွမ် (Hom)၊ ဒမက်စကတ် (Damascus) နှင့် အခြားမြို့များရှိ မြို့စွန် တဲစုရပ်ကွက်များသို့ အလုပ်ရှာရန် ပြောင်းရွေ့လာသော်လည်း အချည်းနီးဖြစ်ရသည်။

၎င်းအဖြစ်သည် ၂၀၁၅တွင် ရေးသားခဲ့သည့် စာတမ်းဖြစ်သော “အရှေ့အလယ်ပိုင်းဒေသ မြစ်ဝှမ်းဒေသတွင် ရာသီဥတုပြောင်းလဲမှုနှင့် လတ်တလော ဆီးရီးယာ မိုးခေါင်ခြင်း၏ ဂယက်ရိုက်ခတ်မှုများ” (Climate Change in the Fertile Crescent and Implications of the Recent Syrian Drought) ကို ရေးသားခဲ့သော စာရေးဆရာများ၏ အဆိုအရ ဆီးရီးယားကို လောင်ကျွမ်းစေခဲ့သော လောင်စာဖြစ်သည်။ “ဆီးရီးယား၏ မြို့ပြအစွန်နေရာများသည် တရားမဝင် အခြေချနေထိုင်မှု၊ လူဦးရေသိပ်သီးမှု၊ အခြေခံအဆောက်အအုံ ဆိုးရွားမှု၊ အလုပ်အကိုင်မဲ့မှု၊ ရာဇဝတ်မှု စသည့်တို့နှင့်အတူ အာဆက် အစိုးရ၏ လစ်လျူရှုမှုကို ခံရပြီး တိုးပွားလာသော ဆူပူထကြွမှု၏ အဓိကအချက်ဖြစ်လာသည်” ဟု ၎င်း စာတမ်းတွင် ရေးသားထားသည်။

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ရပ်တူ အခြေအနေများမှာ ပေါ်ပေါက်နေပြီး မိုးခေါင်မှုနှင့် စိုက်ပျိုးရေးကျဆင်းမှုများဟာ အနာဂတ်အတွက်အလားအလာမဲ့နေသည့် မျိုးဆက်သစ်ကို ဖန်တည်းနေပြီး တနုံနုံ မကြေနပ်ချက်များကို ဖြစ်ပေါ်လာနေစေသည်။ အီရန်၊ အီရတ် နှင့် ဂျော်ဒန် စသည့် နိုင်ငံများအားလုံးဟာ ရေရှားပါး ကပ်ဆိုက်မည့် အဖြစ်ကို ရင်ဆိုင်နေကြသည်။ ရေသည် ထိုဒေသ တစ်ဝန်းလုံးကို အသည်းအသန် ဖြစ်သည့် လုပ်ရပ်များသို့ တွန်းပို့နေသည်။

လိုအပ်သည်ထက် ပိုလျှုံသောရေ

အံသြစရာကောင်းသည်မှာ အစ္စရေးသည် လိုအပ်သည်ထက် ရေပိုနေလေပြီ။ ထိုအပြောင်းအလဲသည် ၂၀၀၇ ခုနှစ်တွင် စတင်ခဲ့ရာ ရေခြွေတာသုံး အိမ်သာများနှင့် ရေပန်းခေါင်းများကို တစ်နိုင်ငံလုံး ထည့်သွင်းခဲ့ပြီး နိုင်ငံတော် ရေထိန်းသိမ်းရေးဦးစီးဌာနသည် ဆန်းသစ်သည့် ရေသန့်စင်ရေးစနစ်များကို တည်ဆောက်ခဲ့သည်။ ၎င်းစနစ်သည် ရေမြောင်းများသို့ ဆင်းသွားသည့် သုံးပြီးသားရေ၏ ၈၆ ရာခိုင်နှုန်းကို ပြန်လည်သိမ်းယူပြီး ဆည်မြောင်းစနစ်တွင် ပြန်လည်သုံးယူသည်။ ယင်းမှာ သူ၏ ဒုတိယ နောက်လိုက်ဖြစ်သော စပိန်နိုင်ငံ၏ ၁၉ ရာခိုင်နှုန်းထက်ပင် အများအပြား သာနေသေးသည်။

သို့သော် ထိုကဲ့သို့ အတိုင်းအတာများပြုလုပ်ထားသော်လည်း အစ္စရေးသည် တစ်နှစ်လျှင် ၁.၉ ဘီလီယမ် ကုဗမီတာ ရေသန့်လိုအပ်နေပြီး သဘာဝအရင်းမြစ်များမှ ၁.၄ ဘီလီယံ ကုဗမီတာသာ ရရှိသည်။ သို့နှင့် ထိုလိုအပ်နေသော သန်း ၅၀၀ ကုဗ မီတာကြောင့် Sea of Galilee ဂယ်လီလီပင်လယ်မှ အဆက်မပြတ် ဆွဲယူခဲ့ကြခြင်းဖြစ်ပြီး နိုင်ငံဟာလည်း ၎င်း၏ လယ်ယာများ ဆုံးရှုံးမည့်ဆဲဆဲ ဖြစ်နေခဲ့သည်။

နိုင်ငံသည် အရင်တုန်းက တစ်ခါမှ တွေးမထားမိသည့် မေးခွန်းတစ်ခုတွေ့လာပါသည် –  ပိုနေတဲ့ရေတွေကို ဘာလုပ်ပစ်ရမလဲ။

အဲ့လိုနှင့် ရေငန်မှ ရေချိုပြလုပ်ခြင်း ရောက်လာပါသည်။ ၂၀၀၅ တွင် တည်ဆောက်ခဲ့သည့် အက်ရှကီလွန် စက်ရုံ (Ashkelon plant) သည် သန်း ၁၂၇  ကုဗမီတာ ရေထောက်ပံပေးသည်။  ၂၀၀၉ တွင် တည်ဆောက်ခဲ့သည့် ဟာဒီရာ စက်ရုံ (Haderaplant) က နောက်ထပ် သန်း ၁၄၀ ကုဗမီတာ ထောက်ပံသည်။  ပြီးနောက် ယခုဆောက်လုပ်ခဲ့သည့် ဆိုရက် (Sorek) က သန်း ၁၅၀ ပေးပြန်သည်။  အားလုံးပေါင်းလျှင် ဤရေချိုပြုလုပ်စက်ရုံကြီးများသည် တစ်နှစ်လျှင် ရေသန့် သန်း ၆၀၀ ကုဗ မီတာ လောက်ကို ထောက်ပံနိုင်ပြီး နောက်ထပ်လည်း ထပ်လာဦးမည်။

Sea of Galilee ဂယ်လီလီပင်လယ်သည် ရေပြန်ပြန့်သွားပြီ။  အစ္စရေး၏ လယ်ကွင်းများလည်း ကြွယ်ဝနေပြီ။  နိုင်ငံသည် အရင်တုန်းက တစ်ခါမှ တွေးမထားမိသည့် မေးခွန်းတစ်ခုတွေ့လာပါသည် –  ပိုနေတဲ့ရေတွေကို ဘာလုပ်ပစ်ရမလဲ။

ရေအကြောင်းပြ သံတမန်ခင်းခြင်း

ဆိုရက် (Sorek) အထဲတွင် အမှေးပါးလွှာပေါင်း ၅ သောင်းကျော်ဟာ ၄ ပေ ၁၆ လက်မ ရှိသော အလျှားလိုက်ထောင်ထားသည့် အဖြူရောင် စလင်ဒါများထဲတွင် ရှိနေပြီး ဂျက်အင်ဂျင်များကဲသို့ တဝီးဝီးလည်နေသည်။ သူတို့အားလုံးသည် ခုန်ပျံထွက်တော့မည့် အာကာသယာဥ်ကဲ့သို့လား ထင်ရသည်။ စလင်ဒါထဲတွင် အလယ်ဗဟို ပိုက်ကို ရစ်ပတ်ထားသော ပလက်စတစ် အမှေးပါးအလွှာများ အထပ်လိုက်ပါဝင်သည်။ ထိုအမှေးပါးများသည် လူ့ဆံပင်၏ အချင်းထက် အဆတစ်ရာမျှပိုသေးသော အစက်အပြောက်များဖြင့် အပေါက်ဖောက်ထားသည်။ ရေများသည် စလင်ဒါထဲသို့ လေထုဖိအား အဆ ၇၀ ရှိသော ဖိအားနှင့် ဖိကာ အမှေးပါးများထဲ့သို့ ဖြတ်စေပြီး ကျန်နေသော ဆားရည်များကိုတော့ ပင်လယ်ထဲသို့ ပြန်လွှတ်လိုက်သည်။

ရေချိုပြလုပ်ခြင်းသည် အရင်တုန်းက အလွန်စျေးကြီးသော စွမ်းအင်ကုန်ထုတ်လုပ်ငန်းကြီးဖြစ်ခဲ့သည်။ သို့သော် ဆိုရက် တွင် သုံးထားသော အဆင့်မြင့် နည်းပညာလိုမျိုးကြောင့် ဤအရာများဟာ ပြောင်းလဲသွားပါပြီ။ ရေချိုပြလုပ်နည်းနှင့် ထုတ်လုပ်သည့် ရေဟာ ၁၉၉၀ နှစ်တွေတုန်းက ပေးရသော စျေးနှုန်း၏ သုံးပုံတစ်ပုံသာ ကုန်ကျပါတော့တယ်။ ဆိုရက်သည် သောက်ရေလီတာ တစ်ထောင်ကို ဒေါ်လာ ၅၈ ပြားသာ ကုန်ကျစေပါသည်။ အစ္စရေး အိမ်တစ်အိမ်သည် တစ်လလျှင် အမေရိကန်ဒေါ်လာ ၃၀ ရေခွန်ပေးပါသည်။

ရေချိုပြလုပ်ခြင်းမှ လူသန်း ၃၀၀ သည် ရေရရှိပြီး ထိုအရေအတွက်သည် လျှင်မြန်စွာ တိုးပွားလာနေပါသည်ဟု နိုင်ငံတကာ ရေချိုပြလုပ်မှု အဖွဲ့အစည်းက ဆိုပါသည်။ အက်ရှကီလွန် (Ashkelon)၊ ဟာဒီရာ (Hadera) နှင့် ဆိုရက် (Sorek) စက်ရုံများကို တည်ဆောက်သော အစ္စရေးကုမ္ပဏီ IDE သည် ကယ်လီဖိုးနီးယား တောင်ပိုင်းတွင်လည်း ကားစဘက် (Carlsbad) ရေချိုပြုလုပ်ရေး စက်ရုံကို မကြာခင်က တည်ဆောက်ပြီးဆီးခဲ့သည်။ အစ္စရေးရှိ စက်ရုံများကဲ့သို့ အတူတူပင် တည်ဆောက်ထားပြီး နောက်ထပ်ဆက်လက် တည်ဆောက်ရန် ရှိသည်။ တစ်ကမ္ဘာလုံး အတိုင်းအတာနှင့်ဆိုလျှင် နောက်ထပ် ဆိုရက်နှင့် ထပ်တူ စက်ရုံများ တစ်နှစ်လျှင် ၆ ခု စီတိုးပွားနေသည်။ ရေချိုပြလုပ်ရေး ခေတ်စတင်နေပြီဖြစ်သည်။

Bar-Zeev စိတ်လှုပ်ရှားစေသည့် အရာကတော့ ရေအကြောင်းပြုသည့် သံတမန်ဆက်ဆံရေး ဖြစ်သည်။ အစ္စရေးသည် ၁၉၉၅ အော်စလို သဘောတူညီချက် (၂) အရ အနောက်ဘက်ကမ်း (West Bank) ဒေသကို ရေထောက်ပံ့ပေးရသည်၊ သို့သော် ပါလက္စတိုင်းနိုင်ငံသားများသည် သူတို့လိုအပ်နေသည်ထက် အများကြီး လျော့နည်းပြီး ရနေသည်။  ရေကိစ္စသည် ဆိုးရွားသော ငြိမ်းချမ်းရေး လုပ်ငန်းစဥ်ရှိ အခြားညှိနှိုင်းဆွေးနွေးမှုများအကြား ရောပါရှုပ်ထွေးသွားသည်။ သို့သော် ယခုအခါတွင် လက်ထဲ၌ ရေအလုံအလောက်ရှိနေပြီမို့ စောင့်ကြည့်နေသူအများဟာ ရေကိစ္စကို နိုင်ငံရေးနှင့် သက်သက်ခွဲရန် အခွင့်အလမ်းကို မြင်သည်။ Bar-Zeevတွင် “ရေသည် နယ်စည်းမရှိ” (Water Knows No Boundaries) ညီလာခံကို ၂၀၁၈ ခုနှစ်၌ ပြုလုပ်ရန် ရည်ရွယ်ချက်ကြီးမားသော အစီအစဥ်ရှိသည်။ ထိုညီလာခံသို့ အီဂျစ်၊ တူရကီ၊ ဂျော်ဒန်၊ အစ္စရေး၊ အနောက်ဘက်ကမ်းဒေသ နှင့် ဂါဇာ ဒေသတို့မှ ရေသိပ္ပံပညာရှင်များကို အတူတကွ လာရောက်ပြီး တွေ့ဆုံဆွေးနွေးစေလိုသည်။

ဒီထက်ပိုပြီး ကြီးမားသော ရည်ရွယ်ချက်မှာ ဒေါ်လာ သန်း၉၀၀ ကျော် ကုန်ကျမည့် ပင်လယ်နီ-ပင်လယ်သေ တူးမြောင်းကို အစ္စရေး နှင့် ဂျော်ဒန် ပူးပေါင်းပြုလုပ်ပြီး ၎င်းတို့၏ နယ်စပ်ရှိ ပင်လယ်နီတွင် ရေချိုပြလုပ်စက်ရုံကြီး တည်ဆောက်ကာ ရေကို အစ္စရေး၊ ဂျော်ဒန် နှင့် ပါလက္စတိုင်း ပြည်သူများအကြား ခွဲဝေရန် ဖြစ်သည်။ စက်ရုံမှ စွန့်ထွက်လာသော ဆားရည်ကို ဂျော်ဒန်ကိုဖြတ်ပြီး မြောက်ဘက် မိုင်၁၀၀ရှိ ပင်လယ်သေထဲသို့ ရေပြန်ဖြည့်ရန် ဖြစ်သည်။ ပင်လယ်သေသည် နှစ်နိုင်ငံလုံးမှ ပင်လယ်ထဲသို့ စီးဝင်သော တစ်စင်းတည်းသော မြစ်ကို ၁၉၆၀ ဝန်းကျင်ကတည်းက လမ်းကြောင်းပြောင်း ရေသွယ်နေရာမှ တစ်နှစ်လျှင် ၁ မီတာခန့် ကျဆင်းလျက်ရှိသည်။ ၂၀၂၀ ခုနှစ်ရောက်လျှင် ဤ ရန်သူဟောင်းများသည် ရေသောက်မြစ်တစ်ခုတည်းမှပင် အတူရေသောက်နေကြတော့မည်။

ဆိုရက် စက်ရုံ၏ တစ်ဖက်ဆုံးသည် ကျွန်တော်နှင့် Bar-Zeev ရေပိုက်တစ်ခုမှ ရေတူတူ သောက်ကြသည်။ ဆိုရက် စက်ရုံကြီးမှ ရေတွေဝင်လာသော ပင်မ ရေပိုက်လိုင်းကြီးမှ  ခွဲထွက်ကာ အစ္စရေးနိုင်ငံ၏ ရေပိုက်ကွန်ရက်ထဲသို့ ရေများကို ဖြန့်ဝေပေးလျှက်ရှိသည်။ ထိုရေပိုက်ကြီး၏ ဘေး၌ ရိုးရှင်းသော ဘုံပိုင်ကလေးမှ ရေသောက်ရန်တစ်ခါသုံးခွက်ကလေးဖြင့် ကျွန်တော် ဘုံပိုင်ဖွင့်ကာ တစ်ခွက်ပြီးတစ်ခွက်သောက်သော ရေသည် မိနစ် ၄၀ အကြာက မြေထဲပင်လယ်ထဲမှ ရေဖြစ်သည်။ သူ့အရသာမှာ ကြည်လင် အေးမြပြီး အံဘနန်းပင်ဖြစ်သည်။

Rowan Jacobsen သည် Fruitless Fall, The Living Shore, Shadows on the Gulf တို့နှင့်အတူ အခြားစာအုပ်များကိုရေသားထားသော James Beard ဆုရ စာရေးဆရာဖြစ်သည်။ သူသည် Outside, Harper’s, Mother Jones, Orion နှင့် အခြားမဂ္ဂဇင်းများတွင် ပုံမှန်ရေးသားလေ့ရှိသည်။ သူ၏ ရေသားမှု စာပေးများကို Best American Science and Nature Writing နှင့် အခြားစုစည်းမှုများတွင် ညွန့်ပေါင်းထုတ်ထားသည်။ သူ၏စာအုပ်အသစ် Apples of Uncommon Character ကို ၂၀၁၅ စက်တင်ဘာလမှ ထုတ်ဝေခဲ့သည်။ သူ @rowanjacobsen မှ twitter သုံသည်။

ဆွေးနွေး​ပြောဆို​ခြင်း​ကို စတင်​ရန်

စာရေး​သူ​များ၊ ကျေးဇူးပြု​၍ ဝင်​ရန် »

လမ်း​ညွှန်​ချက်​များ

  • မှတ်ချက်​များ​အားလုံး​ကို ကြီးကြပ်​သူ​တစ်​ဦး​က ဖတ်​ရှု​စစ်ဆေး​ပါ​သည်။. မှတ်ချက်​များ​ကို တစ်​ကြိမ်​ထက် ပို​မ​ပေး​ပါ​နှင့်၊ မဟုတ်​လျှင် မ​လို​အပ်​သော​စာ​အဖြစ် သတ်​မှတ်​ခြင်း​ခံ​ရ​ပါ​မည်။.
  • အခြား​သူ​များ​ကို လေး​လေးစား​စား ဆက်ဆံ​ပေး​ပါ။. လူ​မျိုး​ရေ၊ ဘာသာ​ရေး​နှင့် လိင်​ပိုင်း​ဆိုင်​ရာ တိုက်ခိုက်​မှု​များ​ပါဝင်​သည့် မှတ်ချက်​များ​ကို အတည်ပြု​ပေး​လိမ့်​မည် မဟုတ်​ပါ။.