
တိုကျိုကင်မရာကလပ် အယ်ဒီတာ အကြိုက်။ တိုကျိုကင်မရာကလပ်အင်တာနက်စာမျက်နှာ။
တိုကျိုကင်မရာကလပ်ဆိုသည်မှာ ဂျပန်နိုင်ငံတလွှမ်းမှ ရင်သပ်ရှုမောဖွယ်ရာ အနုပညာမြောက် ဓာတ်ပုံများ ဝေမျှရာ အသိုက်အဝန်းနေရာလေးဖြစ်သည်။ ၎င်းတို့၏ Facebook စာမျက်နှာသည် နောက်လိုက်သူ ၄ သိန်းကျော်ရှိပြီး Instagram မှာတော့ ၃သိန်းကျော်ရှိပါသည်။ ၎င်းတို့၏ ဓာတ်ပုံများမှာလည်း အလွန်လူကြိုက်များလှသည်။ ထောင်ပေါင်းများစွာသော ‘likes’ များနှင့်အတူ ‘comments’ နှင့် ‘shares’ များဖြင့်လည်း Facebook ပေါ်တွင် ဝေဝေဆာဆာရှိလှသည်။
အကျိုးအမြတ်မကြည့်သော စီးပွားရေးဖြစ်သည့်အလျောက် တိုကျိုကင်မရာကလပ်သည် ငွေကြေးကမကထပြုသူများနှင့် ကင်မရာကြော်ငြာများမှသည် ဝင်ငွေရှိသည်။ ထိုစာမျက်နှာသည် ခန်းနားလှပသော ဓာတ်ပုံများကို ပြထားပေးရုံသာမက နောက်လာမည့် ဓာတ်ပုံပြိုင်ပွဲများအကြောင်းကိုလည်း လေ့လာလို့ရပါသည်။
အောက်တွင် တိုကျိုကင်မရာကလပ်၏ Instagram မှ ဝေမျှထားသောဓာတ်ပုံအချို့ကို ရွေးချယ်ဖော်ပြလိုက်ပါသည်။
A post shared by 東京カメラ部 (@tokyocameraclub) on
A post shared by 東京カメラ部 (@tokyocameraclub) on
Instagram အသုံးပြုသူ @fujihirotanaka မှ @photo_shorttrip Instagram account သို့ ပေးပို့ထားသော ဓာတ်ပုံ။ ဒီပုံက like တွေ comment တွေ အများကြီးရပါတယ်။ Photo_shorttrip ဆိုတာက Tokyo Camera Club စီစဉ်ထားတဲ့ ဓာတ်ပုံပြိုင်ပွဲ့ဖြစ်ပါတယ်။ hashtag #photo_shorttrip ကို အသုံးပြုပြီး ခရီးသွားဓာတ်ပုံတွေကို ပြသတာဖြစ်ပါတယ်။
A post shared by 東京カメラ部 (@tokyocameraclub) on
A post shared by 東京カメラ部 (@tokyocameraclub) on
Instagram အသုံးပြုသူ @akira_1972_ မှ @photravelers Instagram account သို့ပေးပို့ထားတဲ့ ပုံဖြစ်ပါတယ်။ ပုံကို like နဲ့ comment ပေးပေးပါ။ Tokyo Camera Club အတွက် ကျွနု်ပ်တို့၏ Instagram နှင့် Facebook သို့ #photo_travelers နှင့်ပေးပို့နိုင်ပါတယ်။ Follow: @photravelers #photo_travelers#photravelers #travel #traveler
A post shared by 東京カメラ部 (@tokyocameraclub) on
Tokyo Camera Club ၏ အကောင်းဆုံး ဓာတ်ပုံ ၁၀ ပုံထဲမှ တစ်ပုံပါ။ top 10 images. Vanguard travel tripod: http://vanguard.tokyocameraclub.com/veo2_userreview/page01.php အစီအစဉ်ထဲမှ ပြုလုပ်မှုအသစ်ပါ။
ရေတံခွန်များ နှင့် စက်မှုဇုံ ညမြင်ကွင်း ကို ဓာတ်ပုံဆရာ Hara Tomoshi က ခရီးသွားနေစဉ် Vanguard tripod အတွက် ရိုက်ထားတာပါ။ […]
A post shared by 東京カメラ部 (@tokyocameraclub) on
သင် တိုကျိုမှာနေသည် မနေသည်ဖြစ်စေ မည်သူမဆို တိုကျိုကင်မရာကလပ်တွင် ဖော်ပြပေးရန် ဓာတ်ပုံများကို ပေးပို့နိုင်ပါသည်။ သို့သော်ဓာတ်ပုံများကတော့ ဂျပန်နိုင်ငံ တစ်နေရာရာကို ရိုက်ထားသောပုံများသာ ဖြစ်ရပါမည်။ ၎င်းတို့၏ စည်းမျဉ်းစည်းကမ်းများကို ဤနေရာ ဖတ်ကြည့်လို့ရသည်။
တိုကျိုကင်မရာကလပ်၏ နောက်ထပ်ဓာတ်ပုံများကို ကြည့်ရှုလိုပါက Instagram, Twitter, Facebook နှင့် ၎င်း၏အင်တာနက်စာမျက် အစရှိသည်တို့တွင် ဝင်ရောက်ရှာဖွေနိုင်ပါသည်။
အမျိုးအစားများ
