သြဂုတ်လ ၂၄ ရက်နေ့က လှုပ်ရှားခဲ့သည့် အင်အား ၆.၈ ပမာဏရှိသော ငလျှင်ကြောင့် ဘုရားစေတီ ပုထိုးပေါင်း ၂၂၈ ပျက်ဆီးဆုံးရှုံးခဲ့ရပြီး လူ ၃ ဦးအသက်ဆုံးရှုံးခဲ့ရတယ်လို့ မြန်မာအာဏာပိုင်များက သတင်းပေးပို့ခဲ့ပါတယ်။
ပျက်ဆီးသွားတဲ့ အဆောက်အအုံများထဲမှ ၁၈၇ ဆူဟာ ရှေးဟောင်းအမွေနှစ်မြို့တော်ဖြစ်တဲ့ ပုဂံမြို့က အုတ်ချပ်ဘုရားကျောင်းကန်များပင် ဖြစ်ပါတယ်။ ယခုအဖြစ်အပျက်ဟာ ပုဂံမြို့ကို ကမ္ဘာအမွေအနှစ် တည်နေရာတစ်ခုအဖြစ် ယူနက်စကို(UNESCO) က အသိအမှတ်ပြုဖို့ကို နှောင့်နှေးဆုတ်ဆိုင်းသွားစေပါတယ်။ အရှေ့တောင်အာရှရဲ့ အရေးပါတဲ့ ရှေးဟောင်းသုတေသန နေရာတွေထဲမှာ ပုဂံက တစ်ခုအပါအဝင်ဖြစ်ပြီး ကမ္ဘောဒီးယားက အန်ကောဝပ် နှင့် အင်ဒိုနီးရှားက ဘိုရိုဘုဒါ နေရာတို့နှင့် မကြာခဏ နှိုင်းယှဉ်ပြလေ့ရှိပါတယ်။
ခရီးသွားလုပ်ငန်းနဲ့ ထင်ရှားကျော်ကြားလျှက်ရှိတဲ့ ပုဂံမြို့မှာ စေတီနှင့်ပုထိုးပေါင်း ၃,၀၀၀ နီးပါးရှိပါတယ်။ ၁၉၇၅ ခုနှစ်တုန်းက လှုပ်ခဲ့တဲ့ ငလျင်ကလည်း ဘုရားစေတီများစွာကို ပျက်စီးစေခဲ့ပါတယ်။
One dead, ancient pagodas damaged as powerful quake rocks #Myanmar https://t.co/XurCMds8Z0 pic.twitter.com/FncyVOozqx
— Coconuts Yangon (@CoconutsYangon) August 24, 2016
အင်အားကြီးမားလှတဲ့ ငလျင်ဒဏ်ကို မြန်မာနိုင်ငံကသာမက အိမ်နီးချင်းနိုင်ငံများဖြစ်ကြတဲ့ ဘင်္ဂလားဒေ့ရှ် နှင့် ထိုင်းနိုင်ငံတို့ကလည်း ခံစားခဲ့ရပါတယ်။
မြန်မာပြည်မှာ ငလျင်ဒဏ်ကြောင့် ကျန်ခဲ့သောအပျက်အစီးများကို စတင် ရှင်းလင်းနေပါပြီ။ လူအများက ပျက်ဆီးသွားတဲ့ စေတီပုထိုးများကို အမြန်ဆုံးပြန်လည်ပြင်ဆင်ဖို့ ဆန္ဒပြုရှိပါနေသလို၊ အပျက်အစီးများကို အရှိအတိုင်းထိန်းသိမ်းထားပြီး လူတွေကို သဘာဝဘေးအန္တရာယ်နဲ့ ပက်သက်တဲ့ ကြိုတင်ပြင်ဆင်မှုများကို သတိရှိစေဖို့ ပြသလိုသူတွေလည်းရှိပါတယ်။
ကမ္ဘာ့အသံနှင့် ပူးပေါင်းဆောင်ရွက်သူ လွပ်လပ်သောသတင်းဌာန ဧရာဝတီက မန္တလေးမှာဖြစ်ပွားခဲ့တဲ့ ငလျင်ကို မှတ်တမ်းတင်ထားခဲ့ပါတယ်။ အောက်ဖော်ပြပါ ဓါတ်ပုံများမှာ ပုဂံမြို့က ထင်ရှားကျော်ကြားသော ဘုရားစေတီအချို့ရဲ့ ပျက်စီးမှုများကို တွေ့မြင်နိုင်ပါတယ်။