အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

အင်တာနက်စွယ်စုံကျမ်း Wikipedia ၏ ကျားမ၊မညီမျှမှုကို ပြုပြင်ပြောင်းလဲပစ်လိုသော Wikimujeres ခေါ်ဝီကီအမျိုးသမီးများ

A parody of the famous “We Can Do It!” poster. A derivative work by Tom Morris via Wikimedia Commons. Public domain.

အင်တာနက် စွယ်စုံကျမ်း Wikipedia တွင် ရေးသားထားသော ဆောင်းပါး “Gender bias on Wikipedia” အဆိုအရ Wikipedia စွယ်စုံကျမ်းကို ရေးသားတည်းဖြတ်သူများ၏ ၈၅-၉၁.၅ ရာခိုင်နှုန်းမှာ ယောက်ျားများဖြစ်ကြသည်ဟု လေ့လာချက်အများအပြားက ထောက်ပြထားပါသည်။ ၎င်းအခြေအနေသည် Wikipediaတွင် စွယ်စုံကျမ်းရေးသားသူ အသိုင်းအဝိုင်းအတွက်ကော ထိုအင်တာနက် website ကြီးကို စီမံခန့်ခွဲ ထိန်းသိမ်းသော Wikimedia Foundation အဖွဲ့ကြီးအတွက်ပါ  စိုးရိမ်စရာတစ်ခုဖြစ်နေပါသည်။ ထိုအခြေအနေကြောင့် ကမ္ဘာ့အကြီးဆုံး စွယ်စုံကျမ်းပေါ်တွင် ရေးသားထားသော အကြောင်းအရာများသည် မျှတမှုမရှိပဲ ဖွဲ့စည်းပုံကြောင့် တစ်ဖက်သက်ဆန်မှုများ ဖြစ်ပေါ်နေမည်ကို စိုးရိမ်ကြခြင်းဖြစ်သည်။

စပိန်စကားတွင် mujeres ဆိုသော စကားလုံးမှာ အမျိုးသမီးများဟု အဓိပ္ပာယ်ရသော Wikimujeres ခေါ် “ဝီကီအမျိုးသမီးများ” စီမံကိန်းသည် စပိန် နှင့် ကတ္တလန် (Catalan)စကားပြောနိုင်ငံများတွင် ဤအချိုးအစားမညီမျှမှုကို ပြောင်းလဲပစ်ရန် ရည်ရွယ်ကာ ဆောင်ရွက်လျှက်ရှိသည်။ ၎င်းတို့၏ အင်တာနက်စာမျက်နှာ၏ အဆိုအရ။  ။

Somos un grupo de usuarias de Wikipedia preocupadas por la diversidad y la neutralidad de la Wikipedia y dispuestas a trabajar para disminuir (y en un futuro eliminar) la brecha de género y culturas que existe en la enciclopedia más consultada en internet.

ကျွန်ုပ်တို့သည် Wikipedia အသုံးပြုသူများဖြင့်ဖွဲ့စည်းထားသာ အုပ်စုဖြစ်ပြီး Wikipedia စွယ်စုံကျမ်းတွင် ထွေပြားစုံလင်မှု နှင့် မျှတမှု စသည်တို့နှင့် ပက်သက်ပြီး စိုးရိမ်ပူပန်မိသောကြောင့် အင်တာနက်ပေါ်ရှိ လူတိုင်းလိုလိုဖတ်ရှုသော စွယ်စုံကျမ်းကြီးတွင် ကျားမ၊မညီမျှမှုနှင့် ယဥ်ကျေးမှု ကွာဟမှုတို့ကို လျှော့ချ/တိုက်ဖျက်ရန်တွက် ကြီးပမ်းလိုသူများဖြစ်ကြပါသည်။

၎င်းတို့ရောက်ရှိလိုသော ပန်းတိုင်မှာ အမျိုးသမီးများအကြာင်းကိုရေးသားသော စာတမ်းများ (ဥပမာ အတ္ထုပတ္ထိ ကဲ့သို့သောအရာများ)ကို ရေးသားတည်းဖြတ်သူများတွင် အမျိုးသမီး အရေအတွက်များပြားလာစေရန်နှင့်၊ တိုးတက်ဆဲနိုင်ငံများမှ အမျိုးသမီးများကိုယ်တိုင် ရေးသားသော အကြောင်းအရာနှင့် ဆောင်းပါးအရေအတွက်တိုးပွားလာစေရန်တို့ ဖြစ်သည်။ ၎င်းတို့အဖွဲ့သည် မက်ဒရစ် နှင့် ဘာစီလိုးနား တစ်ပတ်တစ်ကြိမ် တွေ့ဆုံပွဲများပြုလုပ်ပြီး သင်တန်းများပေးခြင်း နှင့် “edit-a-thons” ေခါ် အတူတကွဆင်နွဲတည်းဖြတ်ပွဲရှည် များကို ပြုလုပ်ခြင်းဖြင့် အမျိုးသမီးများကိုယ်တိုင် အတူတကွဆောင်ရွက်ကာ Wikipedia ရှိ စာတမ်းဆောင်းပါးများ အသစ်ဖန်းတီးခြင်းနှင့် ရှိပြီးသားဆောင်းပါးများကို တိုးတက်ကောင်းမွန်အောင် ကျိူးပမ်းနေကြပါသည်။

Photo by Montserrat Boix via Wikimedia Commons (CC BY-SA 4.0)

လတ်တလောတွင် ပြုလုပ်ခဲ့သော အတူတကွဆင်နွဲတည်းဖြတ်ပွဲရှည် (edit-a-thons) တွင် အမျိုးသမီး ဓာတ်ပုံပညာရှင်များနှင့် အမျိုးသမီး သိပ္ပံရှင်များအကြောင်း ဆောင်းပါးများ အဓိကထားရေးသားရန် ရည်ရွယ်ချက်ဖြင့် မက်ဒရစ်မြို့တွင် Wikimujeres မှ ကျင်းပခဲ့သည်။

ဆွေးနွေး​ပြောဆို​ခြင်း​ကို စတင်​ရန်

စာရေး​သူ​များ၊ ကျေးဇူးပြု​၍ ဝင်​ရန် »

လမ်း​ညွှန်​ချက်​များ

  • မှတ်ချက်​များ​အားလုံး​ကို ကြီးကြပ်​သူ​တစ်​ဦး​က ဖတ်​ရှု​စစ်ဆေး​ပါ​သည်။. မှတ်ချက်​များ​ကို တစ်​ကြိမ်​ထက် ပို​မ​ပေး​ပါ​နှင့်၊ မဟုတ်​လျှင် မ​လို​အပ်​သော​စာ​အဖြစ် သတ်​မှတ်​ခြင်း​ခံ​ရ​ပါ​မည်။.
  • အခြား​သူ​များ​ကို လေး​လေးစား​စား ဆက်ဆံ​ပေး​ပါ။. လူ​မျိုး​ရေ၊ ဘာသာ​ရေး​နှင့် လိင်​ပိုင်း​ဆိုင်​ရာ တိုက်ခိုက်​မှု​များ​ပါဝင်​သည့် မှတ်ချက်​များ​ကို အတည်ပြု​ပေး​လိမ့်​မည် မဟုတ်​ပါ။.