
အိန္ဒိယနိုင်ငံ ပန်ဂျပ်တွင် ပြုလုပ်ခဲ့သော Mozilla L10N Hackathon. Photo by Subhashish Panigrahi via Wikimedia (CC BY-SA 4.0)
Whatsapp နှင့် Facebook အစရှိသော လူမှုကွန်ယက်များတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနေသော ပို့စာ (message) များမှ သတင်းတု(spam)များကို ရှာဖွေဖော်ထုတ်ပေးသော အင်တာနက် ကွန်ယက်နေရာ (website) တစ်နေရာကို အိန္ဒိယမှ ပရိုဂရမ်ရေးသူနှစ်ဦးက ထူထောင်လိုက်ပါသည်။ check4spam.com ဟုခေါ်သော အင်တာနက်စာမျက်နာသည် check4spam ဝိုင်းတော်သားများ နှင့် လုပ်အားပေးအင်တာနက်အသုံးပြုသူများ၏ စုံစမ်းရှာဖွေခြင်းနှင့် သုတေသနပြုလုပ်ခြင်းတို့ကို ပေါင်းစပ်ကာ သတင်းအမှားများကို ဖော်ထုတ်ပေးနေပါသည်။
အဆိုပါအဖွဲ့သည် သူတို့၏ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများ၏ စွမ်းဆောင်ရည်များကို နည်းပညာကိရိယာများ အသုံးပြုပြီး တိုးချဲ့ရန် မျှော်လင့်နေပါသည်။ သူတို့သည် ထိုစီမံကိန်းကို ဤကဲ့သို့ ဖော်ပြထားပါသည်။
We verify any known posts with the below actions:
1. Contact the person/organization mentioned in the post
2. Do an extensive search (online and offline) to find any further fine information about the news- How We Work, check4spam.com
ကျွန်ုပ်တို့သည် ပေးပို့လာသော သတင်းများကို အောက်ပါအတိုင်းပြုလုပ်ခြင်းဖြင့် မှန်မမှန်စစ်ဆေးသည်။
check4spam.com - ကျွန်ုပ်တို့အလုပ်လုပ်ပုံ -
(၁) သတင်းထဲတွင် ဖော်ပြထားသော ပုဂ္ဂိုလ်/အဖွဲ့အစည်းကို ဆက်သွယ်မေးမြန်းခြင်း
(၂) (အင်တာနက်ပေါ် နှင့် ပြင်ပတွင်) ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေစုံးစမ်းပြီး ထိုသတင်းနှင့်ပက်သက်သော ထပ်ဆောင်းအချက်အလက်များကို စုဆောင်းခြင်း
(SPAM) Top 10 Corrupt Political Parties in The World 2017 by BBC https://t.co/wb2yJxHYpn pic.twitter.com/hlisxbmPTA
— check4spam (@check4spam) March 22, 2017
(သတင်းတု) ၂၀၁၇ ခုနှစ် ကမ္ဘာတွင် အကျင့်ပျက်ချအစားဆုံး နိုင်ငံရေး ပါတီ ၁၀ ခု – ဘီဘီစီ
အိန္ဒိယနိုင်ငံတွင် အင်တာနက်အသုံးပြုမှုသည် အရှိန်အဟုန်မြင့်မားစွာ တိုးမြင့်နေပါသည်။ ၎င်းတို့ထဲတွင် သက်ကြီးရွယ်အိုများလည်း အပါအဝင်ဖြစ်သည်။ အင်တာနက်အသုံးပြုသူအသစ်များသည် မှန်ကန်ယုံကြည်နိုင်သော နေရာမှလာသော သတင်းများနှင့် မှားယွင်းပြီး သူတပါးကို ထိခိုက်စေလိုသော သတင်းများကို ခွဲခြားသိမြင်နိုင်ခြင်း မရှိသေးပါ။ အင်တာနက်ပေါ်တွင် အလိမ်အညာများနှင့် အသုံးပြုသူ၏ စက်ထဲမှ ကိုယ်ရေးအချက်အလက်များကို ခိုးယူသည့် virus software များကလည်း ပေါများလှသည်။
ဤ အင်တာနက်နေရာကို တည်ထောင်ခဲ့သော Bal Krishn Birla (ဘား ခရစ်ရှင်း ဘီလာ) နှင့် Shammas Oliyath (ရှမ်မားစ် အိုလီယ) တို့သည် အိန္ဒိယ နိုင်ငံ Bengaluru (ဘန်ကလူရု) မြို့တွင် အခြေစိုက်နေသော အတွေ့အကြုံရှိ နည်ပညာသမား နှစ်ဦးဖြစ်သည်။ “မိဘပြည်သူများကို အကြွင်းမဲ့ဝန်ဆောင်မှု” ပေးလိုသော မျှော်မှန်းချက်ဖြင့် သူတို့သည် သာမာန်ပြည်သူများ၏ ဘဝကို လွယ်ကူအောက်ပြုလုပ်ပြီး သတင်းမှားလွှင့်သူများ၏ လုပ်ငန်းကို ခက်ခဲအောင်ပြုလုပ်ဖို့ တာဝန်ကို ခံယူထားပါသည်။ သူတို့သည် လူမှုကွန်ယက်ပေါ်တွင် သတင်းမှား၏ ဒါဏ်ကိုခံနေရသော အိန္ဒိယပြည်သူများကို ပညာပေးဖို့ ကျိုးပန်းဆောင်ရွက်နေကြပါသည်။
သတင်းများ မှန်မမှန် စစ်ဆေးဖို့ စာပေးပို့ရန်အတွက်၂၀၁၆ သြဂုတ်လကစပြီး သူတို့သည် WhatsApp ဖုန်းနံပါတ်တစ်ခုကို ဖွင့်ထားခဲ့ပါသည်။ Shammas Oliyath (ရှမ်မားစ် အိုလီယ) အဆိုအရ တနေ့လျှင် စာ(message) ၁၀၀ ကျော်ရရှိလေ့ရှိသည်။ Shammas အတွက်တော့ နေ့လည်စာစားချိန်ဆို ထိုစာများကိုဖတ်ပြီး တနေ့လုံး ထိုသတင်းများကို မှန်မမှန် သုတေသန ပြုလုပ်ပါတော့သည်။
Check4Spam သည် ကိုယ်တိုင်ရရှိသောရန်ပုံငွေနှင့် လည်ပတ်ပါသည်။ သူတို့၏ စာမျက်နှာ တွင် ကြေငြာထားသော ကြေငြာများမှ ဝင်ငွေရရှိပြီး ထိုငွေများကို လုပ်ငန်းလည်ပတ်ဖို့ အသုံးပြုပါသည်။ ဥပမာ Facebook မှတဆင့် ၎င်းတို့၏ အင်တာနက်စာမျက်ကို ကြေငြာရန် သုံးခြင်းမျိုးဖြစ်သည်။
#Check4Spam
1 Add +9035067726 on your phone.
2 Copy the content you doubt.
3 WhatsApp them. They'll tell you if it is fake or not. RT pic.twitter.com/tJHj0we7uI— VenuMaun (@VenuSpeak) March 28, 2017
#Check4Spam (#သတင်းတုများစစ်ပါ)
1 သင့်ဖုန်းတွင် +9035067726 ကို ထည့်ထားပါ။
2 သင် သံသယရှိသော အကြောင်းအရာကို ကူးယူပါ။
3 WhatsApp မှ တဆင့် ၎င်းတို့ကို ပေးပို့လိုက်ပါ။ ဝိုင်းတော်သားများက သင့်ကို ထိုသတင်း အစစ်ဟုတ်မဟုတ် ပြောပြပါလိမ့်မည်။
လောလောဆယ်တွင် check4spam.com သည် စာများသီးသန့်သာပါသော ပေးပို့စာ (message)၊ ဓာတ်ပုံသပ်သပ်သာပါသော ပေးပို့စာ၊ နှင့် ဓာတ်ပုံ-စာသားပူးတွဲပါသော ပေးပို့စာများကို စစ်ဆေးပေးနိုင်ပါသည်။ ထို့အပြင် အသုံးပြုသူများကိုယ်တိုင် ရှာဖွေဖော်ထုတ်လိုက်မိသော သတင်းတု (spam) များကိုလည်း ပေးပို့စေကာ လူထုပူးပေါင်းထည့်ဝင်မှု(crowdsource)ပုံစံဖြင့် သတင်းတုများကို စုဆောင်းကာ ဖော်ထုတ်ပါသည်။ ဖော်ထုတ်ထားသော သတင်းပို့စာများကို အင်တာနက် ကောလာဟလ၊ အလုပ်၊ ဆေးပညာ၊ ပျောက်ဆုံးမှု၊ အစိုးရ လုပ်ငန်းများ၊ ကြေငြာများ စသဖြင့် အမျိုးအစားများခွဲခြားထားပါသည်။
တစ်လလျှင် ဤအင်တာနက်နေရာသည် ဝင်ရောက်ဖတ်ရှုသူပေါင်း ၅ သိန်းခန့် ရှိပါသည်။