အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ညစ်ညမ်းဝဘ်ဆိုဒ် ၅၆ဝခန့်ကို ပိတ်ပင်တားမြစ်

Image by Geralt via Pixabay. From Public Domain.

Image by Geralt via Pixabay. From Public Domain.

ဘင်္ဂလားဒေရှ်အစိုးရသည် ညစ်ညမ်းဝဘ်ဆိုဒ်ပေါင်း ၅၆၀ ခန့်ကို ပိတ်ပင်ခြင်းဖြင့် အင်တာနက်မှ ကန့်ကွက်ချင်စရာ အကြောင်းအရာများကို ကြည့်ရှုခြင်းကို ဆန့်ကျင်သည့် လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ပါသည်။ ထိုဝဘ်ဆိုဒ် ၅၆၀ အထဲမှ အတော်အများဟာ ပြည်တွင်းအခြေဆိုက်ထားသော စာမျက်နှာများ ဖြစ်ကြသည်။ အင်တာနက်ဝန်ဆောင်ကုမ္ပဏီများ၊ Gateway များနှင့် ဖုန်းအင်တာနက်ကုမ္ပဏီများထံသို့ ပိတ်ပင်ရန် ထိုညစ်ညမ်းဝဘ်ဆိုဒ်များ၏စာရင်းကို ပေးအပ်ခဲ့သည်။ ထိုစာရင်းကိုတော့ မီဒီယာမှ မထုတ်ဖော်ရသေးပါ။

ယခုနှစ်အစောပိုင်းတုန်းကတည်းက ဘင်္ဂလားဒေရှ်အာဏာပိုင်များသည် ညစ်ညမ်းဝဘ်ဆိုဒ်များ ပိတ်ပင်ရန် ၎င်းတို့၏ ဆန္ဒကို အချက်ပြခဲ့ရာ ၎င်းအပေါ် တုန့်ပြန်မှုအမျိုးစုံ ထွက်ပေါ်လာစေခဲ့ပါသည်။ စာတိုက်နှင့် ဆက်သွယ်ရေး နိုင်ငံတော်ဝန်ကြီး တရန ဟာလင်း (Tarana Halim) အဆိုအရ ညစ်ညမ်းဝဘ်ဆိုဒ်များ နှင့် ရိုင်းဆိုင်းသော အကြောင်းအရာများကို လွယ်ကူစွာဝင်ရောက်နိုင်ခြင်းသည် ဆယ်ကျော်သက်လူငယ်များ
အပါဝင် နိုင်ငံသားအားလုံးအပေါ် လူမှုရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုကို ဖန်တီးဖြစ်ပွားနေစေသည်ဟု ဆိုပါသည်။

ဘင်္ဂလားဒေရှ် ဆက်သွယ်ရေး စီမံကြပ်မတ်ရေး ကော်မရှင်အဆိုရ နိုင်ငံတွင်း (ခန်မှန်းခြေလူဦးရေစုစုပေါင်း ၁၆၀ သန်းခန့်  အထဲမှ) အင်တာနက်သုံးစွဲသူအရေအတွက်ဟာ  ၆၂သန်းကျော်အထိ မြင့်တက်လာခဲ့သည်။ အင်တာနက်သုံးစွဲသူ ၉၅ ရာခိုင်နှုန်းခန့်ဟာ မိုဘိုင်းဖုန်းမှတဆင့် အသုံးပြုကြပါသည်။ ထို့အပြင် ၃၀ ရာခိုင်နှုန်းသော အင်တာနက်သုံးစွဲမှုများသည် ညစ်ညမ်းဝဘ်ဆိုဒ်များကို ကြည့်ရှု့ကြကြောင်းသိရပါသည်။ NGO အဖွဲ့စည်းတစ်ခုဖြစ်သော Manusher Jonno Foundation မှ မကြာခင်က ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုအရ မြို့တော်ရှိ ကျောင်းသူကျောင်းသားများထဲမှ ၇၇ ရာခိုင်နှုန်းခန့်ဟာ မိုဘိုင်းဖုန်း နှင့် အခြားသော နည်းလမ်းများမှတဆင့် ညစ်ညမ်းရုပ်ရှင်များကို ကြည့်ရှုကြကြောင်း တွေ့ရှိသည်။

၂၀၁၆ နိုင်ဝင်ဘာလတွင် စာတိုက်နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနသည် ကော်မတီတစ်ခုကိုဖွဲ့စည်းခဲ့သည်။ ၎င်း၏ လုပ်ပိုင်ခွင့်တာဝန်မှာ ညစ်ညမ်းစာမျက်နှာများကို ကြည့်ရှုမှုကို ကန့်သတ်ရန် အကြံပြုချက်များ တင်ပြပေးရန်ဖြစ်သည်။ ယခုလောလောဆယ်အထိတော့ ၎င်း၏ အဓိက ဖြေရှင်းနည်းမှာ ထိုစာမျက်နှာများကို ပိတ်ပင်ပစ်ရန်ဖြစ်သည်။

ကော်မရှင်သည် မကြာခင်အချိန်က ပိတ်ပင်ခဲ့သော ညစ်ညမ်းဝဘ်ဆိုဒ်ပေါင်း ၅၆၀ ကို တင်ပြခဲ့ပါသည်။ အဆိုပါ ပိတ်ပင်တားမြစ်ခြင်းသည် အင်တာနက်သုံးစွဲသူများကြားတွင် အမျိုးမျိုးသော တုန့်ပြန်မှုများကို စတင်ဖြစ်ပွားစေခဲ့ပါသည်။ ဘလော့ဂါ တစ်ယောက်ဖြစ်သော Arifur Rahman သည် သူ၏ Facebook စာမျက်နှာတွင် ယခုလိုရေးသားခဲ့ပါသည်။

…যৌনতা নিয়ে একদিকে ধর্মীয় কুৎসিত পাপবোধের জর্জরিত মেয়েটি যখন শ্বেতাঙ্গী নাট্যপটিয়সীর অবাস্তব পর্নো দেখে অদ্ভূত অবাস্তব আকঙ্খা-জর্জরিত বাদামী চামড়ার ছেলেটির সাথে জীবনে প্রথমবারের মতো যৌনতার মুখোমুখি, তখন আনাড়ী নারীর কাছ থেকে যে বিপুল আশাভঙ্গ হয় ছেলেটির, অথবা ছেলেটির অবাস্তব দাবিতে একদিকে মুষড়ে পড়া মেয়েটি নিজের অনাবিষ্কৃত যৌনতাকে আরো বেশি ঘৃনা করতে থাকে।

ফলাফল কারো জন্যই ভালো নয়। সুস্থ যৌনতা দরকার, এর সাথে স্বাস্থ্যের গুরুত্বপূর্ণ যোগ রয়েছে।

လိင်ဆက်ဆံခြင်းဟာ အပြစ်ရှိတယ်လို့ ဘာသာရေးအရခံယူထားတဲ့ မိန်းကလေးတစ်ယောက်က လေ့ကျင့်ပြီးကျွမ်းကျင်နေတဲ့ အနောက်တိုင်းသား ညစ်ညမ်းသရုပ်ဆောင်များရဲ့ လက်တွေ့မဆန်တဲ့ ဆန်းဆန်းပြားပြား လိင်ဆက်ဆံသရုပ်ဆောင်ပုံတွေကို ကြည့်ထားပြီး အားကျမျှော်လင့်နေတဲ့ ယောက်ျားလေးတစ်ယောက်နဲ့ ပထမဆုံးအကြိမ် လိင်ဆက်ဆံတဲ့အခါ ယောက်ျားလေးနေနဲ့ စိတ်ပျက်မှုအကြီးကျယ်ရရှိနိုင်သလို မိန်းကလေးအနေနဲ့လည်း ယောက်ျားလေးရဲ့ လက်တွေ့မဆန်တဲ့ တောင်းဆိုမှုတွေမှာ စိတ်ဓာတ်ကျဆင်းရနိုင်ပါတယ်။ သူမရဲ့ အတွေ့ကြုံမရှိသေးတဲ့ လိင်ပိုင်းဆိုင်ရာကိစ္စများကို အရင်ကထက် ပိုမိုမုန်းတီးသွားပါမယ်။ ရလဒ်အနေနဲ့ကတော့ ဘယ်သူ့အတွက်မှ မကောင်းပါဘူး။ ကျွန်တော်တို့ဟာ ကျန်းမာသော လိင်မှုဘဝကို လိုအပ်ပြီး ၎င်းဟာ  ကျန်းမာရေးအတွက် အရေးပါသော ဆက်စပ်မှုရှိပါတယ်။

ဒက္ကာ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်မှ လက်ထောက်ပါမောက္ခ ဖြစ်သူ BM Mainul Islam က ယခုလိုရေးသားခဲ့ပါတယ်။

সত্যি কথাটা হচ্ছে, দেশে না বিদেশে জেনারেট হচ্ছে সেটা বড় কথা নয়। সব যদি বন্ধ করা না যায়, তাহলে মঙ্গল গ্রহে পর্ন জেনারেট হলেও সেটা যার খুঁজে নেয়ার সে খুঁজে নেবে। পর্ন একটা সমস্যা সেটাতে সন্দেহ নেই। কিন্তু, সেটাই এখন আমাদের প্রায়োরিটি কিনা সেটা ভেবে দেখার বিষয় আছে। যে সিদ্ধান্তগুলো নেয়া হচ্ছে সেগুলো নিয়ে বিশদভাবে পড়ে দেখার সুযোগ আমার হয়নি, তাই মন্তব্য করছি না। কিন্তু, এটা নিশ্চিত যে, সিদ্ধনাতগুলো ড্যাটা ড্রিভেন না। অ্যাট লিস্ট পত্রিকার খবর পড়েতো তাই মনে হচ্ছে।

အမှန်ကတော့ ညစ်ညမ်းဝဘ်ဆိုဒ်တွေဟာ ပြည်တွင်းကလား ပြည်ပကလာလားဆိုတာက ပြသာနာမဟုတ်ပါဘူး။ ညစ်ညမ်းဝဘ်ဆိုဒ်တွေ အကုန်လုံးကို မပိတ်ပင်နိုင်ဘူးဆိုရင် ညစ်ညမ်းရုပ်ရှင် ကြည့်ချင်တဲ့သူတယောက်အနေနဲ့ကတော့ လကမ္ဘာပေါ်မှာရှိတဲ့ ညစ်ညမ်းရုပ်ရှင်ကိုတောင် သွားရောက်ရှာဖွေကြည့်ပါလိမ့်မယ်။ ညစ်ညမ်းရုပ်ရှင်တွေက ပြသနာမဟုတ်ဘူးဆိုတာ သံသယရှိစရာမရှိပါဘူး။ ညစ်ညမ်းဝဘ်ဆိုဒ်က ပထမဦးစားပေးဖြေရှင်းရမယ့်အရာဟုတ်လား မဟုတ်ဘူးလားဆိုတာက သုံးသပ်စရာပါ။ ဆုံးဖြတ်ချက်တွေက ချပြီးသွားပါပြီ၊ ကျနော့်အနေနဲ့ အစီရင်ခံစာတွေကို အသေးစိတ်မဖတ်ရနိုင်တဲ့အတွက်ကြောင့် သုံးသပ်ချက်မပေးနိုင်ပါဘူး။ ဒါပေမယ့် ဒီဆုံးဖြတ်ချက်တွေက အချက်အလက်များကို ကောက်ယူပြီး အဖြေဖော်ထားတာမဟုတ်ဘူးဆိုတာ သေချာပါတယ်။ အနည်းဆုံးတော့ ဒီဟာက သတင်းစာတွေထဲက အစီရင်ခံတာတွေကို ဖတ်ပြီး ပြုလုပ်ထားသလိုပါပဲ။

ဝန်ကြီးဌာနဟာ ကောင်မရှင်ထံမှ အစီရင်ခံစာကို စောင့်နေစဉ်အတောတွင်း အစောပိုင်းက စာတိုက်နှင့် ဆက်သွယ်ရေး နိုင်ငံတော်ဝန်ကြီး၏ အထင်မြင်လွဲစေသော ပြောကြားမှုကြောင့် ဘင်္ဂလားဒေရှ်ပြည်သူတွေကြား ဇဝေဇဝါများနှင့် အမြင်မတူကွဲပြားမှုများကို ဖြစ်ပွားစေခဲ့သည်။ မီဒီယာသည် စာတိုက်နှင့် ဆက်သွယ်ရေး ဆက်သွယ်ရေးဝန်ကြီး Tarana Halim ၏ ပြောကြားချက်ကို လွဲမှားစွာ ဖော်ပြခဲ့ကြပါသည်။ အာဏာပိုင်များဟာ ညစ်ညမ်းဝဘ်ဆိုဒ်များကို ဝင်ရောက်ကြည့်ရှုသူများ၏ အချက်လက်များကိုဖွင့်ချမည့် ယန္တယားတစ်ခုကို တီထွင်ခြင်းဖြင့် မိမိတို့၏အချက်လက်များ ဖော်ထုတ်ခံရမည်ကို စိုးရွံအောင်ပြုလုပ်ကာ ပြည်သူများ ညစ်ညမ်းဝဘ်ဆိုဒ်များကို ဝင်ရောက်ကြည့်ခြင်းများကို ဟန်တားစေမည့်နည်းလမ်းတစ်ရပ်အဖြစ် ဝန်ကြီးကမြင်သည်ဟု မီဒီယာက မှားယွင်းစွာဖော်ပြခဲ့သည်။

ထိုသတင်းသည် ဇဝေဇဝါများဖြစ်စေကာ ပြည်သူများမှ စိတ်ဆိုးသည့် တုန့်ပြန်မှုများဖြစ်စေခဲ့ပါသည်။ ဒီဇင်ဘာ ၁၃ရက်နေက ဝန်ကြီးသည် သူမ၏ Facebook စာမျက်နှာတွင် ထုတ်ပြန်ချက်တခု ရေးသားခဲ့ပြီး သူမ၏ စကားကို မှားယွင်းစွာဖော်ပြခဲ့သည်ဟု ရှင်းပြခဲ့သည်။

পর্ন সাইটের প্রবেশকারীদের নামের তালিকা করার কোন কথা কখনই বলিনি। এটি হবেও না। টেকনিক্যালিও সম্ভব নয়। মানুষের পরিচয় তথা ব্যক্তিগত তথ্যের সুরক্ষা দিতে আমরা বাধ্য ও বদ্ধপরিকর।

ညစ်ညမ်းဝဘ်ဆိုဒ်များကို ဝင်ရောက်ကြည့်ရှုသူများ၏ နာမည်စာရင်းကို ထုတ်ပြောမယ်လို့ ကျမ တခါမှ မပြောခဲ့ပါဘူး။ နည်းလမ်းအရ အဲ့ဒါက ဖြစ်လည်းမဖြစ်နိုင်ပါဘူး။ ကျမတို့ဟာ လူတွေရဲ့ မည်သူမည်ဝါဖြစ်ကြောင်းနဲ့ အတွင်းရေး အချက်လက်များကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်အပြည့်ယူပြီးသားပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ညစ်ညမ်းရုပ်ရှင် နှင့် ဥပဒေ
၂၀၁၂ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်အစိုးရသည် ထောင်ဒဏ် ၁ဝနှစ်အထိ သို့မဟုတ် တကာငွေ ၅ သိန်းအထိ ဒဏ်ငွေချမှတ်နိုင်သော ပြစ်မှုပါဝင်သည့် ညစ်ညမ်းရုပ်ရှင်ဆန့်ကျင်သော ဥပဒေကို သတ်မှတ်ခဲ့သည်။ အဆိုပါ ညစ်ညမ်းရှပ်ရှင်ထိန်းချုပ်ရေး ဥပဒေသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ညစ်ညမ်းရှပ်ရှင်များကို လက်ဝယ်တွေ့ရှိခြင်း၊ လဲလှယ်ခြင်း၊ ကြည့်ရှုခြင်း၊ ရောင်းဝယ်ခြင်း၊ ဖြန့်ဝေခြင်း နှင့် ရိုတ်ကူးခြင်းများကို တားမြစ်ထားပါသည်။

ညစ်ညမ်းအနုပညာနှင့် ပက်သက်ပြီး ဥပဒေအခြေအနေပြ ကမ္ဘာ့မြေပုံ။ Image via Wikipedia, public domain

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မူဆလင်အများစုရှိသော နိုင်ငံဖြစ်ပြီး ပြည်သူအများပြားသည် အွန်လိုင်းပေါ်ရှိ ညစ်ညမ်းရုပ်ရှင်များ ပြန်နှံ့နေခြင်းနှင့် အသုံးပြုနေမူများအပေါ် စိုးရိမ်မှုများကို ဖော်ပြခဲ့ကြသည်။ သို့သော်အဆိုပါကိစ္စသည် ဒီမိုကရေစီတစ်ခုဖြစ်သည်။

အစိုးရသည် “လူငယ်များနှင့် အမျိုးသမီးများကို ညစ်ညမ်းရုပ်ရှင်မှ ကာကွယ်ရန်”အတွက် ညစ်ညမ်းရုပ်ရှင်ဝဘ်ဆိုဒ်များကို  ပိတ်ပင်တားမြစ်နေရန် အာရုံစိုက်နေသည်ဟု မြင်နိုင်ပါသည်။ သို့သော် ဘင်္ဂလားဒေ့ရှ်ပြည်သူများဟာ အစိုးရသည် အများပြည်သူ၏ ကိုယ်ကျင့်တရားစံနှုန်းများကို သတ်မှတ်ရန် ကြိုးစားနေသည်ဟု ယုံကြည်လျက်ရှိသည်။ ညစ်ညမ်းဝဘ်ဆိုဒ်အချို့ကို ပိတ်ပင်တားမြစ်ခြင်းအားဖြင့် ပြည်တွင်းရှိ ညစ်ညမ်းရုပ်ရှင်များ ကြည့်ရှုမှု လျော့ကျသွားမည်ဟု အာမမခံနိုင်ပါ။ သုံးသပ်သူတစ်ဦး၏ ပြောသည့်တိုင်းဆိုရလျှင် အစိုးရအနေဖြင့် “ညစ်ညမ်းဝဘ်ဆိုဒ်များကို လိုက်လံပိတ်ပင်တားမြစ်နေမည့်အစား ပြည်သူများကို လိင်မှုဆိုင်ရာပညာပေးခြင်းများ ပိုမိုလုပ်ဆောင်ရန် အာရုံစိုက်နိုင်ဖို့လိုပါသည်”။

ဆွေးနွေး​ပြောဆို​ခြင်း​ကို စတင်​ရန်

စာရေး​သူ​များ၊ ကျေးဇူးပြု​၍ ဝင်​ရန် »

လမ်း​ညွှန်​ချက်​များ

  • မှတ်ချက်​များ​အားလုံး​ကို ကြီးကြပ်​သူ​တစ်​ဦး​က ဖတ်​ရှု​စစ်ဆေး​ပါ​သည်။. မှတ်ချက်​များ​ကို တစ်​ကြိမ်​ထက် ပို​မ​ပေး​ပါ​နှင့်၊ မဟုတ်​လျှင် မ​လို​အပ်​သော​စာ​အဖြစ် သတ်​မှတ်​ခြင်း​ခံ​ရ​ပါ​မည်။.
  • အခြား​သူ​များ​ကို လေး​လေးစား​စား ဆက်ဆံ​ပေး​ပါ။. လူ​မျိုး​ရေ၊ ဘာသာ​ရေး​နှင့် လိင်​ပိုင်း​ဆိုင်​ရာ တိုက်ခိုက်​မှု​များ​ပါဝင်​သည့် မှတ်ချက်​များ​ကို အတည်ပြု​ပေး​လိမ့်​မည် မဟုတ်​ပါ။.