သတင်းဆောင်းပါးများ လွတ်လပ်စွာပြောဆိုခွင့်
အခမဲ့ဖေ့ဘုတ် (Free Facebook)ကို အသုံးပြုပါက သတင်းမှားသတင်းတုများကို ခွဲခြားရန် ပိုမိုခက်ခဲနိုင်
Free Basics ၏ ကန့်သတ်ချက်များသည် ဆင်းရဲသော အသုံးပြုသူများအား အသုံးဝင်သော သတင်းချက်အလက်များကို လက်လမ်းမှီမှု နည်းပါးစေကာ ထိုသတင်းသည် ယုံကြည်နိုင်စရာရှိမရှိ ဆုံးဖြန်ရန် မတတ်နိုင်လည်းပြုလုပ်ထားသည်။
ဟောင်ကောင်မှ ကိုယ်တိုင်ဆင်ဆာဖြတ်မှု
ကျုံးနန်ဟိုင်က အာရှအမေရိကန် ဂျာနယ်လစ်အဖွဲ့အစည်းရဲ့ စကားဝိုင်းဆွေးနွေးပွဲက ဟောင်ကောင်မှာရှိတဲ့ ကိုယ်တိုင်ဆင်ဆာဖြတ်မှုနဲ့ပတ်သက်တဲ့အခြေအနေကို ဖော်ပြခဲ့ပါတယ်။ အဲဒါတွေထဲက တစ်ခုကတော့ ဟောင်ကောင်မီဒီယာဂေဟဗေဒက “ပြည်မအတွေးအခေါ်သွတ်သွင်းမှုပြုခြင်း”ပဲ ဖြစ်ပါတယ်။ ဂျာနယ်လစ်ဟောင်းတစ်ဦးဖြစ်ပြီး လာမယ့် ဥပဒေပြုရေးကောင်စီရွေးကောက်ပွဲအတွက် ရွေးကောက်ခံအမတ်လောင်းတစ်ဦးဖြစ်တဲ့ ကလောဒီယာမိုက တင်ပြရှင်းလင်းခဲ့တာပါ။
ပါကစ္စတန်၊ ခရစ်ယာန်ဘာသာဝင် (၁၁)နှစ်သမီးအား ဘုရားသခင်ကို စော်ကားမှုအတွက် ဖမ်းဆီးထိန်းသိမ်း
ကျွန်တော်တို့ ဘုရားသခင်စော်ကားမှု ဥပဒေကို မပြင်နိုင်ပါဘူး။ က၊ လူအုပ်ကြီးက လုံးဝဂရုမစိုက်ဘဲ အကြမ်းဖက်မှုတွေ ပျံ့အောင်လုပ်လိမ့်မယ်၊ ခ၊ ရှီးရားလူသတ်မှုစလာမှာကိုလည်း ရဲတွေက မတားနိုင်ဘူးမဟုတ်လား။ ဘယ်လိုသွားလုပ်ကြမှာလဲ
တောင်ကိုရီးယား၊ အငြင်းပွားဖွယ် အွန်လိုင်းတေးဂီတဗီဒီယို သတ်မှတ်ချက်စနစ် စတင်
တောင်ကိုးရီးယား အာဏာပိုင်များက အွန်လိုင်းပေါ်တင်တဲ့ ဂီတဗီဒီယိုတွေအတွက် အဆင့်သတ်မှတ်ချက် စနစ်အသစ်တစ်ခုကို စတင်လိုက်ပါတယ်။ ဒီဥပဒေအသစ်က ဂီတဗီဒီယိုတိုင်း (ဒါမှမဟုတ် အရောင်းမြှင့်တင်ရေး ဗီဒီယိုတိုင်း)နဲ့ ရုပ်ရှင်ထွေလာတွေကိုတောင် မတင်ခင် အဆင့်သတ်မှတ်ဖို့လိုတယ်လို့ ဆိုပါတယ်။ ဒီလိုလုပ်ဖို့ ပျက်ကွက်ရင် ထောင်ဒဏ်နှစ်နှစ် ဒါမှမဟုတ် အတော်ကြီးတဲ့ ဒဏ်ကြေးငွေကို ပေးဆောင်ရနိုင်ပါတယ်။
ပူစီ ရိုင်းရတ်(ထ်) အားရုံးထုတ်စဉ်အတွင်း စစ်တုရင်မာစတာ ဂယ်ရီ ကက်စပါရော့၏ အဖမ်းခံရမှု
မီဒီယာများ၌ ပြည့်နှက်နေသော ပူစီ ရိုင်းရတ်(ထ်) ခုံရုံးထုတ်မှုဆိုသည်ထက် ပိုပြီးအံ့အားသင့်စရာ ဖြစ်ခဲ့ရသည်ဆိုလျှင် ဘုရားရှိခိုးကျောင်းတစ်ခု၌ "ပန့်ခ် ဆုတောင်းသူ" အနုပညာတင်ဆက်မှု တရားမဝင် ပြုလုပ်ခဲ့သော အမျိုးသမီးသုံးရောက်အား ထောင်ဒဏ် (၂)နှစ်ချမှတ်ခဲ့သည့် သြဂုတ် ၁၇ ရက်နေ့ အမှုကြားနာနေစဉ်အတွင်း ထိုအမှုကြားနာခြင်းသို့တက်ရောက်ခဲ့သူ ကော့ကေးရှန်းဖွား စစ်တုရင် မာစတာဟောင်း ဂယ်ရီ ကက်စပါရော့ အဖမ်းခံခဲ့ရသည့် သတင်းပင်ဖြစ်ပါလိမ့်မည်။
အကျပ်အတည်းထဲမှ ဂရပ်(ဖ်)တီ (စာလုံးခြယ်မှုန်းခြင်း အနုပညာ)
လက်ရှိ စီးပွားရေးအကျပ်အတည်းမှာ ဂရပ်(ဖ်)တီက မြို့တော်တွေတော်တော်များများမှာ လူမှုရေးစာသားတွေနဲ့ ပေါများလာပါတယ်။ ဒါကတော့ မြို့ပြအနုပညာဖန်တီးမှုရဲ့ နမူနာတစ်ခုပါ။
ယီမင်၊ အငြင်းပွားတိုက်ခိုက်မှုကို သတင်းယူနေစဉ် သတင်းထောက် မိုဟာမက် အယ်(လ်)ကဒ်ဟီ အဖမ်းခံရ
အဒမ်ဘာရွန်က အောက်ပါအတိုင်း တွစ်တာစာတို ပို့ခဲ့ပါတယ်၊ “သူရဲ့ဖေ့(စ်)ဘွတ်(ခ်)ကနေပြီး သတင်းတစ်ပုဒ်တက်လာတယ်၊ ယီမင်လူမျိုး သတင်းထောက် @mohammedalqadhiက #yemen ကာကွယ်ရေးဝန်ကြီးဌာနမှာ အငြင်းပွားတိုက်ခိုက်မှုအကြောင်း သတင်းယူနေတုန်း အဖမ်းခံခဲ့ရပါတယ်။
အဆဲန့်(ချ်) နိုင်ငံရေးခိုလှုံမှုအတွက် အီကွေဒေါ၏ တုံ့ပြန်မှု
"နိုင်ငံထဲမှာကျ မရှိတဲ့ လွတ်လပ်စွာဖော်ပြခွင့်အကြောင်းကို သူတို့အရမ်းပြောနေကြတယ်။" အီကွေဒေါလူမျိုး နက်တီဇင်တစ်ယောက်က ဝီကီလိ(ခ်)တည်ထောင်သူကို အစိုးရက နိုင်ငံရေးခိုလှုံခွင့်ပေးလိုက်တာနဲ့ ပတ်သက်ပြီး ဝေဖန်ထားပါတယ်။ တချို့တွေကတော့ ဒီထူးခြားတဲ့လှုပ်ရှားမှုအတွက် ပျော်ပွဲဆင်နွှဲနေကြပါတယ်။
မလေးရှား၊ ဆန္ဒပြပြီးနောက်တွင် ဝက်(ဘ်)ဆင်ဆာဥပဒေကို သုံးသပ်ရန် မလေးရှားအစိုးရ ကတိပြု
နက်တီဇင်တွေစုစည်းခဲ့တဲ့ အွန်လိုင်းဆန္ဒပြမှုကို တုံ့ပြန်တဲ့အနေနဲ့၊ ဝေဖန်သူတွေက နိုင်ငံထဲက အင်တာနက်လွတ်လပ်ခွင့်ကို ကန့်သတ်တယ်လို့ပြောကြတဲ့ အငြင်းပွားဖွယ် ဥပဒေပြင်ဆင်ချက်ကို မလေးရှားအစိုးရက ပြန်လည်သုံးသပ်မယ်လို့ ဆိုပါတယ်။