
ဘန်ကောက်ရှိ ထိုင်းအာဏာသိမ်းခြင်းအား ဆန့်ကျင်ဆန္ဒပြသူများက လွတ်လပ်မှု၊ ညီမျှမှုနှင့် သဟာယဖြစ်မှုတို့အား ထင်ဟပ်သော လက်သုံးချောင်သင်္ကေတအား ပြနေကြစဉ်။ ဓာတ်ပုံ – ရော့(စ်)တွန်း ထရီယို့(စ်)၊ မူပိုင် @Demotix (၁/၆/၂၀၁၄)
ထိုင်းနိုင်ငံတွင် ဆန္ဒပြသူများသည် ၄င်းတို့၏ ဆန္ဒများအား ဖော်ထုတ်ရန် ဆန်းသစ်သော နည်းလမ်းများကို တွေ့ရှိခဲ့ကြသည်။ ဟောလိဝုဒ်ရုပ်ရှင်တစ်ကားဖြစ်သည့် “Hunger Games”တွင်ပါရှိသော “လွတ်လပ်မှု၊ ညီမျှမှုနှင့် သဟာယဖြစ်မှု”ဆိုသော လူအများလိုလားချက်တို့အား အမှတ်အသားပြုသည့် လက်သုံးချောင်းထောင်ပြ၍ သင်္ကေတပြမှုအား အတုယူလုပ်ဆောင်ခဲ့ကြသည်။
ထိုင်းအာဏာသိမ်းစစ်တပ်၏ အစောပိုင်း ညွှန်ကြားချက်တစ်ခုမှာ လူငါးယောက် (သို့) ၄င်းထက်ပို၍ အစုအဝေးပြုခြင်းကို တားမြစ်ခဲ့ခြင်းဖြစ်သည်။ ထိုတားမြစ်ချက်သည် အာဏာသိမ်းခြင်းအားဆန့်ကျင်ဆန္ဒပြသူတို့အား နေရာစုံသို့သွား၍ စုစည်းသွားရောက်ခြင်းအား မရပ်တန့်နိုင်ခဲ့ပေ။ သို့ရာတွင် စစ်တပ်သည် ဆန္ဒပြသူများအပေါ် ပိုတင်းမာလာခဲ့ပြီး ထိုဥပဒေအားချိုးဖောက်သူများအား ဖမ်းဆီနေသည်။
နောက်ပိုင်းတွင် ရေပန်းစားပျံ့နှံ့ခဲ့သော ဗီဒီယိုတစ်ခုတွင် ဆန္ဒပြသူ အမျိုးသမီးတစ်ဦးအား အငှားယာဉ်အတွင်းသို့ အတင်းထိုးသွင်းနေသော ယူနီဖောင်းမဝတ်ထားသည့် ရဲတစ်ဦးအား တွေ့ရသည်။ တာဝန်ရှိသူများက ထိုအမျိုးသမီးအား စစ်မေးရန် ရဲဌာနချုပ်သို့ ပို့ခဲ့ကြောင်း ဝန်ခံထားသည်။
အောက်တွင် “Hunger Games” သင်္ကေတဖြင့် ဘန်ကောက်တွင် ဆန္ဒပြသူများ၏ ဓာတ်ပုံအချို့ကို ဖော်ပြထားသည်။
Hunger Games style. MT @c4sparks: Three finger anti-thai coup salute offered fleetingly by these woman at a BKK mall pic.twitter.com/ZLaw5bnWds
— Alessio Fratticcioli (@fratticcioli) June 1, 2014
Translation goes here

ထိုင်းအာဏာသိမ်းခြင်းအား ဆန့်ကျင်ဆန္ဒပြသူများက ၄င်းတို့၏ ရုန်းကန်လှုပ်ရှားမှုအဖြစ် လက်သုံးချောင်သင်္ကေတအား ထောင်ပြနေကြစဉ်။ ဓာတ်ပုံ – ဂွန်ဇာလို အဘတ်၊ မူပိုင် @Demotix (၁/၆/၂၀၁၄)
လက်သုံးချောင်သင်္ကေတအပြင် ဆန္ဒပြသူတို့သည် ၄င်းတို့အနေဖြင့် အာဏာသိမ်းခြင်းအား ဆန့်ကျင်ကြောင်းကို နက်နက်နဲနဲပြသရန်အတွက် လူစည်ကားရာနေရာများတွင် စာအုပ်ထိုင်ဖတ်၍ ဆန္ဒပြခြင်းကိုလည်း လုပ်ဆောင်နေကြသည်။ ၄င်းတို့သည် ဆိုင်းဘုတ်ကိုင်ဆောင်ခြင်း မရှိ၊ လမ်းပေါ်တွင် စီတန်းလှည့်လည်ခြင်းလည်းမရှိ။ သို့သော် လူထူထပ်သောနေရာများတွင် ထိုင်၍ နိုင်ငံရေးစာအုပ်များကို ဖတ်ကြခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံရေးစာအုပ်များအပြင် ဆန္ဒပြသူတို့သည် ဂျော့(ခ်ျ)အော်ဝဲ(လ်)၏ ၁၉၈၄ဟူသော စာအုပ်အား ဖတ်ရသည်ကိုလည်း နှစ်သက်ကြသည်။ စစ်တပ်သည် ထိုင်းလူမှုအဖွဲ့အစည်းအား ထိန်းချုပ်ခြင်းကို ပိုမိုတင်းကျပ်ရန် ရည်ရွယ်ရင်းရှိရာ ထိုသို့ ဆန္ဒပြခြင်းသည် သင့်လျော်သည်ဟု ယူဆရသည်။
Silent anti-#ThaiCoup protesters. Reading Orwell's book “1984” at Chong Nonsi station in Bangkok. @CoconutsBangkok pic.twitter.com/2qUOS59748
— ကယ်ဗင် ဗန် ကမ်ပင်ဟော့ (@Beursparels) မေ ၂၉၊ ၂၀၁၄
Translation goes here

ထိုင်းအာဏာသိမ်းခြင်းအား ဆန့်ကျင်ဆန္ဒပြသူများက လူစုလူဝေးအား စစ်တပ်မှတားမြစ်ခြင်းကို ပြည်သူပိုင်နေရာများတွင် တိတ်တဆိတ်စာအုပ်များဖတ်ခြင်းဖြင့် ဆန့်ကျင်နေကြပုံ။ ဓာတ်ပုံ – လီလီယန် ဆုဝန်ရမ်ဖ၊ မူပိုင် @Demotix (၃၁/၅/၂၀၁၄)
ထိုင်းတပ်မတော်က မေလ(၂၀)ရက်နေ့တွင် ညမထွက်ရအမိန့်ကို ကြေညာခဲ့ပြီး နှစ်ရက်အကြာတွင် အာဏာသိမ်းခဲ့သည်။ နိုင်ငံငြိမ်သက်ပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ပြီးမှသာလျှင် ရွေးကောက်ပွဲလုပ်မည်ဖြစ်ကြောင်း စစ်တပ်က အသိပေးခဲ့သည်။
နိုင်ငံတစ်ဝန်း ညမထွက်ရအမိန့်အား အတည်ပြုပြီး နှစ်ပတ်ခန့်အကြာတွင် နိုင်ငံတကာ ခရီးသွားများ အသွားအလာများသည့် ဒေသများဖြစ်သော ပတ်တရား၊ ဆာမွေးနှင့် ဖူးခက်တို့တွင် ပြန်ရုပ်သိမ်းရန် စစ်တပ်က ဆုံးဖြတ်ခဲ့သည်။
အာဏာသိမ်းပြီးနောက် အစောပိုင်းရက်များတွင် စစ်တပ်သည် ရုပ်သံနှင့် အသံလွှင့်ဌာနများအား ထိန်းချုပ်ခဲ့သည်။ ရုပ်သံဂြိုလ်တုလိုင်းပေါင်း ၆၀၀ခန့်အား စစ်တပ်က ပိတ်ပစ်ခဲ့သည်။ ယခုအပတ်တွင် စီအန်အန်၊ ဘီဘီစီနှင့် လူကြိုက်များသည့် ကာတွန်းကားများအပါအဝင် လိုင်းပေါင်း ၄၀အား ပုံမှန် ပြန်ထုတ်လွှင့်ခွင့်ပြုခဲ့သည်။
မီဒီယာများသည် တင်းကျပ်သော စည်းမျဉ်းများအောက်တွင် လှုပ်ရှားနေရဆဲဖြစ်ပြီး ကွန်ယက်နိုင်ငံသားများအား အာဏာပိုင်များကို ဝေဖန်ခြင်းမပြုရန် စစ်တပ်က တားမြစ်အသိပေးရာတွင် ပိုမိုပြင်းထန်လာခဲ့သည်။ စိတ်ဝင်စားဖွယ်ရာကောင်းသည်မှာ အစိုးရအကြံပေးတစ်ဦးက “သတင်းများအား အလွန်အကျွံ ကြည့်ရှုနားထောင်ခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာဖိအား”ကို ခံစားရနိုင်ကြောင်း ပြည်သူများအား သတိပေးခဲ့ခြင်းပင်ဖြစ်သည်။ ထိုအကြံပေးပုဂ္ဂိုလ်ကပင် အစိုးရပိုင် ရင်းမြစ်များကိုသာ ဖတ်ရှုခြင်းဖြင့် ကျန်းကျန်းမာမာ နေထိုင်ကြရန် ပြည်သူတို့အား တိုက်တွန်းပြောဆိုခဲ့သည်။
ပြီးခဲ့သောရက်များတွင် တက္ကသိုလ်မှ ပညာရှင်များနှင့် သတင်းထောက် ရာပေါင်းများစွာကို စစ်တပ်က ဆင့်ခေါ်ခဲ့သည်။ ၄င်းတို့အများဟုမှာ အာဏာရှင်နှင့် သဘောထားကွဲလွဲပြီး ဝေဖန်လေ့ရှိကြသူများဖြစ်သည်။ ကံကောင်းထောက်မစွာပင် အချို့ကို ပြန်လွှတ်ပေးခဲ့ပြီး ၄င်းတို့၏ အတွေ့အကြုံများကို ပြန်မျှဝေနိုင်ခဲ့ကြသည်။
သနပေါ(လ်) အယ်ဝါစကူး(လ်)က စစ်တပ်ရုံးခဲ့သို့ သွားရောက်ခဲ့ပုံကို အောက်ပါအတိုင်း မျှဝေထားသည်။
ကိုယ့်ဟာကိုယ် သတင်းပို့တဲ့ ဖြစ်စဉ်က နိုင်ငံရေးနည်းလမ်းတစ်ခုပါပဲ။ ဒါက ပူးပေါင်းပါဝင်ဖို့ တောင်းဆိုချက်တစ်ခုပါပဲ။ တစ်ယောက်ယောက်က သဘောတူပါဝင်မယ်ဆိုရင် အဲတစ်ယောက်က ပြန်လို့ရမယ်။ အဲ ဒါပေမဲ့ တစ်ယောက်ယောက်က စစ်သားတွေနဲ့ ပူးပေါင်းပါဝင်တာမျိုး မလုပ်ဘူးဆိုရင်တော့ ကိစ္စတွေကို အလေးထားဖြေရှင်းဖို့ “ဓာတ်ကြမ်းတိုက်”ရလိမ့်မယ်လို့ သူတို့က ပြောလိမ့်မယ်။
လူသိများသော သတင်းထောက်တစ်ဦးဖြစ်သူ ပရာဗစ် ရိုဂျနာဖရက်(ခ်)က “Big Brother”တီဗီအစီအစဉ်တွင် ပါဝင်နေသကဲ့သို့ ခံစားရကြောင်းကို
ကျွန်တော်တို့တွေ ဖုန်းသုံးခွင့်မရှိဘူးလို့ ပြောထားကြတယ်။ သုံးလို့ရတဲ့ ဖုန်းက နှစ်လုံးရှိတယ်၊ ကျွန်တော်တို့ သုံးချင်သလို သုံးလိုရတယ်၊ ဒါပေမဲ့ (ခေါ်မယ့်) နံပါတ်ကို ပေးရမှာ၊ ပြီးတော့ ကျွန်တော်တို့ဖုန်းပြောတာကို ချောင်းနားထောင်ဖို့ တစ်ယောက်ယောက်က ကျွန်တော်တို့ဘေးမှာ ရပ်နေမှာ။
အိပ်မက်လိုပါပဲ။ အားလုံးက အိပ်မက်လိုပဲ ဆန်းနေတာ။ တစ်ချိန်လုံး “Big Brother” ရုပ်သံအစီအစဉ်မှာ ပါနေရသလိုလိုမျိုးပဲ တစ်ချိန်လုံး ခံစားနေရတယ်။
အဲဒီမှာနေနေရတာဟာ၊ ကျွန်တော်ထင်တာတော့ လူတိုင်းရဲ့ စိတ်စွမ်းအားကို စမ်းသံနေသလိုပါပဲ။ တချို့တွေက ကွဲပျက်ကျဆုံးတယ်၊ တချို့တွေက ငိုပြီး တချို့က တောင်းပန်ကြတယ်။
အချို့ထိုင်းများက အာဏာသိမ်းသည်ကို ထောက်ခံကြသော်လည်း အများစုကမူ ရွေးကောက်ပွဲ ကျင်းပခွင့်ပြုရန်နှင့် အာဏာအား ပြည်သူများလက်တွင်းသို့ ပြန်ထည့်ပေးရန် တိုက်တွန်းနေကြသည်။ စစ်တပ်သည် ထိုင်းနိုင်ငံ၏ မြို့တော်ဖြစ်သော ဘန်ကောက်၏ လမ်းများပေါ်တွင် ငြိမ်းချမ်းရေးကို ပြန်လည်းအသက်သွင်းကောင်း သွင်းနိုင်ခဲ့လိမ့်မည်။ သို့သော် နိုင်ငံသားများ၏ လွတ်လပ်မှုကို ဖျက်ဆီးပြီး လုပ်ခဲ့ခြင်းသာဖြစ်သည်။