အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

အခမဲ့ဖေ့ဘုတ် (Free Facebook)ကို အသုံးပြုပါက သတင်းမှားသတင်းတုများကို ခွဲခြားရန် ပိုမိုခက်ခဲနိုင်

အခမဲ့သုံးပုံစံမျိုးတွင် ဖေ့ဘုတ်သည် ဓာတ်ပုံများ၊ ဗီဒီယိုများ၊ နှင့် အခြားပြင်ပအင်တာနက်စာနှာများကို မပြပါ။ ယင်းတို့ကိုမြင်နိုင်ရန် dataမှတ်သောပုံစံကို ပြောင်းပစ်ရမည်ဖြစ်ပြီး ၎င်းတွင် သုံးလျှင်သုံးသလောက် အသုံးပြုသူသည် အခကြေးငွေပေးရမည်ဖြစ်သည်။

ဖေ့ဘုတ် (Facebook) ဆိုသည်မှာ သတင်းများ နှင့် ဗဟုသုတအချက်အလက်၊ အကြောင်းအရာများကို ဝေမျှပေးနိုင်သော အရေးပါသည့် အင်တာနက်ပေါ်မှ စင်္ကြန်တစ်ခုဖြစ်ပါသည်။ သို့သော်လည်း အင်တာနက်ကိုအမြဲတမ်းသုံးနေသော ကျွမ်းကျင်ပါးနပ်သူများအတွက်ပင်လျှင် ဤစင်္ကြန်ပေါ်မှ သတင်းမှန် နှင့် သတင်းမှားများကို ခွဲခြားရသည်မှာ တယ်မလွှယ်လှသည့် ကိစ္စတစ်ခုဖြစ်ပေသည်။

ကမ္ဘာ့အသံ (Global Voices) မှ ပြုလုပ်သော သုတေသနအသစ်အရ တိုးတက်သောနိုင်ငံအချို့ ၌ Facebookမှရရှိနိုင်သည့်  ဖုန်းများပေါ် ဖေ့ဘုတ်အခမဲ့သုံးပုံစံ (“free” mobile version of Facebook) တွင် သတင်းဆောင်းပါးများ၏ ယုံကြည်နိုင်မှုကို အကဲဖြတ်ရန် သာမန်ဖေ့ဘုတ်ပုံစံထက် ပိုမိုခက်ခဲနေသည်ကို တွေ့ရသည်။

Facebookကုမ္ပဏီမှ တိုးတက်ဆဲနိုင်ငံများတွင် ပြည်သူများကို အင်တာနက်သုံးစွဲနိုင်ရန် ကူညီကျိုးပမ်းရာတွင် ၎င်းတို့၏ လူမှုကွန်ယက်စင်္ကြန်ကို ရိုးရှင်းပေါ့ပါးသောပုံစံမျိုး ပြုလုပ်ပြီး ၎င်းကို သတင်း၊ မိုးလေဝသ၊ အားကစားအစရှိသည့် အကြောင်းအရာများ ဖတ်ရှနိုင်သည့် အခြားစင်္ကြန်များနှင့်အတူ အခမဲ့အသုံးပြုရန် Facebookကုမ္ပဏီသည် ကမ်းလှမ်းခဲ့သည်။ ဤကဲ့သို့ အခမဲ့ကမ်းလှမ်းသော အစီအစဥ်ကို Free Basics ဟု အမည်ပေးခဲ့သည်။

Free Basicsမှတဆင့်ပေးသည့် ရိုးရှင်းပေါ့ပါးသော Facebook ပုံစံတွင် အသုံးပြုသူများသည် မိသားစုနှင့်သူငယ်ချင်းများဆီသို့ Messenger မှတဆင့် စာပို့စကားပြောခြင်း နှင့် Facebook စင်္ကြန်ပေါ်သို့ အကြောင်းအရာများ ပို့တင်ကာ ဝေမျှခြင်းတို့ကို dataဖိုးမကုန်ပဲ အခမဲ့ပြုလုပ်နိုင်သည်။ သို့သော် သတင်းများဖတ်ရှုရာတွင်မူ အသုံးပြုသူများသည် သတင်းခေါင်းစဉ်များ နှင့် ဓာတ်ပုံ၊ဗီဒီယိုတို့၏အောက်ဖော်ပြစာများကိုသာ ဖတ်ရှုနိုင်သည်။ ထိုသို့မဟုတ်ပဲ dataဖိုး ပိုက်ဆံပေးသုံးဆွဲခြင်းမပြုပါက ထိုစင်္ကြန်ပေါ်တွင် သတင်းဆောင်းပါးများကို အကုန်ဖတ်ရှု၍ မရနိုင်သလို ဓာတ်ပုံများကို ကြည့်ရှုရန်လည်း မဖြစ်နိုင်ပါ။

လက်ရှိ ကမ္ဘာတစ်ဝှမ်းအကြပ်ရိုက်နေရသည့် Facebookကဲ့သို့သောလူမှုကွန်ယက်စင်္ကြန်ပေါ်တွင် သတင်းမှားသတင်းတုများ အလွှယ်တကူဖြန့်ကြက်၍ရသော အခြေအနေပတ်ဝန်းကျင်မျိုးတွင် dataဖိုးများများသီသီမသုံးနိုင်သော အင်တာနက်အသုံးပြုသူများအဖို့ ဤကဲ့သို့ သတင်းများကို မပြည့်မစုံဖော်ပြထားခြင်းသည် အသုံးဝင်သော သတင်းအချက်အလက်များကို လက်လှမ်းမမှီအောင်ပြုလုပ်ထားပြီး ထိုအကြောင်းအရာ၏ ယုံကြည်စိတ်ချရမှုကိုဆုံးဖြတ်နိုင်ရန် မဖြစ်နိုင်အောင်ပြုလုပ်ထားသကဲ့သို့ ဖြစ်နေသည်။ အသုံးပြုသူများသည် ဓာတ်ပုံများ၊ ဗီဒီယိုများ နှင့် Free Basics အုပ်စုထဲတွင် မပါဝင်သည့် အင်တာနက်စာမျက်နှာများထဲမှ စာများကို ကြည့်ရှု၊ဖတ်ရှုရန် မဖြစ်နိုင်ပါ။ အခမဲ့ဖတ်ရှုနိုင်သော အင်တာနက်စာမျက်နှာများသည် အလွန်နည်းပါးသည်။ အခြားစာမျက်နှာများမှ အကြောင်းအရာများကို ကြည့်ရှုလိုပါက သာမန်အတိုင်း dataဖိုး ပိုက်ဆံပေးရမည်ဖြစ်သည်။

ဤလေ့လာချက်တွင် ဥပမာအဖြစ်လေ့လာခဲ့သော နိုင်ငံမှာ ဖိလစ်ပိုင်ဖြစ်သည်။ ၂၀၁၆ခုနှစ်အထိ ဖိလစ်ပိုင်တွင် ဖေ့ဘုတ်အသုံးပြုသူပေါင်း ၄၇ သန်း ရှိပြီး ၎င်းတို့ထဲတွင် အများစုမှာ Free Basics အသုံးပြုကြသည်။ ဖေ့ဘုတ်သည် Free Basics ကို  ဖိလစ်ပိုင်ဆက်သွယ်ရေးကုမ္ပဏီများဖြစ်ကြသော Globe Telecommunications သို့မဟုတ် Smart Communications နှင့် ပူးပေါင်းပြီး ပြုလုပ်သည်။

အောက်ဖော်ပြထားသော ဓာတ်ပုံတွင် Facebook Free (ဘယ်ဘက်) နှင့် သာမှန်Facebookပုံစံ (ညာဘက်) တို့၏ ခြားနားပုံကို နှိုင်းယှဥ်ပြထားသည်။

“Walang mga litrato sa free mode, Gumamit ng Data para Buksan ang link” ၏ အဓိပ္ပာယ်မှာ “အခမဲ့သုံး ပုံစံတွင် ဓာတ်ပုံများ မရှိပါ၊ ဆောင်းပါးကို ဖွင့်ရန် Data ကို အသုံးပြုပါ” ဟူ၍ဆိုသည်။

“free mode” (ဘယ်ဘက်) မှ “regular mode” (ညာဘက်) ကိုပြောင်းရန် အသုံးပြုသူသည် data ဖိုးပေးရမည်ဟု ပြောသည်။

ပုံထဲတွင်ပြောပြထားသော စာမှာ။  ။ သင့် Plan ထဲမှ Data ကို သုံးပါ။ သင်သည် Facebook မှာ ထွက်တော့မည်ဖြစ်သည်။ သူငယ်ချင်းများနှင့် စကားပြောရန်၊ သတင်းဖတ်ရန်နှင့် အခြားအရာများပြုလုပ်ရန် Globe မှ data ဝယ်ပါ။

ဤသည်မှာ data ဖိုးတတ်နိုင်သူများ အဖို့တော့ လွယ်ကူသော ကိစ္စဖြစ်သော်လည်း မတတ်နိုင်သူများအဖို့တော့ မလွယ်ကူပါ။ ထို့ကြောင့် Free Basics သုံးနေသော မတတ်နိုင်သူများအတွက်တော့ ကမ္ဘာတစ်ဝှမ်းရှိအင်တာနက်ကို ချိတ်ဆက်ရန် မဖြစ်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

‘သတင်းတု’ များ ‘အခမဲ့’ Facebook တွင် ပေါ်လာသောအခါ

အကယ်၍ Facebook Free ဟာ အင်တာနက်အသုံးပြုသူများအတွက် သတင်းဖတ်ရှုနိုင်သော တစ်ခုတည်းသောနေရာဖြစ်နေလျှင် ၎င်းတို့မှာ Facebook ပေါ်တွင် မှာယွင်းနေသော၊ မယုံကြည်ရသော သတင်းတုများကိုကြုံတွေ့လာသောအခါ ၎င်းကိုစိစစ်ရန်မတတ်နိုင်သော အခြေအနေဖြစ်နေသည်။ အောက်မှ ဥပမာကို ကြည့်ကြည့်ပါ

သတင်းခေါင်းစဥ်။  ။နှစ်ပေါင်း ၁၅၀၀ ရှိသော ခရစ်ယမ်သမ္မာကျမ်းစာသည် ခရစ်တော် ဘယ်တုန်းကမှ လက်ဝါးကပ်တိုင် အကပ်မခံခဲ့ရဟု အတည်ပြုခဲ့၍ ဗီတီကန် တစ်မြို့လုံး အံအားသင့်။

သတင်းခေါင်းစဥ်။  ။CIA လေယာဥ်မောင်းဟောင်းသည် Twin Towers ကို ဘယ်လေယာဥ်မှ မတိုက်ခဲ့ပါဟု ကျမ်းကျိန် သက်သေပြု။

ဤအခြေအနေတွင် Facebook Free အသုံးပြုသူများသည် သတင်းတုများကို ချက်ချင်းသဘောမပေါက်ပဲ ရုတ်တရက် ထိုသတင်းများကို ဝေမျှလိုက်နိုင်သည့် အန္တရာယ်ရှိသည်။

အောက်မှ ဥပမာတွင် သတင်းခေါင်းစဥ်သည် Al Jazeera ကဲ့သို့သော သတင်းဌာနကြီးတစ်ခုနှင့် နာမည်ခပ်ဆင်ဆင်ရှိအောင် ယောင်ဆောင်ထားသည့် သတင်းဌာနနေရာတစ်ခုမှလာသော သတင်းဖြစ်သည်။

သတင်းခေါင်းစဥ်။  ။ဖိလစ်ပိုင်နိုင်ငံ၏ အရေးကိစ္စများသည် ခင်ဗျားတို့ အလုပ်မဟုတ်ဟု ဒေါ်နယ်ထရမ့်မှ NY Timesသို့ ပြောကြား။ aljazeera-channel.com စာမျက်နှာ။

အမှန်တကယ်တော့ ထို aljazeera-channel.com မှာ တကယ့် Al Jazeera စာမျက်နှာမဟုတ်ပဲ အတုအအယောင်ကူးထားသော စာမျက်နှာသာဖြစ်သည်။ ထို့အပြင် သက်ဆိုင်သော ဓာတ်ပုံများမပါသောအခါ သရော်စာရေးသော သတင်းဌာနာများကိုလည်း ခွဲခြားသိရန် ခက်ခဲပြန်သည်။

သရော်စာရေးသော စာမျက်နှာမှ သတင်းခေါင်းစဥ်။  ။အမိုက်သရိုက်လို ဆက်ဆံပြောဆိုခံချင်သော ခရီးသည် အရေအတွက် နည်းပါးသွားသည်ကို တက္ကစီမောင်းသူများ စိတ်ညစ်။

ထို့ကြောင့် ပိုက်ဆံအမြတ်ထုတ်လို၍ ရေးထားသော သတင်းများ (သို့) လာရောက်ဖတ်ရှုသူများအောင် သက်သက်မဲ့ ပေါက်တတ်ကရရေးသော သတင်းခေါင်းစဉ်များကို အကျိုးရှိ၍ အသုံးဝင်သောသတင်းအဟုတ်မဟုတ် ဆုံးဖြတ်ရန်မှာ ခက်ခဲနေသည်။

ထို့အပြင် ယုံကြည်စိတ်ချရသော သတင်းဌာနကြီးများမှ ရေးသားထားသော သတင်းများကိုပင် တခါတရံ Facebook Free က အသုံးပြုသူများအား မျက်စိလည်သွားအောင် ပြုလုပ်ပစ်နိုင်သည်။ အောက်မှ ဥပမာကိုကြည့်ပါက သတင်းခေါင်းစဉ်တွင် ဒေါ်နယ်ထရမ့် (Donald Trump) ဖိလစ်ပိုင်နိုင်ငံအား “အကြမ်းဖက်နိုင်ငံ” အဖြစ်ခေါ်ဆိုလိုက်သည်ဟု ၂၀၁၇ မတ်လ ၄၁ ရက်နေ့ တွင် သတင်းဌာနမှ ဝေမျှထားသည်။

သာမန် data ဖြင့်အသုံးပြုသူတစ်ဦးအနေဖြင့်တော့ ဒေါ်နယ်ထရမ့် ထိုအကြောင်းကို သြဂုတ် ၂၀၁၆ မှာ သူ သမ္မတမဖြစ်ခင်တုန်းက ပြောခဲ့ခြင်းသာဖြစ်သည်ကို သိနိုင်လမ့်မည်ဖြစ်သော်လည်း၊ Facebook Free အသုံးပြုသူအဖို့တော့ ထိုအကြောင်းကို နှံနှံစပ်စပ်ဝင်ဖတ်ရန် မဖြစ်နိုင်သည်မို့ ထိုအကြောင်းအရာသည် လတ်တလောရက်များက ဖြစ်သည်ဟုသာ မှတ်ယူယုံကြည်သွားနိုင်သည်။

သတင်းခေါင်းစဥ်။  ။ထရမ့်သည် ဖိလစ်ပိုင်နိုင်ငံကို “အကြမ်းဖက်သမား စာရင်း”ထဲထည့်လိုက်သည်၊ ထောင်နှင့်ချီသော အလုပ်သမားများ ဒုက္ခရောက်လေတော့မလား။ ASEAN Today သတင်း။

Facebook Free သည် သတင်းအချက်အလက်များရယူရန်နှင့် ဆက်သွယ်ရန် လွယ်ကူသောလမ်းများကို ပေးပါသည်။ သို့သော် အင်တာနက် ကွန်ယက်တစ်ခုလုံးကို ကျယ်ကျယ်ပြန့်ပြန့် မသုံးနိုင်စေသော ၎င်း၏ တင်းကြပ်သော ကန့်သတ်ချက်များ နှင့် သတင်းများကို နားလည်ရန်လိုအပ်သော အဓိကအချက်များဖြစ်သည့် ဓာတ်ပုံများ အစရှိသည်တို့ကို ထိမ်ချန်ထားခြင်းတို့ကြောင့် မပြည့်စုံသော — တခါတရံ မှားယွင်းသော — သတင်းအချက်အလက်များ ထောက်ပံ့ခြင်းအားဖြင့် အင်တာနက်အသုံးပြုသူများကို သုံးပိုင်ခွင့်ကို ချိုးနှိမ်ပြီး ၎င်းတို့၏ စွမ်းဆောင်ရည်ကို လျှော့ချသလိုသာ ဖြစ်နေပါတော့သည်။

ဆက်လက်ဖတ်ရှုပါ

မှတ်ချက်​ပေး​ခြင်း​ကို ပိတ်​ထား​ပါ​သည်။