သတင်းဆောင်းပါးများ ဂျပန်
တိုကျိုကင်မရာကလပ်မှ ဂျပန်၏ လှပသော ဓာတ်ပုံများ
တိုကျိုကင်မရာကလပ်ဆိုသည်မှာ ဂျပန်နိုင်ငံတလွှမ်းမှ ရင်သပ်ရှုမောဖွယ်ရာ အနုပညာမြောက် ဓာတ်ပုံများ ဝေမျှရာ အသိုက်အဝန်းနေရာလေးဖြစ်သည်။ ၎င်းတို့၏ Facebook စာမျက်နှာသည် နောက်လိုက်သူ ၄ သိန်းကျော်ရှိပြီး Instagram မှာတော့ ၃သိန်းကျော်ရှိပါသည်။
ဂျပန်တွင် ဆာကေး ချက်လုပ်ခြင်းသည် အမျိုးသမီးတို့၏ ကစားပွဲ တကျော့ပြန် ပြန်ဖြစ်လာပြီ
ရှေးခေတ်ကာလများက ဆာကေး ချက်လုပ်ခြင်းသည် အမျိုးသမီးများ၏ လက်မှုပညာတစ်ရပ်ဖြစ်ခဲ့သည်ဟု ပြောကြသည်။ သို့သော် လွန်ခဲ့သည့် နှစ်ပေါင်း ရာချီအတွင်း အမျိုးသမီးများကို အရက်ချက်ခြင်းမှ တားမြစ်ထားခဲ့ကြသည်။ ဤသည်မှာ ကြီးမားသော ပြောင်းလဲမှုတစ်ခုပင်။
ဂျပန်၊ ဂျပန်-ကိုးရီးယား အနာဂတ်ဆက်ဆံရေးကို အခမဲ့ပွေ့ဖက်ခြင်းများဖြင့် ပုံဖော်ကြည့်ခြင်း
ကိုရီးယားမှာ ဂျပန်လူငယ်တစ်ဦးက ရိုက်ခဲ့တဲ့ "အခမဲ့ပွေ့ဖက်ခြင်း" ဗီဒီယိုတစ်ခုက ဒီနွေရာသီမှာ စိတ်ဝင်စားစရာတစ်ခု ဖြစ်လာပြန်ပါတယ်။ ဖန်တီးတဲ့လူရဲ့ ရည်ရွယ်ရင်းကတော့ "ဂျပန်နဲ့ တောင်ကိုရီးယားအတွက် အနာဂတ်မျှော်လင့်ချက်ရှိတယ်ဆိုတာ သက်သေထူဖို့"ပဲ ဖြစ်ပါတယ်။ နေ့တိုင်း သတင်းဌာနတွေက တင်ပြနေတဲ့ နိုင်ငံနှစ်ခုကြားက ဆိုးရွားလာနေတဲ့ နိုင်ငံတကာ ဆက်ဆံရေးက နောက်ပိုင်းမှာ ငြင်းခုန်စရာဖြစ်လာနေပါတယ်။
ဂျပန်၊ ဖူကူရှီးမားမှ အမျိုးသမီးများက အဏုမြူစွမ်းအင် ဆန့်ကျင်ရေးအတွက် စုရုံး
၂၀၁၂ခုနှစ်၊ ဩဂုတ်လ(၂၉)ရက်နေ့က ပြုလုပ်တဲ့ ဖူကူရှီးမားအမျိုးသမီး တွေ့ဆုံပွဲတစ်ခုမှာ အဏုမြူစွမ်းအင်နဲ့ပတ်သက်တဲ့ ဂျပန်ရဲ့ ပေါ်လစီကို ပြောင်းလဲဖို့အတွက် စုစည်းတဲ့အဖွဲ့ကို မဲပေးဖို့[ja]အတွက် ကုလသမဂ္ဂဝန်ထမ်းဟောင်း ခါအိုရီ အီဇုမိက တောင်းဆိုလိုက်ပါတယ်။
ထိုင်ဝမ်နိုင်ငံရဲ့ အလံဘယ်မှာလဲ
ဟောင်ကောင်၊ ထိုင်ဝမ်နှင့် မကာအိုက တက်ကြွလှု့ပ်ရှားသူတွေက ဩဂုတ်၁၅ရက်နေ့က သောက်ရွီးကျွန်းကို ရောက်ရှိလာပါတယ်။ တရုတ်ပြည်မကြီးက မီဒီယာတွေက အငြင်းပွားဖွယ်ကျွန်းကို တရုတ်ရဲ့မြေပိုင်နက်အဖြစ် သတ်မှတ်တာကို ရေးသားတင်ပြနေကြပြီး ထိုင်ဝမ်နိုင်ငံရဲ့အလံက သတင်းဌာနတော်တော်များများမှာ ပျောက်ကွယ်နေပါတယ်။ တရုတ်မီဒီယာစီမံကိန်းက အဲဒီသတင်းကို မီးမောင်းထိုး[en]ပြခဲ့ပါတယ်။