အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

ပါဝင်​ပါ

ကမ္ဘာ့အသံအဖွဲ့နှင့် စာဖတ်သူအနေဖြင့် သော်လည်းကောင်း ပါဝင်ရေးသားသူအဖြစ် သော်လည်းကောင်း အစိတ်အပိုင်း တစ်ရပ်အနေနှင့် ပါဝင်ဆင်နွဲနိုင်ပါသည်။ ကမ္ဘာ့အသံ၏ အကြောင်းအရာအစုံအလင်အား သိရှိလိုပါက ကမ္ဘာ့အသံ၏ မေးလေ့ရှိသောမေးခွန်းများ ကဏ္ဍတွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။

ပါဝင်ဆင်နွဲနိုင်မည့် နည်းလမ်းများကို အောက်တွင်ဖော်ပြထားပါသည်။

လင့်(ခ်) များကိုဖွင့်ကြည့်ပါ

ဤဝက်(ဘ်)ဆိုက်တွင် အသားပေးဖော်ပြထားသည့် ဘလော့(ဂ်)နှင့် ဝက်(ဘ်)ဆိုက်များ ရှိရာသို့ သွားရောက်ဖတ်ရှုခြင်းသည် များပြားလာနေသော ပြည်သူ မီဒီယာကို အားပေးသည့် အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။ သင်သည် နိုင်ငံရပ်ခြားမှနေ၍ စာများဖတ်ရှုနေကြောင်းကို လင့်(ခ်)များဖွင့်ကြည့်ပြီး မှတ်ချက်များ ရေးသားပေးခဲ့ခြင်းဖြင့် ဘလော့ပိုင်ရှင်များအား သင် အားပေးနေကြောင်း သိရှိစေနိုင်ပါသည်။

သင်ကိုယ်တိုင် ဘလော့(ဂ်)ဂါတစ်ဦးဖြစ်ခဲ့လျှင် သင့်ပတ်ဝန်းကျင်၌ရှိသော လက်ရာကောင်းများကို ရှာဖွေဝေမျှပြီး အခြားနိုင်ငံများမှ လက်ရာများနှင့်လည်း နှိုင်းယှဉ် ဖတ်ရှုစေချင်ပါသည်။ သမရိုးကျ မီဒီယာများကို ကျော်လွန်ပြီး မြင်ကြည့်ပါ။ တစ်ကမ္ဘာလုံးနှင့်ချီ၍ ပါဝင်ကြမည့် ပြောဆိုဆွေးနွေးမှုများသည် သင်ထံမှ စတင်နိုင်ပါသည်။

စာများပုံမှန်ရယူပါ

ကမ္ဘာ့အသံနှင့် အဆက်အသွယ် မပြတ်ရှိနေပါ။

စိတ်ကူးအကြံများ ပို့ပေးပါ

ကျွန်တော်တို့၏ ဒေသဆိုင်ရာနှင့် ဘာသာစကားဆိုင်ရာ အယ်ဒီတာများသည် အကြံပြုချက်များနှင့် အဖြစ်အပျက်၊ အကြောင်းအရာများ ပေးပို့ခြင်းကို အစဉ် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေပါသည်။ ကျွန်တော်တို့ အဓိကထားသည်မှာ နိုင်ငံတကာ မီဒီယာများတွင် ဖော်ပြလေ့မရှိသော ပြည်သူ မီဒီယာ ဖြစ်ပါသည်။

အကယ်၍များ ကျွန်တော်တို့ ဝက်(ဘ်)ဆိုက်မှ ချိတ်ဆက်ပေးရန်သင့်သော ဝက်(ဘ်)ဆိုက်ရှိခဲ့လျှင် (သင့်ကိုယ်ပိုင် ဘလော့(ဂ်)လည်းဖြစ်နိုင်ပါသည်)၊ တွေ့ခဲ့လျှင် ကျေးဇူးပြု၍ လင့်/လိပ်စာ ပို့ပေးပါ။ ပြီးလျှင် ထိုဝက်(ဘ်)ဆိုက်သည် မည်သည့်အကြောင်းအရာဖြစ်သည် မည်သူ၏လက်ရာဖြစ်သည်ကို ဖော်ပြပေးပါ။

အယ်ဒီတာ တစ်ဦးဦးနှင့် ဆက်သွယ်လိုပါက ကျွန်တော်တို့၏ ဆက်သွယ်ရန် လျှောက်လွှာပုံစံတွင် နေထိုင်ရာဒေသ ရွေးချယ်ပြီး အီးမေး(လ်)ပို့ပါ

ကိုယ်တိုင်စာရေးပါ

ကမ္ဘာ့အသံသည် ကမ္ဘာတဝန်းရှိ ဘလော့ဂါ အသိုင်းအဝိုင်းအတွင်း၌ နေ့စဉ် ပြောကြဆိုကြသည့် အကြောင်းအရာများ အတွက် စေတနာ့ဝန်ထမ်း စာရေးသူများအဖွဲ့အပေါ် အားထားနေပါသည်။ သင်သည် သမရိုးကျ မီဒီယာများတွင် မဖော်ပြတတ်သည့် ဘလော့မျိုးကို ရေးသားပါသလား။ သင့်နိုင်ငံ (သို့) သင်သိသော အခြားသောနိုင်ငံတစ်ခု⁠ခု၏ ဘလော့(ဂ်) အသိုင်းအဝိုင်းမှ ရေးသားအသားများအား ဖတ်မိပါသလား။

ကျွန်တော်တို့ ဝက်(ဘ်)ဆိုက်အား ပိုမိုကောင်းမွန်လာစေရန် ကူညီပေးလိုပါက အောက်ဖော်ပြပါ လျှောက်လွှာပုံစံကို ဖြည့်ပေးပါ။

ကမ္ဘာ့အသံစာရေးသူတစ်ဦးအဖြစ် လျှောက်ထားရန်

ဘာသာပြန်ရာတွင် အကူအညီပေးပါ

ကမ္ဘာ့အသံရှိ သတင်း နှင့် အကြောင်းအရာများ အမြောက်အများကို စပိန်၊ တရုတ်၊ ပြင်သစ်၊ အာရဗီ စသည့် ဘာသာစကားအတော်များ⁠များသို့ ကျွန်တော်တို့ဝက်(ဘ်)ဆိုက်တွင် ကူညီလျှက်ရှိသော ဘာသာပြန်များမှ ပြန်ဆိုထားခြင်းဖြစ်ပါသည်။ ဖတ်ရှု၍ ရနိုင်သော ဘာသာစကားများကို ဝက်(ဘ်)ဆိုက်၏ ခေါင်းစီး ထိပ်ပိုင်းနေရာတွင် ရှာဖွေနိုင်ပါသည်။ သင့်ကိုလည်း ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်အပ်ပါသည်။

သင်၏ မိခင်ဘာသာစကားအား အထက်ပါစာရင်းထဲ၌ မတွေ့ရပါက သင်ကိုယ်တိုင် စေတနာ့ဝန်ထမ်းအဖြစ်ဆောက်ရွက်နိုင်ပြီး အဖွဲ့တစ်ခု ဖွဲ့စည်းလိုက်နိုင်ပါသည်။

ဘာသာပြန်သူတစ်ဦးအဖြစ် လျှောက်ထားရန်

စီမံကိန်းများတွင် ပူးပေါင်းပါဝင်ပါ

များစွားသော စီမံကိန်းများမှာ သင့်အကူအညီလိုအပ်နေပါသည်။ ၎င်းတို့အား တစ်ကြိမ်စီမျှ ဝင်ကြည့်စေလိုပါသည်။

တံဆိပ်များနှင့် ဖိ(ဒ်)များယူသုံးပါ

တစ်ကမ္ဘာလုံး၌ ရှိကြသော ဘလော့ဂါများခင်ဗျာ – ကျေးဇူးပြု၍ ကမ္ဘာ့အသံသို့ချိတ်ဆက်ကြပါ။ ကျွန်တော်တို့အား ကူညီမည်ဆိုပါက သင်၏ကိုယ်ပိုင် ဘလော့(ဂ်) တွင် တံဆိပ်ထည့်သွင်းပေးပါ။ (code ကိုအောက်တွင် ရယူပါ)

(Global Voices) ကမ္ဘာ့​အသံ - ကမ္ဘာ​ကြီး​က​ ပြော​နေပါ​တယ်၊ သင် ​နားထောင်​ နေပါသလား။
(Global Voices) ကမ္ဘာ့​အသံ - ကမ္ဘာ​ကြီး​က​ ပြော​နေပါ​တယ်၊ သင် ​နားထောင်​ နေပါသလား။
(Global Voices) ကမ္ဘာ့​အသံ - ကမ္ဘာ​ကြီး​က​ ပြော​နေပါ​တယ်၊ သင် ​နားထောင်​ နေပါသလား။