သတင်းဆောင်းပါးများ လူသားချင်းစာနာထောက်ထားမှု အကူအညီ
ဒုက္ခသည်များ၏ “ဒုတိယ မိခင်” သို့မဟုတ် မက်ဆီဒိုးနီးယား အမျိုးသမီး Lenče Zdravkin
သန်းနဲ့ချီတဲ့ ဒုက္ခသည်တွေက ထွက်ခွာသွားကြပေမယ့် သူတို့ အကြောင်းပုံပြင်တွေကတော့ ကျွန်မ နှလုံးသားထဲမှာတည်ရှိနေပြီး တခုချင်းစီက အမာရွတ်တခု အနေနဲ့ ကျန်နေမှာပါ။
ဆီးရီးယား တိမ်းရှောင်သူတွေ အကြောင်းလား။ သူတို့၏ ဖြစ်ရပ်တွေကို မဝေမျှခင် သင့်ရတဲ့ အချက်အလက်တွေကို မှန်ကန်တိကျအောင် အရင်လုပ်ပါ။
ဆီးရီးယား ဒုက္ခသည်များ သေဘေးမှ လွတ်မြောက်ရန် ရုန်းကန်နေသော ဓာတ်ပုံများသည် အင်တင်နက်ပေါ်တွင် ပြန့်နှုံ့လို့နေသည်။ ဓာတ်ပုံ အချို့ဟာ သူတို့ ပုံတွင် မြင်ရသလို မဟုတ်သော ဥပမာ အချို့ကို ရွေးချယ်ပေးလိုက်ရ ပါသည်။ Rami Alhames က ရှင်းပြထားပါသည်။
တက္ကသိုလ်ကျောင်းသားတစ်ဦး မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မည့် မှတ်စုတစ်ခု ဖေ့စ်ဘုတ်ခ်တွင်တင်၊ သူငယ်ချင်းများက အချိန်မီ မကယ်ဆယ်နိုင်ခဲ့
မိမိကိုယ်ကိုယ်သေကြောင်းကြံစည်မှုသည် ဘင်္ဂလားဒေ့ရှ်တွင် ကာလရှည်ကြာရှိခဲ့သော လူမှုပြသနာတစ်ခု ဖြစ်ကာ ကမ္ဘာတစ်ဝှမ်းမှ တင်ပြချက်များအရ နှစ်စဉ်သေဆုံးမှု၏ ၂.၀၆ ရာခိုင်နှုန်းရှိသည်။ ဒါကာတက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်သူ မာဘဘ်ရှဟာန်းက မိမိကိုယ်ကို သေကြောင်းကြံစည်မည့်ပို့စ်တစ်ခုကို ၂၀၁၄ ဇွန်လ ၂ ရက်၊ ည ၇ နာရီ ၈ မိနစ်တွင်တင်ခဲ့သည်။ သူရေးခဲ့သည်မှာ - I am lying on...
မော်ရီတေးနီးယား၊ မြေပြိုမှုကြောင့် လူပေါင်းများစွာ အိမ်ခြေရာမဲ့ဖြစ်
အခုတလော မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုတွေကြောင့် မော်ရီတေးနီးယားဒေသတွေမှာ ရာနဲ့ချီတဲ့ မိသားစုတွေဟာ ဇူလိုင်လ အကုန်က အိမ်ခြေရာမဲ့ဖြစ်ခဲ့ပါတယ်။ မြေပြိုမှုကြောင့် မြို့သူမြို့သားတွေရဲ့ အိုးအိမ်တွေ ပျက်စီးပြီးနောက်မှာ ကာအယ်ဒီ (မော်ရီတေးနီးယား တောင်ဘက်)၊ မက်(ခ်)တာအာ လာဂျာနှင့် အလက်(ဂ်) (မော်ရီတေးနီးယား အလယ်ပိုင်း) နဲ့ နေမာ (မော်ရီတေးနီးယား အရှေ့ပိုင်း)မှာရှိတဲ့ ရာနဲ့ချီတဲ့ အိမ်ထောင်စုတွေဟာ အိမ်အမိုးတွေ မရှိတော့ဘဲ အိမ်ရာ ဆုံးရှုံးခဲ့ရပါတယ်။ အာမက် ဂျယ်ဒိုက ဘာတွေဖြစ်ခဲ့တာလဲဆိုတာနဲ့ ပြောဆိုကြတာတွေကို စုစည်းတင်ပြထားတာပါ။
ပီရူး၊ အိုတူဇကိုအတွက် အကူညီပေးရန် လူငယ်များ စုစည်း
ကမ္ဘာ့အသံရဲ့ ပါဝင်ပံ့ပိုးသူတစ်ဦးဖြစ်တဲ့ ဂယ်ဘီရီလာ ဂါစီယာ ကယ်(လ်)ဒရွန်က သူတူတော်သူက ပီရူးနိုင်ငံမြောက်ပိုင်း အိုတူဇကိုဒေသမှာရှိတဲ့ လူအစုအဝေးသုံးခုကို အကူအညီတွေယူသွားပေးဖို့ စတင်တဲ့ လှုပ်ရှားမှုအကြောင်းကို ဘလော့(ဂ်)ရေးထား[es]ပါတယ်။ ဒီတခုတ်တရမှတ်သားသင်တဲ့ စတင်လှုပ်ရှားမှုမှာ စေတနာ့ဝန်ထမ်းအနေနဲ့ပါဝင်နေတဲ့ လူငယ်အုပ်စုလေးက ဘယ်ထောက်ပံ့မျိုးမှ မပါဘဲ သူတို့ဘာသာလှုပ်ရှားနေတဲ့အကြောင်းကိုလည်း ထောက်ပြခဲ့ပါတယ်။
နိုင်ဂါ၊ နီရာမီမြို့တော်တွင် ရေကြီးခြင်းကြောင့် လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်
နို်င်ဂါက ဘာမို ဆာလီဖော်က ဩဂုတ်လ ၁၉ရက်ကတည်းက နီရာမီမှာ ရေလျှံသွားခဲ့ပြီးတဲ့အချိန်မှာ အောက်ပါအတိုင်း တောင်းဆိုချက်တွေကို တင်ခဲ့ပါတယ်။