အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

မလေးရှား၊ ဆန္ဒ​ပြ​ပြီး​နောက်​တွင် ဝက်(ဘ်)ဆင်​ဆာ​ဥပဒေ​ကို သုံးသပ်​ရန် မလေးရှား​အစိုးရ ကတိ​ပြု

နောက်ဆုံးရသတင်း ၁၈၊ ၈၊ ၂၀၁၂။ သက်သေခံဥပဒေ၏ ပုဒ်မ၁⁠၁၄(က)ကို ပြင်ဆင်ခြင်းအား အစိုးရအဖွဲ့က ခုခံပြောဆိုလိုက်သည်။

ဩဂုတ်၁၄ရက်၊ ၂၀၁၂ခုနှစ်တွင်၊ ထောင်ပေါင်းများစွာသော မလေးရှားလူမျိုးတို့က မကြာခင်က မိတ်ဆက်လိုက်သော ပုဒ်မ၁⁠၁၄(က)ကို အွန်လိုင်းဆန့်ကျင်ဆန္ဒပြခြင်းကို  ပြုလုပ်ခဲ့ကြသည်။ ယင်းဥပဒေပြင်ဆင်မှုကို အင်တာနက်လွတ်လပ်ခွင့်ကို ခြိမ်းခြောက်ခြင်းဟု အများစုက ဝေဖန်ပြစ်တင်ကြသည်။

ထိုအတွက် အထူးဖန်တီးလိုက်သော ဘလော့(ဂ်)တစ်ခုက မလေးရှားလူမျိုးအပေါ် ထိုဥပဒေသက်ရောက်နိုင်မှု အသေးစိတ်ကို ဖော်ပြထားသည်၊

“ထုတ်ဝေခြင်းတွင် ပါဝင်သော အချက်အလက်များအား ယူဆချက်”ဟု ခေါင်းစဉ်တပ်ထားသော ပုဒ်မ ၁⁠၁၄(က)သည် အွန်လိုင်းတွင် ထုတ်ဝေခြင်းအတွက် အောက်ပါလူများတွင် တာဝန်ရှိသည်ဟု ဆိုထားသည်။

(၁) အွန်လိုင်း စကားဝိုင်းများ သို့မဟုတ် ဘလော့(ဂ်)များကဲ့သို့ အများပြည်သူပါဝင်မှုအတွက် ဖွင့်ပေးထားသော ဝက်(ဘ်)စာမျက်နှာများကို ပိုင်ဆိုင်၊ ကြီးကြပ်၊ တည်းဖြတ်သူများ

(၂) ဝက်(ဘ်)စာမျက်နှာ ထားရှိခြင်းနှင့် အင်တာနက်ရယူခြင်း ဝန်ဆောင်မှုပေးသူများနှင့်

(၃) အွန်လိုင်းအချက်အလက်များကို ဖြန့်ဝေရန် ကွန်ပြူတာ သို့မဟုတ် ရွေ့လျားစက်ပစ္စည်းများကို ပိုင်ဆိုင်သူများ

တစ်နည်းဆိုလျှင် အသရေဖျက်မှုဟု ယူဆနိုင်သော အချက်အလက်များမှတစ်ဆင့် သင်၏ အသုံးပြုသူအမည်၊ လျှပ်စစ်ပစ္စည်းကိရိယာများနှင့် ဝိုင်ဖိုင်ကွန်ယက်များကို ထောက်လှမ်းနိုင်လျှင် ပုဒ်မ ၁⁠၁၄(က)ဖြင့် သင့်ကို အင်တာနက်တွင် တရားမဝင် အချက်အလက်များတင်မှုနှင့် စွဲဆိုနိုင်သည်။

သို့ရာတွင် သင်က တရားခံအဖြစ်စွပ်စွဲခံရပြီး ဟက်ကာတစ်ဦးက သင်၏ တွစ်တာ သို့မဟုတ် ဖေ့(စ်)ဘွတ်(ခ်)ကို အသုံးပြုကာ အသရေဖျက်သော အချက်အလက်များကို တင်သွားသည် ဆိုလျှင် မည်သို့ဖြစ်မည်နည်း။

ပုဒ်မ ၁⁠၁၄(က)အရ၊ သင်သည် အပြစ်မရှိဟု သက်သေမပြနိုင်မချင်း တရားခံအဖြစ်သတ်မှတ်သည်။

ထိုလှုပ်ရှားမှုက ပုဒ်မ ၁⁠၁၄(က)အကြောင်းကို ၄င်းတို့၏ စာဖတ်သူများထံ အသိပေးနိုင်ရန် ဩဇာရှိဘလော့(ဂ်)ရေးသူများနှင့် သတင်းစာမျက်နှာများကို သက်ဆိုင်ရာ ဝက်(ဘ်)ဆိုက်များတွင် ထည့်သွင်းရန် တောင်းဆိုခဲ့သည်။ ထိုနည်းဖြင့် ယင်းဥပဒေအတည်ပြုမှုကို ဆန့်ကျင်ရန်သတင်းကို ရောက်နိုင်သမျှ မလေးရှားလူမျိုးများထံ အသိပေးနိုင်မည် ဖြစ်သည်။

လူနေမှုဘဝအကြောင်းရေးသော ဘလော့(ဂ်)ရေးသူတစ်ဦးဖြစ်သူ ရှန်နွန် ချောင်းက ထိုလှုပ်ရှားမှုကို ထောက်ခံသည်၊

၁⁠၁၄(က)ကို ရပ်ဖို့ ကျွန်မကတော့ ထောက်ခံတယ်၊ အင်တာနက်ဆိုတာ လွတ်လပ်တဲ့နေရာတစ်ခု ဖြစ်သင့်တယ်၊ ဒါပေမဲ့ ပုဒ်မ၁⁠၁၄(က)အရ ဥပဒေက ဟက်ကာတွေကို လူမှုကွန်ယက်တွေကဖြစ်ဖြစ်၊ စက်ပစ္စည်းတွေနဲ့ ဝိုင်ဖိုင်ကဖြစ်ဖြစ် သူများအကောင့်ကိုသုံးပြီး ပြစ်မှုကျူးလွန်ဖို့ အားပေးနေရုံတင်မကဘူး အပြစ်မရှိတဲ့သူက မရှိကြောင်း သက်သေမပြနိုင်မချင်း စွပ်စွဲခံရဦးမယ်။ ဒါမတရားဘူး

ကျယ်ပြန့်သော အွန်လိုင်းဆန္ဒပြမှုက အမျိုးသားရေးကိစ္စများတွင် ဝေဖန်လေ့မရှိသော ဝန်ကြီးချုပ်ကို စာတိုတစ်ခု တွစ်တာတွင်တင်ရန်ပင် အသိပေးနိုင်ခဲ့သည်။

၁၉၅၀ သက်သေခံဥပဒေရဲ့ ပုဒ်မ ၁⁠၁၄(က)ကို ဆွေးနွေးဖို့ အစိုးရအဖွဲ့ကို ပြောပြီးပါပြီ။ ကျွန်တော်တို့ ဘာပဲလုပ်လုပ် ပြည်သူတွေကို ဦးစားပေးရပါမယ်။

အောက်ဖော်ပြပါ ဗီဒီယိုမှာ ဥပဒေတွင် ၁⁠၁၄(က)ပြင်ဆင်မှု၏ အန္တရာယ်ကို လွတ်လပ်သောစာနယ်ဇင်းဌာနတွင် ရှင်းပြနေပုံဖြစ်သည်။

မလေးဆီကာနီက တွစ်တာပေါ်တွင် #Stop114A [၁⁠၁၄(က)ကိုရပ်]သည် ရေပန်းအစားဆုံး အကြောင်းအရာထဲတွင် ပါဝင်လာကြောင်း သတင်းပို့ခဲ့သည်။ အောက်ဖော်ပြပါတို့မှာ ယင်းအကြောင်းအရာနှင့်ပတ်သက်သော တွစ်တာစာတိုများအနက် အချို့ဖြစ်သည်။

@magskl75၊ @NajibRazak တကယ်လို့ ဘာလုပ်⁠လုပ်ပြည်သူတွေကို ဦးစားပေးရမယ်လို့ပြောချင်ရင် ဥပဒေကို အတည်မပြုခင်ကတည်းက အရင်ဆွေးနွေးခဲ့သင့်တယ်

@FaktaBukanAuta၊ တကယ်လို့ အစိုးရက အင်တာနက်ကို ပိတ်ပစ်လိုက်ရင် စိတ်အေးအေးထားပြီး အစိုးရက ပြန်ပိတ်ပစ်ပါ။

@davidlian၊ တကယ်လို့ မလေးရှားတစ်ယောက်ဆိုရင်၊ အွန်လိုင်းသုံးပြီး ဖေ့(စ်)ဘွတ်(ခ်)/တွစ်တာတို့လိုဟာတွေ ကြိုက်ရင် ဒီဟာကိုဖတ်ပြီး ကိုယ့်မြို့နယ်က လွှတ်တော်အမတ်ဆီ စာရေးသင့်တယ်။ http://ow.ly/cWRCL

@zulhilmisalleh၊ အလကားရတဲ့ ဝိုင်ဖိုင်တွေရဲ့ ဝန်ဆောင်မှုဆိုင်ရာ သိမှတ်ဖွယ်စာမျက်နှာ တာဝန်ခံမှုကို ငြင်းတဲ့ စာတစ်ပိုဒ်ပိုလာတော့မယ်၊ ငါတို့ကတော့ သိလိုက်ရမှာ မဟုတ်ဘူး။

@JustinTWJ၊ @netraKL ဒီလှုပ်ရှားမှုမှာ ပါဝင်ရတာ သိပ်ဂုဏ်ယူတာပဲ။ #stop114A [၁⁠၁၄(က)ကိုရပ်]။ မနေ့ညက သုံးနာရီပဲ အိပ်ထားပြီး ကျောင်းသွားတယ်၊ လောလောဆယ်တော့ ဝမ်းသာနေတယ်။

ထိုလှုပ်ရှားမှုအတွက် ဖေ့(စ်)ဘွတ်(ခ်)စာမျက်နှာတစ်ခုကိုလည်း ပြင်ဆင်ခဲ့ကြသည်၊ ယခုရေးသားနေချိန်တွင် ကြိုက်သူပေါင်း ၄၇၀⁠၀၀ရှိနေပြီဖြစ်သည်။  ဘီ⁠ဘီစီနှင့် ဖော့(ဘ်)(စ်)ကဲ့သို့ နိုင်ငံတကာသတင်းကွန်ယက်များကပင် သတင်းပို့ကြသည်အထိ ယင်းစာမျက်နှာက စိတ်ဝင်စားမှုရရှိခဲ့သည်။ ၁⁠၁၄(က)ကိုရပ်ဟူသော ဘလော့(ဂ်)တွင် ထိုအကြောင်းအရာနှင့်ပတ်သက်သော သတင်းများနှင့် ဥပဒေအချက်အလက်အစရှိသည့် ကိုးကားများကို စာရင်းပြုထားပြီး ဥပဒေဖြစ်လာမှုကို နှစ်အလိုက်စီထားသည်။

ဆွေးနွေး​ပြောဆို​ခြင်း​ကို စတင်​ရန်

စာရေး​သူ​များ၊ ကျေးဇူးပြု​၍ ဝင်​ရန် »

လမ်း​ညွှန်​ချက်​များ

  • မှတ်ချက်​များ​အားလုံး​ကို ကြီးကြပ်​သူ​တစ်​ဦး​က ဖတ်​ရှု​စစ်ဆေး​ပါ​သည်။. မှတ်ချက်​များ​ကို တစ်​ကြိမ်​ထက် ပို​မ​ပေး​ပါ​နှင့်၊ မဟုတ်​လျှင် မ​လို​အပ်​သော​စာ​အဖြစ် သတ်​မှတ်​ခြင်း​ခံ​ရ​ပါ​မည်။.
  • အခြား​သူ​များ​ကို လေး​လေးစား​စား ဆက်ဆံ​ပေး​ပါ။. လူ​မျိုး​ရေ၊ ဘာသာ​ရေး​နှင့် လိင်​ပိုင်း​ဆိုင်​ရာ တိုက်ခိုက်​မှု​များ​ပါဝင်​သည့် မှတ်ချက်​များ​ကို အတည်ပြု​ပေး​လိမ့်​မည် မဟုတ်​ပါ။.