အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

· ဩဂုတ်, 2012

သတင်းဆောင်းပါးများ လွတ်လပ်​စွာ​ပြော​ဆိုခွင့် from ဩဂုတ်, 2012

ပူစီ ရိုင်းရတ်(ထ်) အားရုံးထုတ်စဉ်အတွင်း စစ်တုရင်မာစတာ ဂယ်ရီ ကက်စပါရော့၏ အဖမ်းခံရမှု

မီဒီယာများ၌ ပြည့်နှက်နေသော ပူစီ ရိုင်းရတ်(ထ်) ခုံရုံးထုတ်မှုဆိုသည်ထက် ပိုပြီးအံ့အားသင့်စရာ ဖြစ်ခဲ့ရသည်ဆိုလျှင် ဘုရားရှိခိုးကျောင်းတစ်ခု၌ "ပန့်ခ် ဆုတောင်းသူ" အနုပညာတင်ဆက်မှု တရားမဝင် ပြုလုပ်ခဲ့သော အမျိုးသမီးသုံးရောက်အား ထောင်ဒဏ် (၂)နှစ်ချမှတ်ခဲ့သည့် သြဂုတ် ၁၇ ရက်နေ့ အမှုကြားနာနေစဉ်အတွင်း ထိုအမှုကြားနာခြင်းသို့တက်ရောက်ခဲ့သူ ကော့ကေးရှန်းဖွား စစ်တုရင် မာစတာဟောင်း ဂယ်ရီ ကက်စပါရော့ အဖမ်းခံခဲ့ရသည့် သတင်းပင်ဖြစ်ပါလိမ့်မည်။

အကျပ်အတည်း​ထဲ​မှ ဂ​ရပ်(ဖ်)တီ (စာလုံး​ခြယ်​မှုန်း​ခြင်း အနု​ပညာ)

  26 ဩဂုတ် 2012

လက်ရှိ စီးပွားရေးအကျပ်အတည်းမှာ ဂရပ်(ဖ်)တီက မြို့တော်တွေတော်တော်များများမှာ လူမှုရေးစာသားတွေနဲ့ ပေါများလာပါတယ်။ ဒါကတော့ မြို့ပြအနုပညာဖန်တီးမှုရဲ့ နမူနာတစ်ခုပါ။

ယီ​မင်၊ အငြင်း​ပွား​တိုက်ခိုက်​မှု​ကို သ​တင်း​ယူ​နေ​စဉ် သ​တင်း​ထောက် မို​ဟာ​မက် အယ်(လ်)ကဒ်​ဟီ အဖမ်း​ခံ​ရ

အဒမ်ဘာရွန်က အောက်ပါအတိုင်း တွစ်တာစာတို ပို့ခဲ့ပါတယ်၊ “သူရဲ့ဖေ့(စ်)ဘွတ်(ခ်)ကနေပြီး သတင်းတစ်ပုဒ်တက်လာတယ်၊ ယီမင်လူမျိုး သတင်းထောက် @mohammedalqadhiက #yemen ကာကွယ်ရေးဝန်ကြီးဌာနမှာ အငြင်းပွားတိုက်ခိုက်မှုအကြောင်း သတင်းယူနေတုန်း အဖမ်းခံခဲ့ရပါတယ်။

အဆဲန့်(ချ်) နိုင်ငံ​ရေး​ခိုလှုံ​မှု​အတွက် အီ​ကွေ​ဒေါ​၏ တုံ့​ပြန်​မှု

  20 ဩဂုတ် 2012

"နိုင်ငံ​ထဲ​မှာ​ကျ မ​ရှိ​တဲ့ လွတ်လပ်​စွာဖော်​ပြ​ခွင့်​အကြောင်း​ကို သူ​တို့​အရမ်း​ပြော​နေ​ကြ​တယ်။" အီ​ကွေ​ဒေါ​လူ​မျိုး နက်​တီ​ဇင်​တစ်​ယောက်​က ဝီ​ကီ​လိ(ခ်)တည်ထောင်​သူ​ကို အစိုးရ​က နိုင်ငံ​ရေး​ခိုလှုံ​ခွင့်​ပေးလိုက်​တာ​နဲ့ ပတ်သက်​ပြီး ဝေဖန်​ထား​ပါ​တယ်။ တချို့​တွေ​ကတော့ ဒီ​ထူးခြား​တဲ့​လှုပ်ရှား​မှု​အတွက် ပျော်ပွဲ​ဆင်​နွှဲ​နေ​ကြပါတယ်။

မလေးရှား၊ ဆန္ဒ​ပြ​ပြီး​နောက်​တွင် ဝက်(ဘ်)ဆင်​ဆာ​ဥပဒေ​ကို သုံးသပ်​ရန် မလေးရှား​အစိုးရ ကတိ​ပြု

  18 ဩဂုတ် 2012

နက်​တီ​ဇင်​တွေ​စုစည်း​ခဲ့​တဲ့ အွန်​လိုင်း​ဆန္ဒ​ပြ​မှု​ကို တုံ့​ပြန်​တဲ့​အနေ​နဲ့၊ ဝေဖန်​သူ​တွေ​က နိုင်ငံ​ထဲ​က အင်​တာ​နက်​လွတ်လပ်​ခွင့်​ကို ကန့်သတ်​တယ်​လို့​ပြော​ကြ​တဲ့ အငြင်း​ပွား​ဖွယ် ဥပဒေ​ပြင်ဆင်​ချက်​ကို မလေးရှား​အစိုးရ​က ပြန်လည်​သုံးသပ်​မယ်​လို့ ဆို​ပါ​တယ်။