၂ဝ၁၂ ခုနှစ် သြဂုတ်လ (၂၈) ရက်နေ့တွင် ဘိုလီးဗီးယန်းတာဝန်ရှိသူများသည် ယူရေနီယမ် (သို့) ရေဒီယိုသတ္တိကြွဓာတ်သတ္တုများဟု ယူဆရသော သတ္တု ၂ တန်အား ဖမ်းဆီးရရှိခဲ့သည်။ လာပတ်ဇ်မြို့လည်ရှိ အဆောက်အဦးတစ်ခုမှ ပို့ဆောင်ရာတွင် သံတမန်ရုံးအများအပြားနှင့် နီးကပ်နေသော်လည်း မည်သည့်လုံခြုံရေးနှင့် အကာအကွယ်မျှမယူဘဲ ပို့ဆောင်ခဲ့၏။
အစိုးရဝန်ကြီးကားလို့(စ်) ရိုမီရိုမှ အထူးရဲတပ်ဖွဲ့ဝင်များပါဝင်သော လှုပ်ရှားမှုအဖွဲ့ကို ဦးဆောင်၍ သယ်ပို့ခဲ့သည်။ နောက်ပိုင်းတွင် မစ္စတာရိုမီယိုက ဓာတ်ခွဲခန်းစမ်းသပ်ချက်များနှင့် စစ်ဆေးချက်များအရ ထိုဓာတ်သတ္တုများမှာ “ရေဒီယိုသတ္တြွိကမှုမရှိဘဲ ကျန်းမာရေးအတွက် မည်သည့် အန္တရာယ်မျှမရှိနိုင်ကြောင်း” ထုတ်ပြန်ကြေညာ[es]ခဲ့သည်။
သို့ရာတွင် ဘူမိဗေဒနှင့် အမျိုးသားဓာတ်သတ္တုတူးဖော်ရေးဌာနဖြစ်သော ဆာဂျီယိုတက်(ခ်)မင်[es]နှင့် ဘိုလီးဗီးယားသိပ္ပံနှင့် အဏုမြူနည်းပညာဌာနတို့မှ ဆက်လက်လေ့လာမည်ဖြစ်ကြောင်းကိုလည်း ရိုမီယိုမှ ကြေညာ[es]ခဲ့ သည်။ ထို့ကြောင့် ၎င်းဓာတ်သတ္တုများသည် ရေဒီယိုသတ္တြွိကပစ္စည်းများဖြစ်နိုင်ကြောင်း သံသယမှာ မရှင်းလင်းခဲ့ပေ။
ထိုဖြစ်ရပ်အား သတင်းပို့လျက်ရှိသော သမားရိုးကျသတင်းဌာနများမှာ သတင်းအားလုံးကို ချက်ချင်းရယူနိုင်ခဲ့ပြီး တစ်နေ့တာလုံး သတင်းပို့ခဲ့သည်။ အရွဲ့တိုက်ခြင်းများအပါအဝင် စိုးရိမ်ပူပန်မှုနှင့် မှတ်ချက်များမှာ လူမှုကွန်ရက်များတွင် #uranioဟူသော တွစ်တာခေါင်းစဉ်အောက်၌ ဖော်ပြခဲ့ကြသည်။
Blogger and journalist Andres Gómez Vela commented via his Twitter account (@andrsgomezv) [es]:
ဘလော့(ဂ်)ရေးသူနှင့် သတင်းထောက်တစ်ဦးဖြစ်သော အန်ဒရီ ဂိုမက်(ဇ်)ဗီလာက ၎င်း၏တွစ်တာအကောင့်မှ တစ်ဆင့် မှတ်ချက်ပြုခဲ့သည်မှာ၊
@andrsgomezv: Ojo, Bolivia no produce #uranio, ¿de dónde apareció este cargamento? Quizás Estaba en tránsito hacia a otro país, dice Viceministro Pérez
@andrsgomezv၊ မမေ့နဲ့၊ ဘိုလီးဗီးယားမှာ ယူရေနီယံထုတ်လုပ်ခြင်း မရှိပါဘူး။ ဒါဆို ဒီဓာတ်သတ္တုတွေ ဘယ်က ရောက်လာသလဲ။ တခြားတိုင်းပြည်တစ်ပြည်ပြည်ကို ပို့ပေးဖို့ ဒီကဖြတ်သွားတာလဲ ဖြစ်နိုင်တာပဲဟု လက်ထောက်ဝန်ကြီးပီရက်ဇ်မှ ပြောကြားခဲ့သည်'။
ထို့အပြင် ကွန်ယက်နိုင်ငံသားများကလည်း ထိုကဲ့သို့ အန္တရာယ်ရှိနိုင်သော ရေဒီယိုသတ္တြွိကနိုင်သည့် ပစ္စည်းများကို ကနဦးကတည်းကပင် ဂရုမစိုက်ဘဲ ကိုင်တွယ်ခဲ့သည့်အတွက် ပြစ်တင်ရှုံ့ချခဲ့ကြသည်။
ဖာနန်ဒက်ဇ် ဆန်မာတင် (@Fer_SanMartin) [es]၏ ဖြစ်ရပ်ပေါ်တွင် မှတ်ချက်ပေးထားသော အစောပိုင်းတွစ်တာစာတိုအား ဘလော့(ဂ်)ရေးသူနှင့် တွစ်တာအသုံးပြုသူ မာရီယိုဒူရန် (@mrduranch) [es]က ချက်ချင်းတုံ့ပြန်ခဲ့သည်။
@mrduranch: @Fer_SanMartin ¿fuente? #uranio ? ese material debe manejarse cubierto en recipiente de plomo es peligroso
အန်ဒရီ ဂိုမက်(ဇ်)ဗီလာကလည်း (@AndrsGomezV) [es] ထောက်ပြခဲ့သည်မှာ၊
@AndrsGomezV: Algunas dudas #uranio: hasta ahora ningún experto lo vio ni certificó y si era tan radiactivo ¿por que transportaron como si fuera arena?
ရီနန် ဂျက်စတင်နီယာနိုက (@renanjustiniano) [es]က နိဂုံးချုပ်ခဲ့သည်မှာ၊
@renanjustiniano: Si el mineral encontrado ayer es #uranio lo primero que deberia haber hecho era ver si era radiactivo no llamar a la prensa! #bolivia
လာပတ်(ဇ်)တွင် သိမ်းဆည်းရမိခဲ့သော ဓာတ်သတ္တုပစ္စည်းများ၏ အမျိုးအစားနှင့် ရေဒီယိုသတ္တြွိကမှု ရှိ၊ မရှိတို့ကို ဆက်လက်စုံစမ်းစစ်ဆေးလျက် ရှိသည်။