အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

ဘာရိန်းနိုင်ငံမှ အတော်ဆုံးကျောင်းသား ဆေးတက္ကသိုလ်မသွားရပဲ အကျဉ်းထောင်သို့ သွားရ

Mustafa Mohammed Ismael, right, with his brother Ali, at his graduation ceremony

သူ၏ ကျောင်းဘွဲ့နှင်း သဘင်တွင် မူဆတာဖာ မိုဟာမက် အစ္စမေး (ညာဘက်) သူ၏ အကို အလီနှင့် အတူ

တနှစ်တာ၏ ယခုအချိန်သည် အထက်တန်း ကျောင်းသူကျောင်းသားများ စာမေးပွဲအောင်ပြီး ၄င်းတို့ ရွေးချယ်သော တက္ကသိုလ်သို့ သွားကြသော အချိန်ဖြစ်သည်။ ဒါပေမဲ့ ဘာရိန်းနိုင်ငံမှ အချို့  ကျောင်းသူကျောင်းသားများ – အထူးသဖြင့် ရှီအာ့ အစ္စလာမ်ဘာသာ၀င်များ၊ အစိုးရကို ဆန့်ကျင်သူများ နှင့် အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသူများ – အတွက်တော့ သူတို့ ဆက်လက်လျှောက်လှမ်းရမည့် လမ်းသည် သိပ်မထွန်းတောက်ပေ။

၄င်းတို့ အထဲတွင် ကံဆိုးမိုးမှောင်ကျခဲ့ရသော ကျောင်းသားတစ်ဦးမှာတော့ မူဆတာဖာ မိုဟာမက် အစ္စမေး ဖြစ်သည်။ သူ့အနေနှင့် သူ၏ အိမ်မက်ဖြစ်သော ဆေးပညာမသင်ရပဲ အကျဉ်းထောင်ကို ရောက်ရှိနေရသည်။ မူဆတာဖာ ဟာ သူ၏ အထက်တန်းကျောင်း အတန်းမှ အမှတ် ၉၈.၈ ရာခိုင်နှုန်းနှင့် ထိပ်ဆုံးမှ အောင်မြင်ခဲ့သူ ဖြစ်ပါသည်။

@HusaainMinus က Twitter ပေါ် တွင် မူဆတာဖာ၏ ဒုက္ခေရောက်ရပုံကို ၀ေမျှပုံမှာ

ကျောင်းသားလေး မူဆတာဖာ ဂုဏ်ထူးဆောင် ပျဉ်းမျှအမှတ် ၉၉ ရာခိုင်နှုန်းနှင့် သူအောင်ပါတယ်။ ဒါပေမဲ့ သူက ရှီအာ့ဖြစ်နေတာကြောင့်မို့လို့ သူကို ဘာရိန်း အကျဉ်းထောင် ပညာတော် သင်ဆုချလိုက်တာပဲ။

အခု အသက်၁၈ နှစ်ရှိပြီဖြစ်တဲ့ မူဆတာဖာ ဟာ ၂၀၁၃ ခု သြဂုတ်လ ၁၅ရက်၌ နူ၀ေဒရက် (Nuwaidrat) တွင်ရှိသည့် သူ့အဖိုးအိမ်မှနေ အပြင်ဘက်ကို လမ်းထွက်လျှောက်နေတုန်း လုံခြုံရေးတပ်များက ဖမ်းဆီးသွားပါသည်။ သူ့ကို တရားမ၀င် စု၀ေးမှု နှင့် တရားဆွဲဆိုခဲ့ပြီး အစပိုင်းတွင် ထောင်ဒဏ် ၆လ ချမှတ်ခဲ့သည်။ တရားရုံးမှ နောက်ပိုင်းတွင် အပြစ်ဒါဏ်ကို ၃ လသို့  လျှော့ချလိုက်ပြီး ၂၄ ရက်အကြာတွင် အာမခံနှင့် လွှတ်ပေးခဲ့သည်။

မူဆတာဖာ၏ ရှေ့နေ မိုဟာမက် အာလ်-မူတာ၀ါသည် မူဆတာဖာ ကျောင်းတက်နိုင်ဖို့ သူ၏ ပြစ်မှုကို ဒါဏ်ငွေအဖြစ်သာ လျှော့ချပေးရန် အာဏာပိုင်များအား အကြိမ်ကြိမ် နားချခဲ့သော်လည်း အောင်မြင်မှု မရှိခဲ့ဘူးဟု သူ၏ မိသားစုသည် Al Wasat (အယ် ၀ါဆက်) နေ့စဥ် သတင်းစာကို ပြောခဲ့သည်။

စက်တင်ဘာ ၁၆ နေ့တွင် လွတ်မြောက်ရန် ရည်ရွယ်ကာ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျန်ရှိနေသေးသော သူ၏ ထောင်ဒါဏ် (၂ လ နှင့် ၆ ရက်) ကို ပြီးစီးဖို့  ဇူလိုင် ၁၀ ရက်နေ့ တွင် သွားရောက် အဖမ်းဖို့ သူသည် ဆုံးဖြတ်ခဲ့သည်။ အကျဉ်းထောင်သို့ မသွားခင် သူရေးခဲ့သောစာတွင် “ကျွန်တော်၏ နေ့ နှင့် ညများကို အကျဥ်းထောင်တွင် ကုန်ဆုံးနေရတယ်… ကျွန်တော့်၏ ပညာရည် ထူးချွန်မှု နှင့် အောင်မြင်မှုရ ရလာဒ်တစ်ခု” ဟုရေးခဲ့သည်။ သူ၏စာထဲတွင် သူပထမဆုံး အဖမ်းခံခဲ့ရသော အချိန်တွင် မည်မျှ စိတ်အားပျက်ခဲ့ပုံ၊ ပြီးနောက် သူထွက်လာပြီးနောက်ပိုင်း မျော်လင့်ချက်ပြန်လည် ရရှိလာပုံ နှင့် သူ၏ ပန်းတိုင်ရောက်ရှိအောင် ဆက်လက်ကျိုးစားခဲ့ကြောင်းကို ဆက်လက် ဖော်ပြထားသည်။ သို့သော်လည်း ဆရာ၀န်တစ်ယောက်ဖြစ်အောင်လုပ်ပြီး တိုင်းပြည်ကို အလုပ်အကျွေးပြုရန်ဖြစ်သော သူ၏အိမ်မက်သည် အကျဉ်းချခြင်းဖြင့်သာ ဆုချခံခဲ့ရသည်။

Mustafa, right, kissing his mother's forehead at the end of his graduation ceremony. His brother Ali, far left.

ဘွဲ့နှင်းသဘင်အဆုံးတွင် မူစတာဖာ (ညာလက်) သူ၏ အမေနှင့် အကို (ဘယ်ဘက်ထောင့်)

မူဆတာဖာကို ကိုယ်တိုင်သွားရောက် အဖမ်းခံဖို့ ဆုံးဖြတ်ချက်ကို သူ၏ မိသားစုက အားပေးခဲ့ပါသည်။ အနာဂတ်တွင် အရှုပ်အယှက်များကို ရှောင်ရှားနိုင်အောင်နှင့် သူတက္ကသိုလ်တက်နေစဥ် တချိန်ချိန်တွင် အဖမ်းခံရနိုင်ခြင်း အန္တရာယ်မှ ရှောင်ရှားနိုင်ရန်အတွက် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သူ၏အကို အလီက Global Voices Online (ကမ္ဘာ့အသံ) ကိုပြောခဲ့သည်။  သူအခုသွား၍ အဖမ်းမခံလျှင် သူခရီးသွားလာရာနှင့် စစ်ဆေးရေးဂိတ်များတွင် သူ၌ ဖမ်းဆီးခွင့် အမိန့်စာ ရှိသဖြင့် အခက်အခဲများ ကြုံတွေ့  နေရမည်ဟု သူ၏အကိုက ပြောသည်။ ဒါ့ကြောင့် စောစောအဖမ်းခံခဲ့လျှင် စောစောပြန်ထွက်လာနိုင်ပြီး ဘ၀ကို ဆက်လက်နေထိုင်မည်ဟု သူတို့ ဆင်ခြင်ခဲ့ကြသည်။

“သူအထက်တန်းကျောင်းတုန်းက မူဆတဖာက စိတ်ပျက်ခဲ့ပြီး တက်ကြွမှု မရှိခဲ့ပါ။ သူရဲ့  ပျဉ်းမျှအမှတ်တွေ အနည်းငယ်ကျခဲ့တယ်၊ ဒါပေမဲ့ မိသားစုက အဲ့ဒါတွေကျော်လွားဖို့ ကူညီပေးခဲ့ကြတယ်။ အနှောင့်အယှက် နှင့် ဖမ်းဆီးမှုတွေ ကင်းပြီး သူရဲ့ အောင်လက်မှတ်ကို ရရှိဖို့ သူက အိမ်မှာ အမြဲနေပြီး အပြင်ထွက်တာကို ရှောင်ခဲ့တယ်။

သူ၏ မိသားစုတွင် အဖမ်းခံရသူများမှာ မူစတာဖာ တစ်ယောက်တည်းမဟုတ်ပါ။  ကျောင်းသားတစ်ဦးဖြစ်သူ သူ၏အကို ကာဆင်မ်းသည်လည်း ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် အဖမ်းခံခဲ့ရပြီး “Rayat Alezz” အမှုနှင့် ထောင်ငါးနှစ် ကျခံနေရသည်။ သူ၏အဖေ မိုဟာမက် အလီသည်လည်း နိုင်ငံရေးလှုပ်ရှားသူဖြစ်ပြီး “အစိုးရစနစ်ကို ဖြုတ်ချရန် ကြံစဥ်မှု”ဖြင့် ၂၀၁၁ ခုနှစ်မှစ၍ ထောင်ဒါဏ် ၁၅ နှစ်ကျခံနေရသည်။ သူသည် ၂၀၁၁ ဖေဖော်၀ါရီ ဘာရိန်း လူထုအုံကြွမှု အတွင်း ပါ၀င်ခဲ့မှုကြောင့် လက်ရှိ ထောင်ဒါဏ်ကျခံနေရသည့် အရေးပါသော ခေါင်းဆောင် ၁၃ ဦးထဲမှ တစ်ဦးဖြစ်သည်။

မူဆတာဖာသည် အခုအခါတွင် Dry Dock အကျဉ်းထောင်တွင် အဖမ်းခံနေရပြီး သူ၏အကိုမှ ပညာတော်သင်ဆု နှင့် နိုင်ငံခြား၌ ကျောင်း၀င်ခွင့် သတင်းနှင့် ပက်သက်သော နောက်ဆုံးအခြေအနေကို စောင့်နေရပြီး လက်ရှိတွင် သူ၏ မိခင်သည် မိသားစု၏ အဓိက ၀င်ငွေရှာသူဖြစ်နေရသည်။

Bahraini top student Mustafa Mohammed Ismael delivering a speech at his graduation ceremony

ဘာရိန်း၏ ထိပ်တန်းကျောင်းသား မူဆတာဖာ မိုဟာမက် အစ္စမေး သူ၏ ကျောင်းဘွဲ့နှင်း သဘင်တွင် အမှာစကားပြောကြားနေစဥ်။

သူသည် Crown Prince's International Scholarship Program (အိမ်ရှေ့မင်းသား၏ နိုင်ငံတကာ ပညာသင်ဆု အစီအစဥ် – CPISP) ပညာတော်သင်ဆုအား လျှောက်ထားသူ တစ်ဦးဖြစ်ပြီး နောက်ဆုံးအဆင့်ထိရောက်ခဲ့ပေမယ့် ဆုမရရှိခဲ့ပါ။ ပညာတော်သင်ဆု အစီအစဥ်သည် အိမ်ရှေ့မင်းသား ရှိခ် ဆာမန် ဘင် ဟာမတ် အာလ်-ခါလီဖာ ၏ အမြင်များကို ရရှိစေရန် ဖြစ်သည်။ ၄င်း၏ အင်တာနက်စာမျက်တွင် ဖော်ပြပုံ အရဆိုလျှင် “ဘာရိန်း နိုင်ငံ၏ ပုဂ္ဂလိက နှင့် အများပြည်သူနှင့်ဆိုင်သော ကဏ္ဍများတွင် အဓိက အရေးပါသော နေရာများမှ ပါ၀င်နိုင်ရန် ဘ၀ အတန်းစားအားလုံးမှ ဘာရိန်း လူငယ်များကို တိုးတက်စေရန်” ဟူ၍ ဖြစ်သည်။

မူစတဖာသည် သူ၏ ထောင်ဒါဏ်ကို ပြီးမြောက်ခဲ့လျှင် သူသည် အချို့တက္ကသိုလ် ကျောင်းစဖွင့်ရက်များအတွက် အနည်းငယ် နောက်ကျနေမည်။ သူ၏ ပညာရေးရလာဒ်များ နှင့် အောင်လက်မှတ်များက ကောင်းမွန်သော်လည်း သူအတွက်ရွေးချယ်စရာ နည်းပါးနေသည်။ စက်တင်ဘာ လလယ်လောက်တွင် လွတ်မြောက်ပြီးနောက် ရရှိနိုင်သော ရွေးချယ်စရာများမှသာ ရွေးချယ်ရန်ဖြစ်သည်။

မူဆတာဖာသည် ပညာရေး၀န်ကြီးဌာနမှပေးသော အခြား ပညာသင်ဆုအား ရရှိထားပြီး ဖြစ်ပေမဲ့ ထိုဆုသည် ဆေးပညာ အတွက် မဟုတ်ပဲ စက်မှု အင်ဂျင်နီ ပညာကို လေ့လာ ရန်ဖြစ်သည်ဟု သူ၏ အကို အလီသည်  Global Voices Online (ကမ္ဘာ့အသံ)ကို ရှင်းပြသည်။

“သူနေရမယ့် အချိန်ထက်စောပြီးလွတ်မယ်လို့ မျှော်လင့်ရပါတယ်။ သူလွတ်လာရင် သူ့ရဲ့ ပညာသင်ဆုကို ထောက်ပံ့ကြေးငွေ အဖြစ်ပြောင်းပြီး အဲ့ဒီငွေနဲ့  သူသင်ချင်တဲ့ ဘာသာကို လေ့လာမယ်။ ဒါပေမဲ့ သူခရီးသွားတဲ့ နေရတွေမှာ တားဆီးခံရမှာကို စိုးရိမ်နေရတယ်။”

ဘာရိန်းနိုင်ငံတွင် ပညာသင်ဆုထောက်ပံမှု ခွဲ၀ေရာတွင် “ခွဲခြားဆက်ဆံသော ဖြစ်စဥ်များ” နှင့် ပက်သက်လာလျှင် မူဆတဖာတစ်ယောက်တည်းပင် မဟုတ်ပါ။ ပညာသင်ဆု ရရှိသူများကို ရွေးချယ်ပုံ စံနှုန်းများနှင့် ပက်သက်၍ အငြင်းအခုံများသည် ဘာရိန်းတွင် လက်ရှိ ဖြစ်ပေါ်နေပါသည်။ ဘာရိန်း နိုင်ငံသားများ နှင့် အခွင့်အရေးလှုပ်ရှားသူများ၏ အဆိုအရ အစိုးရ၏ မှတ်တမ်းများတွင် ရွေးချယ်ရာ၌ ရှီအာ့ မူစလင် ကျောင်းသားများ – အထူးသဖြင့် အစိုး၏ အမြင်များနှင့် ဆန့်ကျင်သော အမြင် ရှိသူများ – အပေါ်ခွဲခြားဆက်ဆံမှုများ ရှိနေကြောင်း ညွန်ပြနေပါတယ်။  သူတို့၏ အမြင်များနှင့် ခံပြင်းချက်များကို “ပညာသင်ဆုများကို အစုလိုက်အပြုံ လိုက်သတ်ခြင်း” ဟုအဓိပ္ပာယ်ရသော အာရဗီစကားလုံးဖြင့် hashtag သုံးကာ Twitter ပေါ်တွင် စုစည်းထားပါတယ်။

Bahrain Center for Human Rights (ဘာရိန်း လူ့အခွင့်အရေးစင်တာ -BCHR) ၏  ဤနှစ်ဖေဖော်၀ါရီမှစသော စာရင်းဇယားများအရ ကလေး ၄၀၀ ကျော်သည် ဘာရိန်း ထောင်တွင် နိုင်ငံရေးအကြောင်းခံသော စွဲချက်များဖြင့် အဖမ်းခံထားရပါသည်။ ၄င်းတို့ အထဲတွင် အတော်အများသည် ဆိုးရွားစွာ ဆက်ဆံမှုများ နှင့် နှိပ်စက်မှုများ ခံခဲ့ကြရပါသည်။

ဆွေးနွေး​ပြောဆို​ခြင်း​ကို စတင်​ရန်

စာရေး​သူ​များ၊ ကျေးဇူးပြု​၍ ဝင်​ရန် »

လမ်း​ညွှန်​ချက်​များ

  • မှတ်ချက်​များ​အားလုံး​ကို ကြီးကြပ်​သူ​တစ်​ဦး​က ဖတ်​ရှု​စစ်ဆေး​ပါ​သည်။. မှတ်ချက်​များ​ကို တစ်​ကြိမ်​ထက် ပို​မ​ပေး​ပါ​နှင့်၊ မဟုတ်​လျှင် မ​လို​အပ်​သော​စာ​အဖြစ် သတ်​မှတ်​ခြင်း​ခံ​ရ​ပါ​မည်။.
  • အခြား​သူ​များ​ကို လေး​လေးစား​စား ဆက်ဆံ​ပေး​ပါ။. လူ​မျိုး​ရေ၊ ဘာသာ​ရေး​နှင့် လိင်​ပိုင်း​ဆိုင်​ရာ တိုက်ခိုက်​မှု​များ​ပါဝင်​သည့် မှတ်ချက်​များ​ကို အတည်ပြု​ပေး​လိမ့်​မည် မဟုတ်​ပါ။.