အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

· ဇွန်, 2014

Below are posts about citizen media in English. Don't miss Global Voices, where Global Voices posts are translated into English! Read about our Lingua project to learn more about how Global Voices content is being translated into other languages.

သတင်းဆောင်းပါးများ အင်္ဂလိပ် from ဇွန်, 2014

မိုက်​ခ​ရို​ဆော့(ဖ်) အသိ​အမှတ်ပြု​လက်မှတ်​ရ ပထမ​ဆုံး ကျောင်းသား ဇမ်​ဘီး​ယား​လူ​ငယ်

A fifteen year old boy of Zambian origin has wowed the world of information and communication technology (ICT) by becoming one of the youngest Microsoft Technology Associates (MTA) in Europe.

တရုတ်၊ ဝီ​ကီ​လိ(ခ်) ကြိုး​များ​မှ​တစ်​ဆင့် ထုတ်ဖော်​လိုက်​သော ထျဲန်း​အန်း​မန် အကြမ်း​ဖက်​ဖြေ​ရှင်း​မှု မှတ်တမ်း​စဉ်

  13 ဇွန် 2014

အရှေ့မြောက် နဂိုတက္ကသိုလ်ရှိ အချက်အလက်သတင်းအတန်းမှ ကျောင်းသားများသည် ထျဲန်းအန်းမန် ရင်ပြင်တွင် ၁၉၈၉က ဆန္ဒထုတ်ဖော်မှုများကို ရည်ညွှန်းရန် ဝီကီလိ(ခ်)ကို ရှာဖွေခဲ့ကြပြီး သံတမန်ကြိုးများကို ၁၉၈၉ ဧပြီ ၁၉မှစ၍ ၁၉၉၀ မတ် ၂၆အထိ ဆန္ဒပြမှုများကို မှတ်တမ်းစင်တစ်ခုအဖြစ် စုစည်းခဲ့ကြသည်။

မော်(လ်)ဒိုက်(ဗ်)မှ လိင်​တူ​ချစ်​သူ နိုင်ငံ​ရေး​ခိုလှုံ​ခွင့် လျှောက်ထား​ခဲ့​သူ​သည် ပြန်​အလာ​တွင် ဖမ်းဆီး​ချုပ်​နှောင်​ခံ​ခဲ့​ရ​ခြင်း

  12 ဇွန် 2014

ရှရီးယားဥပဒေအရ လိင်တူချင်း ချစ်ကြိုက်ခြင်း၊ ပေါင်းသင်းနေထိုင်ခြင်း သို့မဟုတ် လက်မထပ်ဘဲ အတူနေခြင်းအားလုံးသည် မော်(လ်)ဒိုက်(ဗ်)တွင် တရားမဝင်ပေ။ လိင်တူချစ်သူများအား ဖမ်းဆီးဖိနှိပ်သည့် အမှုများလည်း များစွာရှိခဲ့သည်။ သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင် မူအက်(ဇ်)က ဘာသာရေးအရဖြစ်စေ၊ လိင်ပိုင်းဆိုင်ရာ အရဖြစ်စေ နိုင်ငံရပ်ခြားတွင် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ မော်(လ်)ဒိုက်(ဗ်)လူမျိုးများသည် ပြန်လာခဲ့လျှင် ဖမ်းဆီးဖိနှပ်ခြင်း ခံရမည်မှာ သေချာကြောင်းကို လတ်တလော ပြောဆိုထားသည်။ ထိုမှတ်ချက်သည် နယူးဇီလန်နိုင်ငံရှိ နိုင်ငံရေးခိုလှုံခွင့်ရသူ လိင်တူချစ်သူ မော်(လ်)ဒိုက်(ဗ်)လူမျိုးတစ်ဦးဖြစ်သည့် အီဘရာဟင် နိမ်းက ဆုရမိန်းမလျာဖြစ်လာပြီးနောက်တွင် ပေါ်ထွက်လာခြင်းဖြစ်သည်။ မော်(လ်)ဒိုက်(ဗ်)ရှိ တကာဥပါ ဘလော့(ဂ်)ရေးသူတစ်ဦးဖြစ်သည့် ဟီလတ်(သ်)သည် ၄င်း၏ လိင်တိမ်းညွတ်မှုအား ပွင့်လင်းစွာပြောဆိုခြင်းကြောင့် တိုက်ခိုက်ခံခဲ့ရပြီးနောက် သီရိလင်္ကာတွင် တိမ်းရှောင် နေထိုင်လျက်ရှိသည်။...

ဗင်​နီ​ဇွဲ​လား ဝိသေသ​ရှိ​သည့် ဖော်​ပြ​ချက်​များ​အား အင်္ဂလိပ်​လို ပုံဖော်​ဘာသာ​ပြန်​ခြင်း

  11 ဇွန် 2014

ဒေစီပက်တွန်က ရိုးရာ​စကားပုံ​တွေ​ကို ဗင်​နီ​ဇွဲ​လား​ဟာ​သ​နဲ့ အရောင်​တွေ ထုံ​မွှမ်း​ပြီး ပြန်ဆို​ပုံဖော်​ခဲ့​ပါ​တယ်။ ပေါ့​ပေါ့ပါး​ပါး​စကား​အသုံး​အနှုန်း​များ​ကို ယဉ်ကျေး​မှု​တစ်​ခု​မှ တစ်​ခု​နားလည်​နိုင်​စေ​ရန် ရည်​ရွယ်​ချက်​ဖြင့် ပြန်ဆို​ခဲ့​ခြင်း​ဖြစ်​သည်။

ဆူ​ရီ​နိမ်း၊ စိတ်​အင်အား​၏ မျက်နှာများ

  10 ဇွန် 2014

ပြ​ပွဲ​တွေ​မှာ ကိုယ့်​ကိုယ်​ကိုယ် အမြဲ​မေး​လေ့​ရှိ​တယ်။ နေရာ ဒါ​မှ​မဟုတ် ပတ်ဝန်းကျင်​က ကိုယ့်​ရဲ့ သိမှတ်​သညာ​ကို ဘယ်​အတိုင်း​အတာ​အထိ လွှမ်းမိုး​နိုင်​လဲဆို​ပြီး​တော့​ပေါ့။ ဆရာနန်အနုပညာ ဘ​လော့(ဂ်)သည် အနု​ပညာ​ပြ​ပွဲ​တစ်​ခု​ဖြစ်​သည့် “ကိုးကွယ်​ယုံကြည်​မှု၊ အလေ့​အထ​များ​နှင့် သေ​ခြင်း​တရား​နှင့် ပတ်သက်​သော”ကို တက်​ရောက်​ခဲ့​သည်။

တက္ကသိုလ်​ကျောင်းသား​တစ်​ဦး မိမိ​ကိုယ်​ကိုယ် သေ​ကြောင်း​ကြံစည်​မည့် မှတ်စု​တစ်​ခု ဖေ့စ်​ဘုတ်ခ်​တွင်​တင်၊ သူငယ်ချင်း​များ​က အချိန်မီ မ​ကယ်ဆယ်​နိုင်​ခဲ့

  10 ဇွန် 2014

မိမိ​ကိုယ်⁠ကိုယ်​သေ​ကြောင်း​ကြံစည်​မှု​သည် ဘင်္ဂ​လား​ဒေ့ရှ်​တွင် ကာလ​ရှည်​ကြာ​ရှိ​ခဲ့​သော လူ​မှု​ပြသ​နာ​တစ်​ခု ဖြစ်​ကာ ကမ္ဘာ​တစ်​ဝှမ်း​မှ တင်ပြ​ချက်​များ​အရ နှစ်စဉ်​သေဆုံး​မှု​၏ ၂.၀​၆ ရာ​ခိုင်​နှုန်းရှိ​သည်။ ဒါ​ကာ​တက္ကသိုလ်​မှ ကျောင်းသား​တစ်​ဦး​ဖြစ်​သူ မာ​ဘဘ်​ရှ​ဟာန်း​က မိမိ​ကိုယ်​ကို သေ​ကြောင်း​ကြံစည်​မည့်​ပို့စ်​တစ်​ခုကို ၂​၀​၁​၄ ဇွန်​လ ၂ ရက်၊ ည ၇ နာရီ ၈ မိ​နစ်​တွင်​တင်​ခဲ့​သည်။ သူ​ရေး​ခဲ့​သည်မှာ - I am lying on Rail Line. The Train is coming. And I am going to kick out bloody myself, the useless eater. Once I've...

ဂျ​မေ​ကာ၊ သိပ္ပံ မိန်း​က​လေးများ

  9 ဇွန် 2014

သခွားသီးဖျော်ရည် (ဟုခေါ်သည့် ဘလော့(ဂ်))မှ ဘလော့(ဂ်)ရေးသူ မိန်းကလေး)က သူ့အထက်တန်းကျောင်းဟောင်းမှ သိပ္ပံဓာတ်ခွဲခန်းအား အဆင့်မြှင့်တင်ရန်အတွက် ငွေကြေးရှာဖွေရန် အဘယ်ကြောင့် အရေးကြီးကြောင်းကို ရှင်းပြခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာသည် သူ့ကိုယ်သူယုံကြည်မှုရှိစေရန် လေ့လာခဲ့သော နေရာကြောင့်ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အမှန်စင်စစ် လေ့လာသင်ယူခြင်းသည် ချိတ်ဆက်နေသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် “မိန်းကလေးများသည်လည်း သိပ္ပံပညာရှင်များဖြစ်နိုင်ကြောင်းကို နားလည်ရန်” လိုအပ်သောကြောင့်ဖြစ်သည်။  

တရုတ်၊ ကီး​ဘုတ် စူ​ပါ​မင်း​နှင့် အဲန်​ဂ​ရီး လူ​ငယ်​များ ၂.၀

  8 ဇွန် 2014

အွန်လိုင်းတွင် ပြစ်တင်ရှုံ့ချသည့် အကြိမ်ပေါင်းများစွားရှိခဲ့သော်လည်း တရုတ်ပြည်ရှိ ဘေးထိုင်သူများသည် အဘယ်ကြောင့် ထူးခြားလာခြင်းမရှိသည်ကို OffbeatChina က မေးခွန်းထုတ်ခဲ့သည်။ အဖြေရှာရန်အတွက် ထိုဘလော့(ဂ်)ရေးသူသည် ကီးဘုတ်စူပါမင်းနှင့် အဲန်ဂရီး လူငယ် ၂.၀တို့၏ လက္ခဏာများကို လေ့လာခဲ့သည်။

တရုတ်​ပြည်​တွင် အစိုးရ ဗျူ​ရို​က​ရက်​တစ်​ဦး ဖြစ်​လို​လျှင်

  8 ဇွန် 2014

ဂွမ်ဒေါင်ရှိ မြို့တစ်မြို့ဖြစ်သော ဖိုရှမ်းတွင် အစိုးရ၏ နိုင်ငံခြားကုန်သွယ်မှုနှင့် စီးပွားရေး ပူးပေါင်းလုပ်ဆောင်မှုဌာနအတွက် အလုပ်လုပ်ရန် နိုင်ငံခြားသာလေးဦးအား လတ်တလောခန့်ထားလိုက်သည်။ ထိုပြည်တွင်းသတင်းအား nanfang.com မှာ ချာလီလျိုက စုစည်းတင်ဆက်ထားသည်။

ထိုင်း​အာဏာ​သိမ်း​ခြင်း​အား ဆန္ဒ​ပြ​သူ​များ​က Hunger Gamesမှ​နေ​၍ စိတ်​အင်အား​ရ​ယူ​ခြင်း

  7 ဇွန် 2014

ဆန္ဒ​ပြ​ခြင်း​ကို ပိတ်​ထား​လား။ ထိုင်း​က အာဏာ​သိမ်း​တာ​ကို ဆန္ဒ​ပြ​သူ​တွေ​အတွက်​တော့ ပြဿနာ​မ​ရှိ​လှ​ဘူး။ သူ​တို့​တွေ​က Hunger Games သင်္ကေတ​ကို အတု​ယူခဲ့​ပြီး တချို့​တွေ​က အများ​ပြည်​သူ​ပိုင်​နေရာ​တွေ​မှာ "စာ​ဖတ်​ပြီး" ဆန္ဒ​ပြ​ခဲ့​ကြ​တယ်​လေ.

အင်္ဂလိပ် နှင့် ပတ်သက်​၍

en