အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

· စက်တင်ဘာ, 2012

Below are posts about citizen media in English. Don't miss Global Voices, where Global Voices posts are translated into English! Read about our Lingua project to learn more about how Global Voices content is being translated into other languages.

သတင်းဆောင်းပါးများ အင်္ဂလိပ် from စက်တင်ဘာ, 2012

ဂျော်​ဒန်၊ လွှတ်တော်​က အင်​တာ​နက် ကန့်သတ်​ချက်​များ​ကို အတည်ပြု​လိုက်​၍ ညည်းတွား​မြည်တွန်​သော​နေ့

ဒီ​နေ့[၂​၀​၁​၂၊ စက်တင်ဘာ (၁​၂)ရက်​နေ့]မှာ အင်​တာ​နက်​လွတ်လပ်​ခွင့်​သေ​ဆုံး​တာ​ကို ဝမ်းနည်း​ကြောင်း ထုတ်ဖော်​ဖို့ လွှတ်တော်​အပြင်​ဘက်​မှာ ဈာ​ပ​နာ​အခမ်းအနား​အတု​တစ်​ခု​ကို ဂျော်​ဒန်​လူ​မျိုး ကွန်​ယက်​နိုင်ငံသား​တွေ​က ကျင်းပ​ခဲ့​ပါ​တယ်။ လွှတ်တော်​ထဲ​မှာ​တော့ ကိုယ်စားလှယ်​တွေ​က လွတ်လပ်​စွာ​ထုတ်ဖော်​ခွင့်​ကို ရပ်တန့်​ပစ်​မယ့် ပုံနှိပ်​ထုတ်​ဝေ​ရေး​ဥပဒေ​အသစ်​ကို အတည်ပြု​လိုက်​ပါ​တယ်။

လစ်​ဗျား၊ စိတ်​မ​ကောင်း​ပါ​ဘူး ခရစ်(စ်)ရယ် ၊ ဘန်​ဟာ​ဇီ​က မင်းကို အကာအကွယ် မ​ပေး​နိုင်​ခဲ့​ဘူး

သံတမန် ခ​ရစ္စ​တို​ဖာ စ​တီ​ဗင်(စ်)အပါအဝင် အမေ​ရိ​ကန်​လူ​မျိုး လေး​ယောက်​အသတ်​ခံ​ရ​တဲ့ အမေ​ရိ​ကန်​ကောင်​စစ်​ဝန်​ရုံး​အတိုက်​ခံ​ရ​တဲ့​အပေါ်​မှာ ဆန္ဒ​ပြ​ဖို့ စက်တင်ဘာ (၁​၂)ရက်​နေ့​က ဘန်​ဟာ​ဇီ​က အယ်(လ်)ရှာ​ဂျာ​ရာ ရင်ပြင်​မှာ လစ်​ဗျား​လူ​မျိုး လူ​တစ်​စု စုရုံး​ခဲ့​ကြ​ပါ​တယ်။

တရုတ်​၏ အာ​ဖ​ရိ​က​မူ​ဝါဒ ကျ​ဆုံး​ပြီ​လော

  16 စက်တင်ဘာ 2012

တရုတ်​သတ္တု​တွင်း​သူဌေး​က လုပ်သား​တွေ​ရဲ့​သတ်​ဖြတ်​ခြင်း​ခံ​ခဲ့​ရ​တယ်​ဆို​တဲ့ သ​တင်း​က တရုတ်​နက်​တီ​ဇင်​တွေ​ရဲ့ စိတ်ဝင်စား​မှု​ကို ဖမ်းစား​ခဲ့​တဲ့​အပြင် နှစ်​နိုင်ငံ​လုံး​မှာ​ရှိ​တဲ့ လုပ်​ငန်း​အခြေအနေ​တွေ​ကို နှိုင်းယှဉ်​ပြီး အာ​ဖ​ရိ​က​အပေါ်​ထား​တဲ့ တရုတ်​ရဲ့ "ဖွံ့ဖြိုး​ရေး​အကူအညီ သံ​ခင်း​တမန်​ခင်း" မူ​ဝါဒ​ကို မေးခွန်းထုတ်​ဖို့ သတိပေး​ခဲ့ပါတယ်။

ဟောင်​ကောင်​မှ ကိုယ်တိုင်​ဆင်​ဆာ​ဖြတ်​မှု

  15 စက်တင်ဘာ 2012

ကျုံးနန်ဟိုင်က အာရှအမေရိကန် ဂျာနယ်လစ်အဖွဲ့အစည်းရဲ့ စကားဝိုင်းဆွေးနွေးပွဲက ဟောင်ကောင်မှာရှိတဲ့ ကိုယ်တိုင်ဆင်ဆာဖြတ်မှုနဲ့ပတ်သက်တဲ့အခြေအနေကို ဖော်ပြခဲ့ပါတယ်။ အဲဒါတွေထဲက တစ်ခုကတော့ ဟောင်ကောင်မီဒီယာဂေဟဗေဒက “ပြည်မအတွေးအခေါ်သွတ်သွင်းမှုပြုခြင်း”ပဲ ဖြစ်ပါတယ်။ ဂျာနယ်လစ်ဟောင်းတစ်ဦးဖြစ်ပြီး လာမယ့် ဥပဒေပြုရေးကောင်စီရွေးကောက်ပွဲအတွက် ရွေးကောက်ခံအမတ်လောင်းတစ်ဦးဖြစ်တဲ့ ကလောဒီယာမိုက တင်ပြရှင်းလင်းခဲ့တာပါ။

ဂျပန်၊ ဖူ​ကူ​ရှီး​မား​မှ အမျိုးသမီး​များ​က အဏုမြူ​စွမ်း​အင် ဆန့်ကျင်​ရေး​အတွက် စုရုံး

  14 စက်တင်ဘာ 2012

၂၀၁၂ခုနှစ်၊ ဩဂုတ်လ(၂၉)ရက်နေ့က ပြုလုပ်တဲ့ ဖူကူရှီးမားအမျိုးသမီး တွေ့ဆုံပွဲတစ်ခုမှာ အဏုမြူစွမ်းအင်နဲ့ပတ်သက်တဲ့ ဂျပန်ရဲ့ ပေါ်လစီကို ပြောင်းလဲဖို့အတွက် စုစည်းတဲ့အဖွဲ့ကို မဲပေးဖို့[ja]အတွက် ကုလသမဂ္ဂဝန်ထမ်းဟောင်း ခါအိုရီ အီဇုမိက တောင်းဆိုလိုက်ပါတယ်။

ဟောင်​ကောင်၊ အမျိုးသား​ပညာ​ရေး​က ဘာ​ကြောင့် ကြောက်​ဖို့​ကောင်း​ရသ​လဲ

  14 စက်တင်ဘာ 2012

တရုတ်မီဒီယာစီမံကိန်းက ဟောင်ကောင်တရုတ်တက္ကသိုလ်ရဲ့ အစိုးရနဲ့ပြည်သူ့အုပ်ချုပ်ရေးဋ္ဌာနက ပါမောက္ခ ချိုပိုချွန်းရဲ့ မှတ်တမ်းတစ်ခုကို ဘာသာပြန်ထား[en]ပါတယ်။ တရုတ်အစိုးရကျောင်းတွေရဲ့ “အမျိုးသားပညာရေး”နဲ့ပတ်သက်တဲ့ သူရဲ့ (၁၆)နှစ်စာအတွေ့အကြုံကို ထင်ဟပ်ပြထားတာပါ။

မလေးရှား၊ အမျိုးသမီး​အလုပ်​သမား​များ​အား ခွဲ​ခြား​ဆက်ဆံ​မှု

  12 စက်တင်ဘာ 2012

မလေးရှားမှာ လူတိုင်းအတွက် ညီမျှပြီးတော့ လိင်အစရှိတာတွေပေါ်အခြေခံတဲ့ ခွဲခြားဆက်ဆံမှုတွေ မရှိဖို့ အာမခံမှုကို ကျွန်တော်တို့ လိုချင်ပါတယ်။ အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်း နှစ်မျိုးလုံးမှာ အလုပ်သမားတိုင်းက ကျေနပ်ခံစားနိုင်မယ့် အာမခံမှုမျိုး ဖြစ်ရပါမယ်။ ဘလော့(ဂ်)ရေးသူ ချားလ်(စ်) ဟက်တာရဲ့အဆိုအရ မလေးရှားမှာ လိင်ခွဲခြားဆက်ဆံတာက[en] ရှိနေပါသေးတယ်။

အငြင်း​ပွား​ဖွယ် တိ​ဘက်​အပန်း​ဖြေ​ဥယျာဉ်​စီမံ​ကိန်း စတင်

  12 စက်တင်ဘာ 2012

တရုတ်အစိုးရက ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်ရန် ယွမ် ကုဋေပေါင်း (၃၀၀၀၀) (အမေရိကန်ဒေါ်လာသန်းပေါင်း (၄၇၀၀)) ကုန်ကျမည့် တိဘက်အပန်းဖြေဥယျာဉ် ကို စတင်တည်ဆောက်တော့မည်ဟု ယခင်လက ကြေညာခဲ့ သည်။ ဤဥယျာဉ်ကို ဝင်ချဲန်မင်းသမီးဟုခေါ်သည့် ရုပ်ရှင်ရိုက်ကူးရာတွင် ရိုက်ကွင်းအနေဖြင့် ပထမဆုံးအသုံးပြုမည် ဖြစ်သည်။

တောင်​ကိုး​ရီး​ယား၊ ဆမ်​ဆောင်း၊ အမျိုးသား​ချန်​ပီ​ယံ​လား၊ လုပ်​ငန်း​မိစ္ဆာ​လား

  12 စက်တင်ဘာ 2012

သေချာတယ်၊ ဆမ်ဆောင်းကို တချို့တွေက အမျိုးသားချန်ပီယံလို့ မြင်ကြလိမ့်မယ်၊ ဒါပေမဲ့ စံပြုလုပ်ငန်းမိစ္ဆာလို့ မြင်မယ့်သူတွေလည်း အများကြီးပဲ၊ နောက်ပြီး အကြောင်းပြချက်မရှိဘဲ အဲလိုမြင်နေတာတော့ မဟုတ်ဘူး[en] အယ်ပဲ(လ်)နဲ့ ဖြစ်နေတဲ့ မူပိုင်ခွင့်အတွက် တရားရင်ဆိုင်မှုစစ်ပွဲမှာ ဆမ်ဆောင်းကို ထောက်ခံအားပေးသူ တောင်ကိုးရီးယားလူမျိုးတွေရှိနေသေးတယ်ဆိုတာကို ပြတဲ့ စစ်တမ်းတစ်ခုအကြောင်း ရောဘတ် ကိုအယ်ဟလာက သူ့ဘလော့(ဂ်)မှာ ရေးသွားတာပါ[en]။ အဲဒီစာနဲ့ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ဆွေးနွေးမှုတွေကို ဒီမှာကလစ်နှိပ်ပြီး[en] ကြည့်နိုင်ပါတယ်။

အင်္ဂလိပ် နှင့် ပတ်သက်​၍

en