အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

အငြင်း​ပွား​ဖွယ် တိ​ဘက်​အပန်း​ဖြေ​ဥယျာဉ်​စီမံ​ကိန်း စတင်

တရုတ်အစိုးရက ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်ရန် ယွမ် ကုဋေပေါင်း (၃၀၀၀၀) (အမေရိကန်ဒေါ်လာသန်းပေါင်း (၄၇၀၀)) ကုန်ကျမည့် တိဘက်အပန်းဖြေဥယျာဉ် ကို စတင်တည်ဆောက်တော့မည်ဟု ယခင်လက ကြေညာခဲ့[en]သည်။ ဤဥယျာဉ်ကို ဝင်ချဲန်မင်းသမီးဟုခေါ်သည့် ရုပ်ရှင်ရိုက်ကူးရာတွင် ရိုက်ကွင်းအနေဖြင့် ပထမဆုံးအသုံးပြုမည် ဖြစ်သည်။ ထိုရုပ်ရှင်သည် တိဘတ်ဘုရင် နှင့်လက်ဆက်ခဲ့သော တန်မင်းဆက်၏ တူမတော်အကြောင်းဖြစ်သည်။

အပန်းဖြေဥယျာဉ်ကို လှာဆာ မြို့စွန်နားတွင် တည်ဆောက်မည်ဖြစ်ပြီး ၁၉၇၆.၈၄ ဧကကျယ်ဝန်းပါလိမ့်မည်။ တိဘက်လူမျိုး အစိုးရအတိုက်အခံများကမူ ယခုစီမံကိန်းကို တိဘတ်လူမျိုးများ၏ ယဉ်ကျေးမှူကို စစ်မှန်စွာမျှဝေခြင်းနှင့် ထိန်းသိမ်းခြင်းထက် ဖျော်ဖြေရေးသက်သက်အတွက် အသွင်ပြောင်းခြင်း[en]သာဖြစ်သည်ဟု ဖော်ပြထားသည်။

နိုင်ငံရေးအတွေးအမြင် ငြင်းခုန်မှုတွေကြောင့်သာမက ဟန်လူမျိုးကြားတွင်ပင် ဤစီမံကိန်းတည်ဆောက်မှုသည် အလွန်အငြင်းပွားဖွယ်ဖြစ်နေသည်။  စိနဝေဘိုဆိုက် အသုံးပြုသူ @1690737580က ဤဥယျာဉ်၏ ဆောက်လုပ်ရေးမြင်ကွင်းဓာတ်ပုံအချို့ကို တင်ထားပြီး[zh]တည်ဆောက်ရေးအတွက် ထိုကဲ့သို့ပတ်ဝန်းကျင်မျိုး ဆုံးရှုံးမှုအပေါ် အကြီးအကျယ်စိတ်မကောင်းဖြစ်ရကြောင်း ဤသို့ရေးသားထားပါသည်။

Cijiaolin Village. Photos taken by Sina User @1690737580

ချီကျောက်လင်ရွာ၊ ဓာတ်ပုံ – စိန အသုံးပြုသူ @1690737580

次角林沟,距拉萨城区只有2公里,相传曾是文成公主进藏后随行人员的聚居地,是藏民过林卡的绝佳去处。有山有水,有大片平整的草地,可以远眺布达拉宫。三年内这里就要建什么文化旅游创意园,要建文成公主主题公园,还要盖四星级酒店~~发展旅游肯定有这样那样的好处,但其实我倒希望保持这样,该有多好。

ချီကျောက်လင်ရွာဟာ လှာဆာမြို့ကနေ ၂ကီလိုမီတာပဲဝေးတာပါ။ ရာဇဝင်အရဒီနေရာက ဝင်ချဲန်မင်းသမီးနဲ့ သူ့ အခြွေအရံတွေ အခြေချခဲ့တဲ့နေရာပါ။ တိဘတ်လူမျိုးတွေအတွက် အနားယူဖို့ အင်မတန်ကောင်းတဲ့နေရာပါပဲ။ တောင်တန်းတွေ၊ မြစ်တွေနဲ့  ကြီးမားတဲ့မြက်ခင်းကျယ်ကြီးတွေ ဝန်းရံနေတဲ့ နေရာပါ။ ဒီနေရာကနေ ပိုတာလာ နန်းတော် [လူမျိုးစုခေါင်းဆောင် ဒလိုင်းလားမားနေထိုင်ရာ နေရာဟောင်း] ကိုလှမ်းမြင်နိုင်ပါတယ်။ နောက်သုံးနှစ်အတွင်းမှာ ဒီလိုသဘာဝအလှတွေနဲ့လှပတဲ့နေရာကို ဝင်ချဲန်မင်းသမီး ယဉ်ကျေးမှုဥယျာဉ်လို့ခေါ်တဲ့ ကြယ်၄ပွင့်ဟော်တယ်ကြီးတွေနဲ့ အစားထိုးကြတော့မယ်။ မှန်ပါတယ်၊ ခရီးသွားလုပ်ငန်းအတွက်အကျိုးအမြတ်ရရှိမှာမှန်ပေမဲ့ ကျွန်မကတော့ အရာတိုင်းဟာအရင်လိုပဲလှလှပပကျန်ရှိနေဦးမယ်လို့ မျှော်လင့်ချင်ပါတယ်။

နယ်တီအာဆယ်ဟုခေါ်သော ဘလော့တစ်ခုတွင် ဖိုရမ်[zh]တစ်ခုတည်ဆောက်၍ ယင်းကိစ္စအပေါ် အင်တာနက်အသုံးပြုသူများ၏ အမြင်ကောက်ခံရာတွင် ထောက်ခံမှုများ အနေဖြင့်

况勇 :我支持下拉萨,必定是一个不错的投资项目,政府只是推动者不可能拿很多钱出来,这是招商引资啊,多好!不但对本地旅游很有帮助还可以围绕这工程建设很多相关配套的基础建设如:马路啊大桥啊,对人民也是不错的。还能为拉萨造势使其成为国际旅游圣地。

@0147739241၊ လှာဆာမြို့အတွက် ကျွန်တော့်ရဲ့ ထောက်ခံမှုကိုဖော်ပြချင်ပါတယ်။ဒါဟာ ကောင်းမွန်တဲ့စီမံကိန်း ဖြစ်မှာပါ။ အစိုးရဟာ ပံ့ပိုးပေးသူအနေနဲ့ ငွေတွေအားလုံးကို တစ်ဦးတည်းရင်းနှီးမြုပ်နှံနိုင်ခြင်း မရှိပါဘူး၊ ဒါရင်းနှီးမြုပ်နှံမှုအတွက် ဖိတ်ခေါ်နေတာပါပဲ။ ဒါဟာ ပြည်တွင်းခရီးသွားလုပ်ငန်းတိုးတက်မှုကို အထောက်အကူဖြစ်ရုံတင်မကဘူး၊ လမ်းတံတားဆောက်လုပ်ရေးလုပ်ငန်းတွေကိုပါ အထောက်အပံ့ဖြစ်စေပါတယ်။ မြို့သူမြို့သားတွေအတွက်ကောင်းမွန်ပါတယ်။ လှာဆာမြို့ဟာ နိုင်ငံတကာခရီးသွားလုပ်ငန်းတည်နေရာ ဖြစ်လာတော့မှာပါ။

bayniwffg :提倡文化传承是好事,但是就不敢保证这些款项是否能落到实处,杜绝铺张浪费,因为我国还有很多孩子吃不饱,睡不暖,上不了学的。

@bayniwffg၊ အမွေအနှစ်ထိန်းသိမ်းဖို့အတွက် ကောင်းမွန်ပါတယ်။ ဘဏ္ဍာငွေတွေကို မှန်ကန်တဲ့နေရာမှာ သုံးဖြစ်မှာလား၊ အလဟဿဖြစ်ကုန်မှာလားဆိုတာတော့ မသေချာသေးပါဘူး။ ကျွန်တော်တို့မှာ ဆာလောင်နေတဲ့၊ ပညာရေးအတွက်မတတ်နိုင်သေးတဲ့ ကလေးတွေ အများကြီး ရှိနေပါသေးတယ်။

အောက်ဖော်ပြပါတို့မှာ အင်တာနက်အသုံးပြုသူများ၏ စီမံကိန်းအပေါ်ဆန့်ကျင်ရေးသားချက်များ ဖြစ်ပါသည်။

Potala Palace in Lhasa has always been a touristic attraction in Tibet. Photo by Flickr user Jamie Barras (CC: NC-SA)

လှာဆာမြို့ရှိ ပိုတာလာ နန်းတော်သည် တိဘက်အတွက် နိုင်ငံခြားခရီးသွားများကို အစဉ်ဆွဲဆောင်နိုင်ခဲ့သော နေရာဖြစ်သည်။ ဓာတ်ပုံ – ဖလစ်ကာအသုံးပြုသူ ဂျယ်မီ ဘာရာ(စ်) (CC: NC-SA)

行色匆匆 :不应该建主题公园。拉萨本身就具有良好的原生态自然资源、民族风情和人文气息,不需要再搞神马主题公园这种人为景观、风情来招客,如果搞了非但招不了游客,还将拉萨、西藏原本在人们心目中的良好印象给破坏掉,游客反而会减少,而且还造成投资浪费。

@xsccld187၊ ကျွန်တော်တို့တွေဟာ အပန်းဖြေဥယျာဉ်ကိုမတည်ဆောက်သင့်ဘူး။ လှာဆာ မြို့ဟာ သဘာဝသယံဇာတအရင်းအမြစ်တွေ၊ လူမျိုးစုယဉ်ကျေးမှုလက္ခဏာတွေနဲ့ ပြည့်ဝတဲ့မြို့ ဖြစ်ပါတယ်။ ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်ဖို့ အပန်းဖြေဥယဉ်နှင့် သဘာဝမဟုတ်တဲ့ ဆောက်လုပ်ရေးတွေ မလိုအပ်ပါဘူး။ တကယ်လို့ ဒီစီမံကိန်းသာမအောင်မြင်ခဲ့ရင် လူတွေရဲ့ လှာဆာမြို့အပေါ် အကောင်းမြင်ထားတဲ့ ပုံရိပ်တွေ ပျက်စီးသွားပြီး ခရီးသွားအရေအတွက်လည်း ကျဆင်းသွားမှာပါပဲ။ နောက်ဆုံးမှာတော့ ဒါဟာအလဟဿဖြစ်သွားမှာပါ။

乌云遮不住太阳 :做正事一分钱都没有,到处哭穷,乱七八糟的事,哪都不差钱

@410753237၊ ကျွန်တော်တို့ ငွေအမှန်တကယ်လိုအပ်တဲ့အခါကျရင် အစိုးရက ကျွန်တော်တို့အရမ်းဆင်းရဲပါတယ်ဆိုပြီးငိုပြအုံးမယ်။ ဒီလိုရှုပ်ထွေးတဲ့စီမံကိန်းအတွက်အသုံးပြုဖို့ ကျတော့ ပိုက်ဆံရှိနေတယ်။

老鼠皇帝首席村妇 :去西藏是为了离天堂和灵魂更近一点,是希望感受那里的纯净的山水和执着的信仰,我们要看的是真实的活着的西藏,而不是这些打着文化的牌的恶俗的无风格不气质的人造景观。300亿?还是省下来为改善民生做点实在的事儿吧。

@ratpetty၊ ကျွန်တော်တို့တိဘတ်ကို ခရီးသွားရခြင်းအကြောင်းပြချက်က ကောင်းကင်ဘုံနှင့် စိတ်ထဲယုံကြည်မှုတွေရှိတဲ့ကမ္ဘာတစ်ခုကို အနီးကပ်ကြုံတွေ့ရဖို့   နောက်ပြီး တောင်တန်းတွေ၊ မြစ်တွေဝိုင်းရံနေတဲ့ စစ်မှန်တဲ့သက်ဝင်ယုံကြည်မှုတွေကို တွေ့ကြုံဖို့အတွက် ဖြစ်ပါတယ်။ ကျွန်တော်တို့မြင်ချင်တာဟာ စစ်မှန်တဲ့ တိဘတ်ကိုပါ၊ ယဉ်ကျေးမှုအနုပညာ လို့ စကားလှ⁠လှသုံးထားတဲ့ လူတွေဖန်တီးထားတဲ့ အောက်တန်းကျတဲ့ ဆောက်လုပ်ရေးတွေအောက်က တိဘတ်မဟုတ်ပါဘူး။ ယွမ် ကုဋေပေါင်း (၃၀၀၀၀) ဟုတ်လား? အဲလောက်ပိုက်ဆံကို လူသားတွေပေါ်မှာ အသုံးပြူပြီး သူတို့ရဲ့လူနေမှုဘဝကိုမြှင့်တင်ပေးလိုက်ပါ ။

ဆွေးနွေး​ပြောဆို​ခြင်း​ကို စတင်​ရန်

စာရေး​သူ​များ၊ ကျေးဇူးပြု​၍ ဝင်​ရန် »

လမ်း​ညွှန်​ချက်​များ

  • မှတ်ချက်​များ​အားလုံး​ကို ကြီးကြပ်​သူ​တစ်​ဦး​က ဖတ်​ရှု​စစ်ဆေး​ပါ​သည်။. မှတ်ချက်​များ​ကို တစ်​ကြိမ်​ထက် ပို​မ​ပေး​ပါ​နှင့်၊ မဟုတ်​လျှင် မ​လို​အပ်​သော​စာ​အဖြစ် သတ်​မှတ်​ခြင်း​ခံ​ရ​ပါ​မည်။.
  • အခြား​သူ​များ​ကို လေး​လေးစား​စား ဆက်ဆံ​ပေး​ပါ။. လူ​မျိုး​ရေ၊ ဘာသာ​ရေး​နှင့် လိင်​ပိုင်း​ဆိုင်​ရာ တိုက်ခိုက်​မှု​များ​ပါဝင်​သည့် မှတ်ချက်​များ​ကို အတည်ပြု​ပေး​လိမ့်​မည် မဟုတ်​ပါ။.