သတင်းဆောင်းပါးများ အင်္ဂလိပ် from အောက်တိုဘာ, 2012
မော်(လ်)ဒိုက်၊ ဥပဒေပြုသူ လုပ်ကြံခံရ
ဘက်(ဂ်)ဂီးက မော်(လ်)ဒိုက်အစိုးရ ညီညွတ်မှုအတွက် ဥပဒေပြုသူတစ်ဦးဖြစ်တဲ့ ဒေါက်တာ အက်ဖရာအရှီး(မ်)ကို သူ့အိမ်အပြင်ဘက်မှာ သေဆုံးနေတာကို တွေ့ရတဲ့အကြောင်းကို ဓာတ်ပုံဇာတ်လမ်းတစ်ခု ရေးသားထားပါတယ်။
ဘိုလီးဗီးယား နိုင်ငံရေးသမားများ “ဂန်းနန်းစတိုင်(လ်)” ဖြစ်လာခြင်း
“ဂန်းနန်းစတိုင်(လ်)” ရုပ်ပြောင်ဟာသတွေက ဘိုလီးဗီးယား နိုင်ငံရေးသမားတွေဆီ ရောက်လာပါပြီ။ ဒီအပတ်အစောပိုင်တုန်းက ဘိုလီးဗီးယား ယူကျူ့သုံးသူတစ်ဦးဖြစ်တဲ့ KwonBanYaက ကိုးရီးယားရက်(ပ်)သီချင်း ရယ်စရာပုံစံကို ထင်ရှားတဲ့ နိုင်ငံရေးသမားတွေကို အထူးပြုထားပြီး တင်ခဲ့တာပါ။
ဂျမေကာ၊ လူနည်းစုက ဘယ်သူတွေလဲ
ဂျမေကာမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ ရင်နာစရာ ယုတ္တိမရှိတဲ့အဖြစ်အပျက်ကတော့ လူနည်းစုအမြောက်အများက နေရာတော်တော်များများက လူမှုပတ်ဝန်းကျင်တွေမှာ လူများစုကို ဗိုလ်ကျအနိုင်ကျင့်နေတဲ့ ကိစ္စပါပဲ။ ကာရိုလင်း ကူပါးက ဂျမေကာက တိုင်းရင်းသားပေါင်းစုံ စီမံကိုင်ကွယ်ရေးနဲ့ ပတ်သက်တဲ့ သူ့ကော်လံဆောင်းပါးကို တုံ့ပြန်ချက်တွေအပေါ် ပြန်ပြောဆိုလိုက်တာပါ။
ဟောင်ကောင်၊ ခွေးများနဲ့ နှံကောင်များ တိုက်ခိုက်မှု
ဟောင်ကောင်လူမျိုးတချို့က တရုတ်ပြည်မကလူတွေကို နှံကောင်လို့ တံဆိပ်ကပ်တာကို တုံ့ပြန်တဲ့အနေနဲ့ ဟောင်ကောင်မှာရှိတဲ့ တရုတ်ပြည်မက ကျောင်းသားတစ်ယောက်က ဟောင်ကောင်နေဒေသခံတွေကို “ခွေးတွေ”လို့ ခေါ်လိုက်ပါတယ်။ နိုင်ငံရေးအရမမှန်ကန်တဲ့ ဟောင်ကောင်ကန်တုံ အဘိဓာန်ဆိုတဲ့ ဝက်ဘ်ဆိုက်က ဒီအငြင်းပွားမှုကို ဘာသာပြန်ထား[en]ပါတယ်။
တရုတ်၊ မိုယန်းက တရုတ်အစိုးရရဲ့ ရုပ်သေးရုပ်လား
မိုက လျိုရှောင်ပို ဒါမှမဟုတ် ဗာကလဗ် ဟေဗယ်(လ်)တို့ရဲ့ ပုံစံကနေ ကွဲထွက်တာမျိုးတော့ မဟုတ်ဘူး၊ ဒါပေမဲ့ သူရဲ့အလုပ်တွေက အာဏာနဲ့ အုပ်စိုးမှုပိုင်ရဲ့ အကျင့်ပျက်မှုတွေ၊ ရက်စက်မှုတွေနဲ့ မိုက်မဲမှုတွေကိုပဲ ထင်ဟပ်ပြထားတယ်။ Rectified.nameက ဘရန်ဒန် အိုကိန်းက ၂၀၁၂ စာပေနိုဘယ်(လ်)ဆုရတဲ့ မိုယန်းက ဘာဖြစ်လို့ တရုတ်အစိုးရရဲ့ ရုပ်သေးမဟုတ်နိုင်ကြောင်းကို ရှင်းပြထားတာပါ။
တရုတ်၊ ဒေသဖြတ်ကျော် ဆင်ဆာ စည်းမျဉ်းအသစ်
တို့ဟူးဝန်ကြီးဌာန (ဝက်(ဘ်)ဆိုက်)က ကျင်းကောင်က ဖူကျန့်အစိုးရအရာရှိ လာဘ်စားတာကို ဖော်ပြတဲ့ သတင်းဆောင်းပါတစ်ခု ထုတ်ဝေခွင့်ကို ပိတ်ပင်ဖို့အတွက် ဖူကျန့်အစိုးရက သူ့ရဲ့မသန့်ရှင်းတဲ့လက်တွေကို ယူနန်အစိုးရဆီ လက်ဆင့်ကမ်းလိုက်ပုံကို ရှင်းပြ[en]ထားပါတယ်။
ကမ္ဘောဒီးယား၊ ကောက်ကျစ်သော ခမာအာဏာရှင်လက်အောက်မှ ဘဝ
ကျွန်တော်က ၁၉၇၇ခုနှစ်မှာ မွေးတာ။ အမေကပြောဖူးတယ်၊ ကျွန်တော့်အတွက် အစားအစာရှာရဖွေရတာ အရမ်းဒုက္ခရောက်တယ်ဆိုပြီးတော့။ သူတို့တွေက လူတွေကို လယ်ကွင်းတွေထဲမှာ အလုပ်လုပ်ဖို့ အတင်းခိုင်းပြီး ဆန်ပြုတ်တစ်ပန်းကန်ကလွဲပြီး တခြားဘာမှ စားခွင့်မပေးဘူးလေ။ ပို(လ်)ပေါ့ရဲ့ လက်ထက်ပေါ့။