သတင်းဆောင်းပါးများ အင်္ဂလိပ် from နိုဝင်ဘာ, 2012
မလေးရှား၊ နိုင်ငံအလံပြောင်းလဲခြင်းအဆိုအပေါ်အုတ်အော်သောင်းနင်းဖြစ်ခြင်း
မလေးရှားအလံကို ပြောင်းဖို့ အချိန်ရောက်ပြီလား။ နိုင်ငံရဲ့ လွတ်လပ်ရေးနေ့ကို ကျင်းပနေတဲ့အချိန်မှာ အလံပုံစံအသစ်ကို အဆိုပြုပါတယ်ဆိုပြီး အတိုက်အခံပါတီကို စွပ်စွဲထားပါတယ်။
ဆန္ဒပြနေသော မိခင်များအား တူရကီရဲအရာရှိများကမျက်ရည်ယိုဗုံးများဖြင့် အသုံးပြုတိုက်ခိုက်
ကာဒစ်(ရှ်) နိုင်ငံရေးအကျဉ်းသားတွေရဲ့ အစာငတ်ခံ သပိတ်မှောက်မှုက ၅၅ရက်တိုင် ကြာမြင့်ခဲ့ပါပြီ။ တူရကီနိုင်ငံမှာ ရာနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေက အစာငတ်ခံ သပိတ်မှောက်ခဲ့ကြပြီး အဲဒီလို ဆန္ဒပြမှုက ဥရောပတိုက်တစ်ဝန်းနဲ့ အထူးသဖြင့် တူရကီနိုင်ငံမှာ စုပေါင်းဆန္ဒထုတ်ဖော်မှုတွေဆီ ဦးတည်ခဲ့ပါတယ်။ မနေ့က [နိုဝင်ဘာ၄၊၂၀၁၂] မနက်ပိုင်းမှာ အကျဉ်းသားအချို့ရဲ့ အမေတွေ လာရောက်စုဝေးပြီး ဆန္ဒထုတ်ဖော်နေခဲ့တာ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်နှိမ်နင်းတာခံခဲ့ရသလိုရေသံဗူးများနဲ့ သူတို့အပေါ် တိုက်ရိုက်ပက်ဖျန်းခြင်းလည်း ခံခဲ့ရပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကာ့(ဒ်)လူမျိုးတွေက သူတို့ရဲ့ လှုပ်ရှားမှုအရေးကို လူတွေတိတ်ဆိတ်နေကြတာနဲ့ ဆန့်ကျင်ပြီး ထုတ်ဖော်ြပောဆိုခဲ့ကြပါတယ်။
တာဂျစ်ကစ္စတန်၊ ဟယ်လိုဝင်းသည် မျိုးချစ်များအတွက် မဟုတ်
တာဂျစ်ကစ္စတန်မှာ ဟယ်လိုဝင်းအကြောင်းသိသူ များများစားစားမရှိပါဘူး။ ဒါပေမဲ့လည်း နိုင်ငံတွင်းမှာ အားလပ်ရက်ပျော်ပွဲရွှင်ပွဲ ဆင်ယင်ကျင်းပမှုအနည်းငယ်က လူအချို့ကို မသက်မသာ ဖြစ်စေပါတယ်။ ဟယ်လိုဝင်းက တာဂျစ်(ခ်) ယဉ်ကျေးမှုကို အန္တရာယ်ပေးနေတဲ့ 'သူစိမ်းပြင်ပြင်' ရိုးရာတစ်ခုလား။ ဒါမှမဟုတ် 'အပြစ်မဲ့ ပျော်စရာဟာသ'သက်သက်လား