၂၀၁၂ ခုနှစ် စက်တင်ဘာလ အစောပိုင်းတွင် အတိုက်အခံပါတီ၏ မလေးရှားနိုင်ငံအလံကိုပြောင်းလဲရန် တင်သွင်းသည်ဟု ယူဆရသော အဆိုအပေါ် အုတ်အော်သောင်းနင်းအနည်းငယ် ဖြစ်ပွားခဲ့သည်။ ယခုလက်ရှိအလံသည် အစိုးရအဖွဲ့များ ပူးပေါင်းခြင်းအသွင်သဏ္ဍန်နှင့် အလွန်တူပြီး အဆိုတင်သွင်းထားသော အလံအသစ်မှာမူ စင်ကာပူနှင့် အင်ဒိုနီးရှားအလံများနှင့် ပိုမိုအသွင်သဏ္ဍန်တူသည်ဟု အတိုက်အခံ နိုင်ငံရေးသမားတစ်ဦး၏ ဖေ့စ်ဘွတ်(ခ်)စာမျက်နှာပေါ်တွင် ရေးသားထားကြောင်းကို အယ်ရှာ့ အဒလီနာ ကာရင်(မ်) ဆိုသူကအောက်ပါအတိုင်းရေးသားထားပါသည်
ပီအာ(ပကတန် ရကျက်၊ အတိုက်အခံအစုအဖွဲ့)ကမလေးရှားကို ထိန်းချုပ်ခွင့်ရပြီးရင် သူတို့ကမလေးရှားနိုင်ငံရဲ့အလံကို အသစ်ပြောင်းမယ်ဆိုတာက စင်္ကာပူနဲ့ အင်ဒိုနီးရှားက သမ္မတနိုင်ငံ မလေးရှားကိုလည်းသမ္မတနိုင်ငံလုပ်ဖို့ရည်ရွယ်တာပါ။
ဆစ်(ခ်)ဖေလယ်စီကတော့အထူးသဖြင့် လွတ်လပ်ရေးနေ့ကျင်းပနေစဉ်တွင် ထိုကဲ့သို့ သတင်းမျိုးထွက်လာခြင်းသည် ရှက်စရာလုပ်ရပ်ဟု ထင်မြင်ခဲ့သည်။
မာဒေးကား(လွတ်လပ်ရေးနေ့)ဆိုတာ စည်းလုံးညီညွတ်ခြင်းအတွက်ပဲ ဖြစ်သင့်ပါတယ်။ ကျွန်တော်တို့ တစ်နိုင်ငံတည်းသားအနေနဲ့ အတူတကွ ရပ်တည်ပြီးတော့ကျွန်တော်တို့ နိုင်ငံအတွက် တိုက်ပွဲဝင်သင့်တယ်။ ဒါပေမဲ့ ဒီနှစ်ရဲ့မာဒေးကား အခမ်းအနားမှာတော့ လွတ်လပ်ရေးဆိုတဲ့ အာဘော်ကိုတောင် သဘောမတူနိုင်ဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ မွေးနေ့ပွဲကိုတောင် အတူထိုင်ပြီး မကျင်းပနိုင်ဘူး။ အခမ်းအနားနှစ်ခု၊ အမှတ်တံဆိပ်နှစ်ခုနဲ့ အလံတောင်မှနှစ်ခုနဲ့ ကွဲပြားခဲ့ကြတယ်။
ဟုတ်တယ်၊ ကျွန်တော်တို့နိုင်ငံတော်အလံဟာ အမေရိကန်အလံတို့လိုမျိုးနဲ့ ဆင်နေတယ်။ ဒါပေမဲ့ ဒါဟာ အလွန်အရေးကြီးတဲ့ မာဒေးကားအခမ်းအနားညမှာ ခင်ဗျားတို့ကို ကျွန်တော်တို့အလံအပေါ် ဂုဏ်ယူစွာနဲ့ သရော်ဖို့ အခွင့်အရေးပေးနေတာ မဟုတ်ဘူး။ ဒါမျိုးလုပ်ဖို့ ခင်ဗျားတို့ကိုယ် ခင်ဗျား ဘယ်သူတွေလို့ ထင်နေတာလဲ။ တိုင်းပြည်အတွက် ရှက်ဖို့ကောင်းလိုက်တာ။ လိုက်ဘေးရီးယားအလံကလည်း ယူအက်စ်အလံနဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ လွတ်လပ်ရေးနေ့အခမ်းအနားမှာ ဘယ်လိုက်ဘေးရီးယားပြည်သူတွေက သူတို့အလံကိုမနှစ်မြို့ကြောင်းပြတာ တွေ့ဖူးလို့လဲ?
ကျွန်တော့်အထင် တကယ်လို့ ပီအာ(ပကတန် ရကျက်၊ အတိုက်အခံ)ပါတီသာ နောက်လာမယ့် ၁၃ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရင် ဒါတွေဟာ မလေးရှားမှာ သေချာပေါက်ဖြစ်လာမယ့် အရာတွေပဲ။ ပီအာပါတီ ကြည့်ရတာ အစိုးရ(ဝန်ကြီးအဖွဲ့)သာမကဘဲ မလေးရှားရဲ့ ကိုယ်ပိုင်လက္ခဏာကိုပါ ပြောင်းလဲချင်ပုံရတယ်။ အလံအသစ်၊ နိုင်ငံတော်သီချင်းအသစ် နှင့် နာမည်အသစ်တောင် ဖြစ်ရင်ဖြစ်မလားပဲ။
ဆိုဒျ အက်ကဘာ အလီ ကလည်း ဤကိစ္စအပေါ် မကျေနပ်ကြောင်း ထုတ်ဖော်ခဲ့သည်မှာ၊
ကဲ ကဲ ဒီပုံတွေကိုကြည့်လိုက်ပါဦး။ မော်တော်ဆိုင်ကယ်ကို တစ်နေရာရာမှာ ရပ်ထားတဲ့ ငပြိန်းတွေ တွေ့ရတယ်။ ပထမဓာတ်ပုံမှာ ပါကတန်ရာကျက်ပါတီ ထောက်ခံသူတွေက ကျွန်တော်တို့ အမျိုးသားအလံအစား (အဲဒီပုံကို ကြည့်ရတာ) သူတို့အစားထိုးချင်တဲ့ တခြားအလံကိုလွင့်ထားတာကို ပြထားပါတယ်။ ဒီတော့ သူတို့လည်း မလေးရှားအလံကို ပြောင်းချင်နေကြတယ်။
နိုင်ငံတော်သီချင်းရော ဘယ်လိုလဲ။ သူတို့အလံကို ပြောင်းမယ်ဆို နိုင်ငံတော်သီချင်းကိုရော ဘာလို့မပြောင်းတာလဲ။ သီချင်းက ဟောင်းတဲ့အထဲ ပါနေပြီလေ။ တချို့ကဆို ပျင်းစရာကောင်းတယ်လို့တောင် ပြောရင် ပြောကြမှာ။ ပြောလို့မရဘူး၊ သူတို့တွေ နိုင်ငံတော်သီချင်း အသစ်ကိုရေးထုတ်ပေးဖို့ namewee [မှတ်ချက်။ ။မလေးရှားနိုင်ငံအပေါ် ၄င်း၏အမြင်ကို နိုင်ငံတော်သီချင်းအား ဖျက်ပြီး ရေးစပ်ခဲ့သူ တရုတ်နွယ်ဖွား မလေးရှားနိုင်ငံသား]ကိုတောင် ခေါ်ချင်ခေါ်နိုင်တယ်။
ပြီးတော့ ဘာလို့အလံနဲ့ နိုင်ငံတော်သီချင်းမှာတင် ရပ်နေမှာလဲ၊ နိုင်ငံနာမည်ကို ပြောင်းလိုက်ရင်ရော။
ကြီးမြတ်သော မလာယာလမ်ဆိုရင်ရော၊ ဒါမှမဟုတ် ကြီးမြတ်သောနန်ယန်း၊ ကြီးမြတ်သောတမီးလ် အီးလမ်၊ တောင်ပိုင်း ဟင်ဒူစတန်၊ စင်ကာပူမြောက်ပိုင်း၊ စင်ကာပူမြောက်ဘက်ဆိပ်ကမ်း၊ ဒီမှာပိုပြီးခေတ်မီတဲ့နာမည်ပါ- ကြီးမြတ်သော ဘန်ဆား၊ ဒါမှမဟုတ် ကြီးမြတ်သော ဒမန်ဆာရာ၊ Peninsula.com ဆိုရင်ရော။
ထင်ရှားသော အတိုက်အခံနိုင်ငံရေးသမားတစ်ဦးဖြစ်သူ လင်(မ်)ကစ်ဆန်း က ဤသက်သေအထောက်အထားမရှိသောပြောဆိုချက်ကို သူ၏ဘလော့တွင် ငြင်းဆိုထားသည်။
ပကတန်ရာကျက်ပါတီသည် မလေးရှားနိုင်ငံ၏အလံကို အစားထိုးပြောင်းလဲမည်ဆိုသော ကောလာဟလနှင့်ပတ်သတ်၍ ပြန်လည်ဝေဖန်တိုက်ခိုက်ရန် ယမန်နေ့ကဝန်ကြီးချုပ် ဒါတွတ်ဆရီ နာဂျစ်(ဘ်) ရာဇတ်(ခ်)ကိုယ်တိုင် ညီညွတ်သောမလေးအမျိုးသားအဖွဲ့အစည်းမှ အထက်တန်းဝန်ကြီးသုံးဦးကို ဦးဆောင်လိုက်သည်မှာ ညီညွတ်သောမလေးအမျိုးသားအဖွဲ့အစည်းနှင့် ပတ်သက်ပြီး ၄င်းတို့၏ ကြံမိကြံရာတုန့်ပြန်မှုများသည် အမှန်တရားကိုလေးစားခြင်းထက် ၄င်းတို့၏ (၁၃) ကြိမ်မြောက်ရွေးကောက်ပွဲဖြစ်မြောက်ရေးကို အရာရာအားလုံးထက်ပိုပြီး အလေးထားနေကြောင်း ထင်ဟပ်စေသည်။
နိုင်ငံတော်အလံပြောင်းလဲခြင်းသည် ပကတန် ရာကျက် ပါတီ၏ လုပ်ငန်းစဉ်လုံးဝမဟုတ်ပေ၊ ထို့အပြင် ထိုကိစ္စကိုပါတီ၏ အစည်းအဝေးပွဲတွင် တင်ပြဆွေးနွေးဖူးခြင်းမရှိပေ။ သို့သော် UMNO/BN မှညစ်ပတ်လှသောလှည့်စားမှုဌာနက ပီအာ (ပါကတန် ရာကျက်ပါတီ)ကနိုင်ငံတော်အလံကိုပြောင်းလဲလိုသည်၊ သို့မဟုတ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီသောစနစ်ကို ဖျက်သိမ်းလိုသည်ဆိုသော သက်သေမရှိသည့် စွပ်စွဲချက်နှင့် ဤတိုက်ခိုက်မှုများကို အတိအလင်းလုပ်ကြံခဲ့ပါသည်။
၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ချမှတ်ခဲ့သော ပါကတန်ရာကျက် ဘုံမူဝါဒဘောင် နှင့် ၂၀၁၀၊ ဒီဇင်ဘာလတွင် လိမ္မော် (ခေါ်) ရေရှည်အုပ်ချုပ်ရေးစီမံခံ့ခွဲမှု ပင်မအစီအစဉ် တို့အပါအဝင် ပါကတန်ရာကျက်၏ အမျိုးမျိုးသော မူဝါဒကြေညာချက်များက မလေးရှား အမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေအတွင်း အခြေခံကျသော အစီအစဉ်များအား ထိန်းသိမ်းရန်၊ အထူးသဖြင့် “ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီသော အဖွဲ့အစည်းများ၏ အခန်းကဏ္ဍနှင့်တာဝန်ကို ကာကွယ်ရန်”သည် ပီအာ၏ တာဝန်ကျေပွန်မှုကို အလေးအနက်ဆိုပြခဲ့သည်။
ဝန်ကြီးချုပ်နှင့် ညီညွတ်သောမလေးအမျိုးသားအဖွဲ့အစည်းမှ အထက်တန်းဝန်ကြီးများအနေဖြင့် ပီအာပါတီကနိုင်ငံအလံကိုပြောင်းလဲ၍ မလေးရှားကိုသမ္မတစနစ်ပြောင်းလဲချင်သည်ဆိုသည့် ကောလာဟလကကို ဝန်ကြီးများထပ်ခါထပ်ခါပြောနေစဉ်တွင် ပီအာပါတီ ကိုဆန့်ကျင်၍ ညီညွတ်သောမလေးအမျိုးသားအဖွဲ့အစည်းမှ အောက်တန်းကျသော လှည့်စားမှုဌာန၏ မုသားနှင့် မမှန်ကန်သော လှုံ့ဆော်မှုကို ဦးဆောင်နေသည်မှာ အလွန်တာဝန်မဲ့ရာကျသည်။