ဤအပုဒ်သည် ၂၀၁၁လစ်ဗျားတော်လှန်ရေးအထူးရေးသားခြင်းအနက်မှ တစ်ပုဒ်ဖြစ်သည်။
အမေရိကန် သံတမန်များအပေါ် တိုက်ခိုက်မှု[en]နှင့်ပတ်သက်ပြီး ဆန္ဒပြရန် ယနေ့[၂၀၁၂ခုနှစ်၊ စက်တင်ဘာ (၁၂)ရက်နေ့]တွင် ဘန်ဟာဇီရှိ အယ်(လ်)ရှာဂျာရာ ရင်ပြင်၌ လစ်ဗျားလူမျိုး လူတစ်စုက စုရုံးခဲ့ကြသည်။
ဆန္ဒပြသူများက ကောင်စစ်ဝန်ရုံးအဆောက်အဦးကို ဝိုင်းရံလာပြီးနောက် သံတမန် ခရစ္စတိုဖာ စတီဗင်(စ်)အပါအဝင် အမေရိကန်လူမျိုးလေးဦးအား ပို၍လုံခြုံသောနေရာသို့ ရွှေ့ပြောင်းပေးနေစဉ် တိုက်ခိုက်သူများက ဒုံးကျည်များ ပစ်ခွင်းခဲ့ကြရာတွင်[en] အသတ်ခံခဲ့ရခြင်းဖြစ်သည်။
သတင်းများက ကောင်စစ်ဝန်ရုံးကို ဝိုင်းရံခဲ့သော ဆန္ဒပြသူများသည် အမေရိကန်-အစ္စရေးလူမျိုး ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးမှ ထုတ်လုပ်သည့် တမန်တော် မိုဟာမက်အား လှောင်ပြောင်ထားသော ဇာတ်လမ်းတစ်ခုအပေါ်တွင် ဒေါသထွက်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ကိုင်ရိုတွင်လည်း ဆင်တူသော ဆန္ဒပြမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူများက[en] အမေရိကန်သံရုံး၏ နံရံများကို ဖျက်ဆီးပြီး အမေရိကန်ပြည်ထောင်စုအလံကို ဆုတ်ဖြဲကာ အစ္စလာမ်စာတန်းများဖြင့် အစားထိုးခဲ့ကြသည်။
မစ္စတာ စတီဗင်(စ်)အပါအဝင် အခြား အမေရိကန် ကောင်စစ်ဝန်ထမ်း သုံးဦးကို သတ်ဖြတ်မှုက ယင်းဒေသရှိ ကွန်ယက်နိုင်ငံသားများကို အမျက်ထွက်စိတ်ပျက်စေခဲ့သည်။
ဘန်ဟာဇီမှ အာမက် ဆာနယ်လာက ဆန္ဒပြသူများ ကိုင်ဆောင်ကြာသော ဆန္ဒပြဆိုင်းဘုတ်အချို့ကို တွစ်တာပေါ်တွင် မျှဝေခဲ့သည်။
အာမက်က တွစ်တာစာတိုပို့ခဲ့သည်မှာ၊
@ASanalla၊ အမေရိကန်သံရုံးကို တိုက်ခိုက်တာနဲ့ပတ်သက်ပြီး ဆန့်ကျင်ဆန္ဒပြဖို့ ဘန်ဟာဇီက အယ်(လ်)ရှာဂျာရာရင်ပြင်မှာ လူတစ်စုက စုရုံးခဲ့ပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ရဲ့ လှုပ်ရှားမှုအတွက် တောင်းဆိုခဲ့ပါတယ်။ #Libya
ဟစ်အော်ကြွေးကျော်မှုများတွင်မှု [ar]
ဆန္ဒပြမှုမှ ဓာတ်ပုံများကို ဆာနယ်လာတင်ခဲ့သည်မှာ အောက်ပါအတိုင်းဖြစ်သည်။
@ASanalla၊ ခရစ်(စ်) စတီဗင်(စ်)က လစ်ဗျားလူမျိုးအားလုံးရဲ့ မိတ်ဆွေတစ်ယောက်ပါ။ #Benghaziက ဒီနေ့ ဆန္ဒပြပွဲက ပုံတစ်ပုံပါ။ #USEmbassyattack #Libya pic.twitter.com/jcCkMTUh

ခရစ်(စ်) စတီဗင်(စ်)က လစ်ဗျားလူမျိုးအားလုံးရဲ့ မိတ်ဆွေတစ်ယောက်ပါ” ယနေ့ ဘန်ဟာဇီဆန္ဒပြမှုမှ နောက်ထပ်စာတန်းတစ်ခု။ ဓာတ်ပုံ – တွစ်တာပေါ်တွင် ဆာနယ်လာမျှဝေခဲ့သည့်ပုံ
@ASanalla၊ စိတ်မကောင်းပါဘူး ခရစ်(စ်)ရယ်၊ #Benghazi(ဘန်ဟာဇီ)က မင်းကို အကာအကွယ်မပေးနိုင်ခဲ့ဘူး။ ဘန်ဟာဇီရှိ ယနေ့ဆန္ဒပြမှုမှ ဓာတ်ပုံ

ဘန်ဟာဇီ ဆန္ဒပြသူတစ်ဦး ကိုင်ဆောင်ထားသော စာတန်းတစ်ခု၊ “စိတ်မကောင်းပါဘူး ခရစ်(စ်)ရယ် ၊ ဘန်ဟာဇီက မင်းကို အကာအကွယ် မပေးနိုင်ခဲ့ဘူး”။ ဓာတ်ပုံ – တွစ်တာပေါ်တွင် ဆာနယ်လာမျှဝေခဲ့သည့်ပုံ
@ASanalla၊ လူမိုက်တွေနဲ့ လူသတ်သမားတွေက #Benghazi (ဘန်ဟာဇီ) ကိုရော #Islam (အစ္စလာမ်)ကိုပါ ကိုယ်စားမပြုပါဘူး၊ ဘန်ဟာဇီရှိ ယနေ့ဆန္ဒပြမှုမှ ဓာတ်ပုံ

“လူမိုက်တွေနဲ့ လူသတတ်သမားတွေက အစ္စလာမ်ကို ကိုယ်စားမပြုပါဘူး” တွစ်တာပေါ်တွင် @ASanalla (ဆာနယ်လာ)က မျှဝေခဲ့သော ဘန်ဟာဇီရှိ ဆန္ဒပြမှုမှ ဓာတ်ပုံ
ဤအပုဒ်သည် ၂၀၁၁လစ်ဗျားတော်လှန်ရေးအထူးရေးသားခြင်းအနက်မှ တစ်ပုဒ်ဖြစ်သည်။