ဂျော်ဒန်တွင် အွန်လိုင်းထုတ်ဖော်ပြောကြားမှုများကို ကန့်သတ်သော ပုံနှိပ်ထုတ်ဝေရေးဥပဒေ[en] ပြင်ဆင်ချက်သည် လွှတ်တော်တွင် ယနေ့ [၂၀၁၂၊ စက်တင်ဘာ (၁၂)ရက်နေ့]အတည်ပြုပြီးဖြစ်သည်။ တစ်ဆက်တည်းတွင်ပင် တက်ကြွလှုပ်ရှားသူများနှင့် သတင်းထောက်များက လွှတ်တော်ရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ အကြောင်းမှာ ထိုပုဒ်မအတွက် လွှတ်တော်အမတ်အများစုက မဲပေးအတည်ပြုခဲ့ကြ၍ ဖြစ်သည်။
ဂျော်ဒန်တွင် ကြိုမျှော်လင့်ထားသော အင်တာနက်သေဆုံးမှုကို အချက်ပြထုတ်ဖော်သည့်အနေဖြင့် တက်ကြွလှုပ်ရှားသူများက “အင်တာနက်လွတ်လပ်ခွင့်”ဟူသော စာလုံးများ ထွင်းထားသည့် ကြိုတင်ပြင်ဆင်ထားသော ခေါင်းတလားတစ်ခုကို သယ်ဆောင်ခဲ့ကြသည်။ အသုဘအခမ်းအနားသဖွယ် ဆင်ယင်ထားသော ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ဆန္ဒပြသူများက အနက်ရောင်များ ဝတ်ထားကြသည်။
အတည်ပြုလိုက်သော ဥပဒေကို အထက်လွှတ်တော်မှ စစ်ဆေးအတည်ပြုရန်လိုအပ်သေးသည့်အပြင် ဘုရင်ဖြစ်သူ အဗ္ဗဒူလာ(၂)၏ အတည်ပြုမှုကိုလည်း လိုအပ်ဦးမည် ဖြစ်သည်။ ဘုရင်သည် အမြင့်ဆုံးအာဏာကို ရယူထားပြီး ၄င်း၏လက်မှတ်သည် ဥပဒေပြုရေး ကိစ္စအဝဝအတွက် အတည်ပြုတံဆိပ်ခတ်နှိပ်ခြင်းပင်ဖြစ်သည်။ ပါလီမန်အမတ်တစ်ဦးဖြစ်ပြီး ထိုပုဒ်မကို ဆန့်ကျင်မဲပေးခဲ့သူ၊ သတင်းထောက်လုပ်ငန်းအဖွဲ့၏ အကြီးအကဲဖြစ်သူ ဂျာမီ(လ်) နင်မရီက ဆန္ဒပြပွဲကို တက်ရောက်ခဲ့ပြီး ထိုကဲ့သို့သော ဥပဒေမျိုးသည် လွတ်လပ်ခွင့်ကို ကန့်သတ်ပြီး လူထု၏အသံကို မျက်ကွယ်ပြုခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဥပဒေအသစ်မှာ အင်တာနက်ကို ပိုမိုထိန်းချုပ်စေနိုင်ပြီး ဆင်ဆာဖြတ်မှုကိုလည်း ပိုအားကောင်းစေသည်။ ယင်းဥပဒေက ဝက်(ဘ်)ဆိုက်ပိုင်ရှင်များကို “အခြားပုံနှိပ်ထုတ်ဝေရေးများနည်းတူ” အစိုးရနှင့် မှတ်ပုံတင်ပြီး ခွင့်ပြုချက်လိုင်စင်ရယူစေသည်။ ဝက်(ဘ်)ဆိုက်ပိုင်ရှင်များကို ထိုဆိုက်များအား ဝင်ဖတ်သူများက ရေးသားသော မှတ်ချက်များတွင် ပါဝင်သည်များကိုလည်း တာဝန်ယူစေသည်။
အဆိုပြုထားသောဥပဒေပေါ်တွင် အမျက်ထွက်နေကြခြင်းမှာ အတန်ကြာခဲ့ပြီးဖြစ်ပြီး ကွန်ယက်နိုင်ငံသားများက ဥပဒေအသစ်နှင့် ၄င်း၏ အကျိုးဆက်များကို သိရှိစေရန် အွန်လိုင်းလှုပ်ရှားမှုတစ်ခုကိုပင် စီစဉ်ထားပြီးဖြစ်[en]သည်။
တွစ်တာပေါ်တွင် ကွန်ယက်နိုင်ငံသားများက ထိုကဲ့သို့သော ပုဒ်မမျိုးအပေါ်တွင်၏ ၄င်းတို့၏ လက်သင့်မခံနိုင်မှုကို ထုတ်ဖော်ပြောကြသည်။
Mohamed Al Qaq tweets [ar]:
မိုဟာမက် အယ်(လ်)ကက်က တွစ်တာစာတို[ar] ပို့ခဲ့သည်မှာ၊
သူက ဆန္ဒပြပွဲမှ ဓာတ်ပုံတစ်ပုံကိုလည်း မျှဝေခဲ့သည်။
နီဇာ ဆာမာရီက ဖြည့်စွက်ပြောကြားသည်မှာ၊
ထို့အပြင် @godotbashaက မေးခဲ့သည်မှာ၊
@godotbasha၊ ကဲဒီတော့ ဂျော်ဒန်နဲ့ ရဲတွေရဲ့ အခြေအနေနဲ့ ဆင်ဆာဥပဒေကို ထိပ်တိုက်မျဉ်းပြိုင်ဆွဲကြည့်ရင် ငါလည်းပဲ ဆန့်ကျင်စော်ကားတဲ့သူ ဖြစ်သွားပြီလား။ #freenetjo (ဂျော်ဒန်အင်တာနက်ကို လွှတ်ပေးပါ)
ဟီရှမ် အယ်(လ်) ဘလောနယ်က တွစ်တာစာတိုပို့သည်မှာ၊
ထို့အပြင် ဟာနင် အာဘူ ရှာမက်က ဖော်ပြခဲ့သည်မှာ၊
@HaninSh၊ #FreeNetJO (ဂျော်ဒန်အင်တာနက်ကို လွှတ်ပေးပါ) ဇာတ်လမ်းက ဘာဖြစ်နေကြတာတုံး။ လွှတ်တော် (အထက်လွှတ်တော်)က အဲဒါကို အရင် အတည်ပြုရဦးမယ်လေ၊ ကျွန်တော်တော့ လွှတ်တော်အမတ်တွေကို ယုံတယ်။ (အောက်လွှတ်တော်က) အသုံးမကျတဲ့ ကိုယ်စားလှယ်တွေကိုတော့ မယုံဘူး။ 🙂 #JO
ရှာဇေဒိုက ရှင်းလင်းထင်ဟပ်ပြသည်မှာ၊
@Shahzeydo၊ ခေတ်နောက်ပြန်ဆွဲနေတဲ့ ဥပဒေတစ်ခုနဲ့တင် ဂျော်ဒန် ဗျူရိုကရေစီက ဂျော်ဒန်ရဲ့ ဘောဂဗေဒ ဗဟုသုတအပေါ် ကြိုးဆွဲလိုက်တာပါပဲ။ စီးပွားရေးအကျပ်အတည်းကြားက “ပြောင်မြောက်လိုက်တဲ့” အစိုးရရဲ့ ယုတ္တိဗေဒပါပဲ။ #FreeNetJo (ဂျော်ဒန်အင်တာနက်ကို လွှတ်ပေးပါ။)
ထို့အပြင် မာ(ဂျ်) ယူဆက်(ဖ်)က ဆက်လက်ပြောကြားသည်မှာ၊
ဖာဒီ ဇက်မောက်က မှတ်ချက်ပြုသည်မှာ၊
မိုဟာမက် ရှာဝက်(ရှ်)က သတိပေးသည်မှာ၊
مش قادر اعبر اكتر عن امتعاضي – مجلس النواب الأردني انتو لعبتو بالنار
ဘာရှာ ဇီဒန်က အင်တာနက်လွတ်လပ်ခွင့်အပေါ် တိုက်ခိုက်မှုအသစ်ကို ဂျော်ဒန်နွေဦးနှင့် ချိတ်ဆက်ပြခဲ့သည်။ သူပြောသည်မှာ၊
ထို့နောက် အိုမာ ကျူဒတ်က ဖြည့်စွက်ခဲ့သည်မှာ၊
အိုမာ ကာမယ်(လ်)က လွှတ်တော်၏ဆုံးဖြတ်ချက်ကို ရွေးကောက်ပွဲကို သပိတ်မှောက်စေရန် အချက်ပြခြင်းဟု မြင်ခဲ့သည်။
Avaaz.com တွင် ဆန္ဒထုတ်ဖော်လှုပ်ရှားမှုတစ်ခုကို[en] တက်ကြွလှုပ်ရှားသူများက စတင်ခဲ့ပြီး “အင်တာနက်ကို ကယ်တင်ပါ”ဟု ခေါင်းစဉ်တပ်ခဲ့သည်။ ၄င်းလှုပ်ရှားမှုက ဘုရင် အဗ္ဗဒူလာ(၂)၊ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် လွှတ်တော်အမတ်များအား ပုံနှိပ်ထုတ်ဝေရေးဥပဒေ ပြင်ဆင်ချက်များကို ပြန်လည်းသုံးသပ်ရန် တောင်းဆိုထားသည်။
လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကလည်း လွှတ်တော်က အတည်ပြုလိုက်သော နောက်ဆုံးပုဒ်မနှင့် ဂျော်ဒန်ဝက်(ဘ်)ဆိုက်များတွင် ထည့်သွင်းရမည့် ကန့်သတ်ချက်များအပေါ်တွင် မှတ်တမ်းတစ်ခု ထုတ်ပြန်ခဲ့ပြီး[en] “ဂျော်ဒန်၊ အွန်လိုင်းထုတ်ဖော်ချက်များကို ဆင်ဆာဖြတ်ရန် လှုပ်ရှားမှု” ဟု ခေါင်းစဉ်တပ်ထားသည်။