အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

မိုက်​ခ​ရို​ဆော့(ဖ်) အသိ​အမှတ်ပြု​လက်မှတ်​ရ ပထမ​ဆုံး ကျောင်းသား ဇမ်​ဘီး​ယား​လူ​ငယ်

ဆယ့်ငါးနှစ်အရွယ်ရှိ ဇမ်ဘီးယားအနွယ်၊ ယူကေတွင် အခြေချနေထိုင်သူ ဆမ်ကယ်လီစို ကင်ဘီညီသည် ဥရောပတွင် အသက်အငယ်ဆုံး မိုက်​ခ​ရို​ဆော့(ဖ်) အသိ​အမှတ်ပြု​လက်မှတ်​ရ ကျွမ်းကျင်သူတစ်ဦးဖြစ်လာသည်။ ၄င်းသတင်းသည် ကမ္ဘာ့ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (အိုင်စီတီ) လောကတွင် လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားသည်။

ဆမ်ဟု အသိများသော ထိုဆယ်ကျော်သက်သည် (အထက်တန်းကျောင်းအဆင့်) ဆယ်တန်းကျောင်းသားတစ်ဦးဖြစ်ပြီး လန်ဒန်အပြင်ဘက်တွင်ရှိသော ရီးဒင်းမြို့ရှိ တက္ကသိုလ်နည်းပညာကောလိပ်(ယူတီစီ) တွင် တက်ရောက်နေသည်။ ၄င်းသည် ယခုအခါ မိုက်​ခ​ရို​ဆော့(ဖ်) အသိ​အမှတ်ပြု​လက်မှတ်​ရ ကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်ပြီး မိုက်​ခ​ရို​ဆော့(ဖ်) အသိ​အမှတ်ပြု​နည်းပညာကျွမ်းကျင် (အမ်တီအေ)လက်မှတ်များကိုလည်း ဆော့(ဖ်)ဝဲ အခြေခံ၊ ဝင်းဒိုး ပရိုဂရမ်ရေးဆွဲမှု အခြေခံနှင့် အိုအက်(စ်) အခြေခံများ အပါအဝင် ခေါင်းစဉ် (၇)မျိုးအတွက် ရရှိထားသည်။

ကင်ဘီညီသည် ဝင်းဒိုးဖုန်းများအတွက် လိုက် ဟုခေါ်သော ပရိုဂရမ်အသေးတစ်ခုကိုလည်း ရေးဆွဲထားပြီး သုံးသပ်ချက်ကောင်းများကို ရရှိထားသည်။

ဆမ် ကင်​ဘီ​ညီ​၏ ဓာတ်​ပုံ၊ ၄င်း​၏ တွစ်​တာ​မှ ယူထားသည်

ဆမ် ကင်​ဘီ​ညီ​၏ ဓာတ်​ပုံ၊ ၄င်း​၏ တွစ်​တာ​မှ ယူထားသည်

ကမ္ဘာ့အသံက ဆမ်နှင့် အီးမေး(လ်)မှတစ်ဆင့် ဆက်သွယ်ခဲ့ပြီး ၄င်း၏အောင်မြင်မှုများနှင့် ပတ်သက်၍ မေးမြန်းခဲ့သည်မှာ၊

ဒီနှစ် မတ်လတုန်းက ဆီရီတယ်(လ်)က မိုက်​ခ​ရို​ဆော့(ဖ်)ရုံးကလူတွေနဲ့ တွေ့ခွင့်ရခဲ့တယ်။ မိုက်​ခ​ရို​ဆော့(ဖ်) အိုင်တီ အကယ်ဒမီကနေ လေ့ကျင့်ပေးနေတဲ့ သုံးစွဲသူတွေနဲ့ တွေ့ဆုံဖို့ထွက်လာတဲ့ ဥရောပခရီးစဉ်အတွက် ယူကေကို တစ်ရက်လာတဲ့ ဝန်ထမ်းတွေနဲ့ပေါ့။ သူတို့တွေက သင်ကြားရေးအတွေ့အကြုံအဖွဲ့က အကြီးတန်းဒါရိုက်တာ တင်(မ်) စနိ(သ်)၊ တက္ကသိုလ်အစီအစဉ်တွေရဲ့ ဒါရိုက်တာ ကိ(သ်) လိုဘာနဲ့ အကြောင်းအရာဒါရိုက်တာ ဘရီအာနာ ရောဘတ်(စ်)တို့တွေပါ။

၂၀၁၄ မေ ၂၆ရက်နေ့မှာတော့ ဝင်းဒိုးဖုန်းစတိုးမှာ ကျွန်တော့်ရဲ့ ပထမဆုံး ပရိုဂရမ်ငယ်ဖြစ်တဲ့ လိုက်ကို တင်ခဲ့တယ်။ ကြော်ငြာမပါဘဲ ပေါ့ပေါ့ပါးပါးရှိမယ့် ဓာတ်မီးပရိုဂရမ်ကို လိုက်ရှာရင်းနဲ့ အကြံရခဲ့တာလေ။ ဒီလိုနဲ့ပဲ တစ်ခုမှရှာမတွေ့တဲ့အခါကျ ကိုယ့်ဟာကိုယ်ပဲ လုပ်တော့မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ရှစ်ရက်ကြာပြီးတဲ့နောက် ရတ်ဒစ် ဝင်းဒိုးဖုန်း အသိုင်းအဝန်းက ဝေဖန်မှုတွေရပြီးတဲ့နောက်မှာတော့ ဒေါင်းလုပ်ချတာ အကြိမ် (၃၀၀)ရှိခဲ့ပြီး ကြယ်ငါးလုံးပေးတာ တစ်ကြိမ်ရခဲ့တယ်။ အဲဒါပြီး သိပ်မကြာဘူး ဝင်းဒိုးဖုန်းစတိုးရဲ့ “အသစ်နဲ့ အလန်း”ဇယားမှာ ကျွန်တော့် ပရိုဂရမ်က တစ်နေရာရခဲ့တာပဲ။

အနာဂတ်အတွက်တော့ ပရိုဂရမ်အသစ်တွေ အများကြီး ထပ်ရေးထုတ်ဖို့နဲ့ တက္ကသိုလ်မှာ ကွန်ပျူတာသိပ္ပံကို သင်ရဖို့ မျှော်လင့်ပါတယ်။

၄င်း၏ ကောလိပ်မှ သတင်းစဉ်စာစောင်တွင် ကင်ဘီညီပြောသည်ကို ကောက်နုတ်ဖော်ပြထားသည်မှာ၊

အမ်တီအေလေ့ကျင့်ခန်းတွေကကျွန်တော်တို့ အတန်းထဲမှာ သင်နေရတာတွေနဲ့ ဆက်စပ်နေတယ်၊ ဒါပေမဲ့ ပရိုဂရမ်ရေးတာနဲ့ ပတ်သက်ပြီး ပိုကောင်းကောင်းနားလည်အောင် လုပ်ပေးတယ်၊ ပြီးတော့ ဒီနယ်ပယ်က ဘယ်လောက်ကျယ်ပြောလဲဆိုတာလည်း သိလိုက်ရတယ်။ ကျွန်တော် အသစ်လေ့လာထားရတာတွေက မိုက်ခရိုဆော့(ဖ်) အလုပ်ရှင် စီမံကိန်းအတွင်းမှာ ပရိုဂရမ်အသစ် ရေးတော့ အရမ်းအသုံးဝင်တယ်လေ။ အများကြီးပိုကောင်းတဲ့ ပရိုဂရမ်ငယ်တစ်ခုကို ရေးနိုင်ခဲ့တယ်။

မိုက်ခရိုဆော့(ဖ်)က ကင်ဘီညီအား တွစ်တာစာတိုတစ်ခုတွင် ဂုဏ်ပြုခဲ့သည်မှာ၊

ဆွေးနွေး​ပြောဆို​ခြင်း​ကို စတင်​ရန်

စာရေး​သူ​များ၊ ကျေးဇူးပြု​၍ ဝင်​ရန် »

လမ်း​ညွှန်​ချက်​များ

  • မှတ်ချက်​များ​အားလုံး​ကို ကြီးကြပ်​သူ​တစ်​ဦး​က ဖတ်​ရှု​စစ်ဆေး​ပါ​သည်။. မှတ်ချက်​များ​ကို တစ်​ကြိမ်​ထက် ပို​မ​ပေး​ပါ​နှင့်၊ မဟုတ်​လျှင် မ​လို​အပ်​သော​စာ​အဖြစ် သတ်​မှတ်​ခြင်း​ခံ​ရ​ပါ​မည်။.
  • အခြား​သူ​များ​ကို လေး​လေးစား​စား ဆက်ဆံ​ပေး​ပါ။. လူ​မျိုး​ရေ၊ ဘာသာ​ရေး​နှင့် လိင်​ပိုင်း​ဆိုင်​ရာ တိုက်ခိုက်​မှု​များ​ပါဝင်​သည့် မှတ်ချက်​များ​ကို အတည်ပြု​ပေး​လိမ့်​မည် မဟုတ်​ပါ။.