Nationales de outré-mer ဟု အမည်ရသော ပြင်သစ် မော်ကွန်း (ပြည်ပရောက် မော်ကွန်းများအတွက် စင်တာ) သည် ပြင်သစ် အင်ဒိုချိုင်းနား နှင့်ပက်သက်သော သမိုင်းဝင် စာရွက်စာတမ်းများ အပါအဝင် ၎င်းတို့ စုဆောင်းထားသော ဓာတ်ပုံ ထောင်ပေါင်းများစွာကို ဒီဂျစ်နယ် နည်းပညာ ပြုလိုက်ပါသည်။ ကျွန်ုပ်တို့ ထိုဒစ်ဂျစ်တယ် စာကြည့်တိုက်ကို ရှာဖွေကြည့်ရာ ၁၉၂၀ နှင့် ၁၉၃၀ ခုနှစ်များရှိ ကမ္ဘောဒီးယား၏ ရှားပါးသော ပုံရိပ်များကို တွေ့ရှိရပါသည်။
ကမ္ဘောဒီးယားသည် ၁၈၆၇ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၏ အထိန်းသိမ်းခံ ဖြစ်လာပြီး ၁၉၅၃ ခုနှစ်တွင် ၄င်းတို့၏ လွတ်လပ်ရေးကို ရရှိခဲ့ပါသည်။ ဤဓါတ်ပုံများသည် ပြင်သစ် ကိုလိုနီအုပ်စိုးမှုကာလအတွင်း ကမ္ဘောဒီးယား၏ နေ့စဉ်ဓူ၀ ဘ၀ကို ထုတ်ဖေါ် ပြသနေပါသည်။ ၄င်းတို့သည် ကမ္ဘောဒီးယား၏ အတိတ်ကိုလိုနီအကြောင်းကို သာမက နိုင်ငံ၏ ကြွယ်ဝသောယဉ်ကျေးမှုအကြောင်းကိုပါ ပိုမို လေ့လာချင်သူများအဖို့ ကောင်းမွန်သော အရင်းအမြစ်များ ဖြစ်ကြပါသည်။
ထိုဒစ်ဂျစ်တယ်မော်ကွန်းတိုက်ရှိ ဓာတ်ပုံများကိုကြည့်လျှင် ကျေးလက်မြင်ကွင်း အချို့သည် ယနေ့မြင်ကွင်းများနှင့် သိပ်မစိမ်းသော်လည်း မြို့ပြရှုခင်းအများအပြားကိုတော့ ယနေ့မတွေ့နိုင်တော့ပါ။ ဒီဟာကို ကြည့်ခြင်းအားဖြင့် ဖနွမ်းပင်နှင့် ကမ္ဘောဒီးယား၏အခြားမြို့ကြီးများ၏ လျင်မြန်စွာ အဆင့်ဆင့် ပြောင်းလဲသွားကြောင်း တွေ့နိုင်သည်။
အောက်တွင် ဖော်ပြထားသော ဓာတ်ပုံများသည် တစ်ချိန်က အာရှတိုက်၏ ပုလဲဟု လူသိများခဲ့သည့် ရှေးကမ္ဘောဒီးယား၏ ကျက်သရေကို မီးမောင်းထိုးပြသောပုံများ ဖြစ်ပါတော့သည်။

Ville de Phnom Penh. “Le Royal Palace”. Photo by Busy (Léon)