
သဘာဝနှင့် သင့်တင့်လျှောက်ပတ်ကာ အေးချမ်းပြီး လှပလိုသော ယူဂန်ဒါအမျိုးသမီး။ Spencer Montero ၏ ခွင့်ပြုချက်ဖြင့် ဓါတ်ပုံကို အသုံးပြုသည်။
၂၀၁၇ ခုနှစ်မတ်လ ၈ ရက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တုန်းက This is Uganda (ဒါက ယူဂန်ဒါ) အင်တာနက်စာမျက်နှာဟာ ယူဂန်ဒါအမျိုးသမီးတွေရဲ့ ပုံရိပ်မျိုးစုံကိုဖော်ပြတဲ့ လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ #SheRunsUg ဆိုတဲ့ hashtag ကို အသုံးပြုပြီး ယူဂန်ဒါအမျိုးသမီးတွေ နေ့စဉ်ဘဝမှာ ဘယ်လိုနေထိုင်ကြတယ်ဆိုတာကို ထင်ဟပ်စေတဲ့ ဓါတ်ပုံ ၈၇ ပုံကို ကမ္ဘာသိအောင်ဖော်ပြခဲ့ပါတယ်။
This is Uganda (ဒါက ယူဂန်ဒါ) အင်တာနက်စာမျက်နှာဟာ ယူဂန်ဒါမှ ပါရမီရှင်စာရေးသူများက ယူဂန်ဒါနှင့် ယူဂန်ဒါလူမျိုးတွေအကြောင်းကို ပြောပြပြီး နိုင်ငံရဲ့ပုံရိပ်ကို မှေးမှိန်စေတဲ့ ကမ္ဘာကအထင်အမြင်မှားတွေကို တိုက်ဖျက်ဖို့ ရည်ရွယ်ထားတဲ့ စာမျက်နှာတစ်ခုပါ။
ယူဂန်ဒါ စာရင်းအင်းဌာန (Uganda Bureau of Statistics) က ၂၀၁၄ ခုနှစ်မှာ ပြုလုပ်တဲ့ သန်းခေါင်စာရင်းအရ နိုင်ငံလူဦးရေ၏ ၅၁ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ပြီး အမျိုးသားဦးရေဟာ အလုပ်လုပ်နေတဲ့လူဦးရေအရေအတွက်ထက်ကို တဝက်လောက်နည်းနေပါသေးတယ်။
ဒီပုံတွေကတော့ တွစ်တာ (twitter)မှာ ဖြန့်ဝေပြီး ပွဲထုတ်ခဲ့တဲ့ ယူဂန်ဒါအမျိုးသမီးတွေရဲ့ ပုံရိပ်အချို့ပဲ ဖြစ်ပါတယ်။ ။
နေ့စဉ်ရုန်းကန်ရတဲ့ဘဝနဲ့ အမျိုးသမီး။ ။
Here comes the Ugandan woman. 22 #SheRunsUG#WomensDaypic.twitter.com/uTci91CjnT
— This Is Uganda (@ThisIsUganda_) March 8, 2017
ဒါဟာ ယူဂန်ဒါအမျိုးသမီးပါ။ အမှတ် (၂၂)
ပုံသေစွဲတဲ့ အမြင်မှားတွေကို အံတုပြတဲ့ အမျိုးသမီး။ ။
Here comes the Ugandan woman. 23 #SheRunsUG#WomensDaypic.twitter.com/W9BYJZ2iCI
— This Is Uganda (@ThisIsUganda_) March 8, 2017
ဒါဟာ ယူဂန်ဒါအမျိုးသမီးပါ။ အမှတ် (၂၃)
ကျန်းမာရေးကဏ္ဍထဲမှ အမျိုးသမီး။ ။
Here comes the Ugandan woman. 18 (Photo by @phionapaige) #SheRunsUG#WomensDaypic.twitter.com/v2BxY1I1Ow
— This Is Uganda (@ThisIsUganda_) March 8, 2017
ဒါဟာ ယူဂန်ဒါအမျိုးသမီးပါ။ အမှတ် (၁၈)
လက်ရှိ ယူဂန်ဒါ ပြည်သူ့လွှတ်တော်ဥက္ကဌ ရေဘက္ကာ ကာဒါဂါ (Rebecca Kadaga)။ ၂၀၁၁ ခုနှစ်မေလမှာ သူဟာ ယူဂန်ဒါရဲ့ ပထမဆုံး လွှတ်တော်ရဲ့ အမျိုးသမီး ပြည်သူ့လွှတ်တော်ဥက္ကဌ ဖြစ်လာတဲ့အခါ အမျိုးသမီးတွေနဲ့ လူမျိုးခြားတွေကို နိုင်ငံရဲ့ အမြင့်ဆုံးနေရာတွေရောက်အောင် တားဆီးထားတဲ့ အတားအဆီးတွေကို ဖြိုခွင်းနိုင်ခဲ့တဲ့ အမျိုးသမီးပင် ဖြစ်ပါတယ်။ ။
Here comes the Ugandan woman. 4 #SheRunsUG#WomensDaypic.twitter.com/i0ZDVkKArD
— This Is Uganda (@ThisIsUganda_) March 8, 2017
ဒါဟာ ယူဂန်ဒါအမျိုးသမီးပါ။ အမှတ် (၄)
ယူဂန်ဒါရဲ့ အကြီးဆုံး ဆင်ခြေဖုံးရပ်ကွက်မှာမွေးခဲ့သူ ဖီယိုနာ မူတေဆီ (Phionah Mutesi) ကတော့ ယူဂန်ဒါရဲ့ နံပါတ် ၁ စစ်တုရင် ချန်ပီယံတယောက်ဖြစ်လာသူပါ။ The Queen of Katwe ဆိုတဲ့ ဟောလိဝုတ်ရုပ်ရှင်က သူမရဲ့ဘဝအကြောင်းကို ရိုက်ကူးထားတာပါ။
Here comes the Ugandan woman. 7 #SheRunsUG#WomensDaypic.twitter.com/iqTeeXyZwZ
— This Is Uganda (@ThisIsUganda_) March 8, 2017
ဒါဟာ ယူဂန်ဒါအမျိုးသမီးပါ။ အမှတ် (၇)
ကျောင်းဆရာမ။ ။
Here comes the Ugandan woman. 29 #SheRunsUG#WomensDaypic.twitter.com/JPqZs4nW2P
— This Is Uganda (@ThisIsUganda_) March 8, 2017
ဒါဟာ ယူဂန်ဒါအမျိုးသမီးပါ။ အမှတ် (၂၉)
မိခင်။ ။
Here comes the Ugandan woman. 39 (Photo by Seyhan Arik) #SheRunsUG#WomensDaypic.twitter.com/Uh71rNox83
— This Is Uganda (@ThisIsUganda_) March 8, 2017
ဒါဟာ ယူဂန်ဒါအမျိုးသမီးပါ။ အမှတ် (၃၉)
Here comes the Ugandan woman. 44 (Photo by p.a.c.e onlus) #SheRunsUG#WomensDaypic.twitter.com/yq3J13WC94
— This Is Uganda (@ThisIsUganda_) March 8, 2017
ဒါဟာ ယူဂန်ဒါအမျိုးသမီးပါ။ အမှတ် (၄၄)
ရဲဝန်ထမ်းများ။ ။
Here comes the Ugandan woman. 50 (Photo by Kibuubi Media) #SheRunsUG#WomensDaypic.twitter.com/bqkaoW4T9n
— This Is Uganda (@ThisIsUganda_) March 8, 2017
ဒါဟာ ယူဂန်ဒါအမျိုးသမီးပါ။ အမှတ် (၅၀)
ကိုယ်ပိုင်ဟန်မူရာရှိသူလေး။ ။
Here comes the Ugandan woman. 42 (Photo by Prossy Babirye) SheRunsUG #WomensDaypic.twitter.com/AngsAfl3Il
— This Is Uganda (@ThisIsUganda_) March 8, 2017
ဒါဟာ ယူဂန်ဒါအမျိုးသမီးပါ။ အမှတ် (၄၂)
ပင်ကိုယ်အလှ။ ။
Here comes the Ugandan woman. 37 (Photo by Spencer Montero) #SheRunsUG#WomensDaypic.twitter.com/J4xS23zuJB
— This Is Uganda (@ThisIsUganda_) March 8, 2017
ဒါဟာ ယူဂန်ဒါအမျိုးသမီးပါ။ အမှတ် (၃၇)
နောက်ဆုံးအနေနဲ့ ယူဂန်ဒါအလံကို ဂုဏ်ယူဝင်ကြွားစွာ အမြင့်မှာကိုင်မြှောက်ထားတဲ့ အမျိုးသမီး။ ။
Here comes the Ugandan woman. 1 #SheRunsUG#WomensDaypic.twitter.com/utuPKhrkC8
— This Is Uganda (@ThisIsUganda_) March 8, 2017
ဒါဟာ ယူဂန်ဒါအမျိုးသမီးပါ။ အမှတ် (၁)