အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

အဖြစ်မှန် တီဗီ အစီအစဉ်၏ ငွေကြယ်ပွင့်သစ်များဖြစ်ကြသော တန်ဇန်းနီးယားမှ တောင်သူလယ်သမားများ

Contestants on Oxfam's "Female Food Heroes" Credit: Sven Torfinn for Oxfam

Oxfam ၏ “အမျိုးသမီး စားနပ်ရိက္ခာသူရဲကောင်းများ” မှ ပြိုင်ပွဲ ဝင်သူများ။ Credit: Sven Torfinn for Oxfam

The World အတွက် Marissa Lorusso မှ ရေသားထားသော ဤဆောင်းပါး နှင့် ရေဒီယို အစီရင်ခံစာသည် PRI.org တွင် မူလက ဇူလိုင်လ ၂၂ ရက် ၂၀၁၅ ခုနှစ်၌ ထုတ်ဝေထားပြီး ကမ္ဘာ့အသံတွင် စာမူဝေမျှခြင်းသဘောတူညီမှုအရ ပြန်လည် ဖော်ပြခြင်းဖြစ်ပါသည်။

လူအများစုဟာ အဖြစ်မှန် တီဗီ အစီအစဉ်များဟာ သာမာန်ဆိုလျှင် စံပြပုဂ္ဂိုလ်တွေ တွေရဖို့ နေရာကောင်းတစ်ခု မဟုတ်ပါဘူးဟု ဆိုကြပေမည်။ သို့သော် တန်ဇန်းနီးယားတွင်တော့ “အမျိုးသမီး စားနပ်ရိက္ခာသူရဲကောင်းများ” (Female Food Heroes) ဟုခေါ်သော အစီအစဉ်မှာ ၄င်း ရည်မှန်းချက် သက်သက်ဖြင့် ဖန်တီးထားသော ပွဲဖြစ်သည်။

“အမျိုးသမီး စားနပ်ရိက္ခာသူရဲကောင်းများ” သို့မဟုတ် တန်ဇန်းနီးယား ဘာသာတွင် Mama Shujaa wa Chakula (မမ ရှဂျာ ဝါ ချာကုလာ) ဟု သိကြသော အစီအစဉ်သည် ကျေးရွာတစ်ခု၌ အတူတကွ နေထိုင်ပြီး အလုပ်လုပ်သော အမျိုးသမီး လယ်သမား အုပ်စုကို အဓိက သရုပ်ဆောင် ကြယ်ပွင့်များအနေနှင့် သုံးထားသည်။ ထို “ရွာ” သည် အမှန်တော့ ပုံတူ ဖန်တီးထားသော အခင်းအကျင်းတစ်ခုသာ ဖြစ်ပြီး အဖြစ်မှန် တီဗီ အစီအစဉ်၏ ကင်မရာများကို တပ်ဆင်ထားသော နေရာဖြစ်သည်။ ထုတ်လုပ်သူများဟာ အမျိုးသမီးများ တချိန်တည်းတွင် ခေါင်းဆောင်မှုနှင့် ဘဏ္ဍာရေးရာ ကဲ့သို့သောအရာများကို လေ့ကျင့်သင်ကြားခံနေရစဉ် စိုက်ယာပျိုးရေး နည်းလမ်းစနစ်များ အချင်းချင်း ဝေမျှနေသည်ကို လိုက်လံ ရိုက်ကူးသည်။ ပွဲကြည့် ပရိသတ်များကတော့ ဘယ်သူ၏ အလုပ်ကို သူတို့အထင်မှာ ကောင်းဆုံးလို့ မဲပေးကြပြီးတော့ ပြပွဲ ရာသီ တစ်ခုစီအလိုက် အနိုင်ရရှိသူကို ပရိသတ်မဲနှင့် ဒိုင်လူကြီးအမှတ်တို့ ပေါင်းစပ်ကာ ရွေးချယ်သည်။

“အမျိုးသမီး စားနပ်ရိက္ခာသူရဲကောင်းများ” သည် အခြား အဖြစ်မှန် တီဗီ အစီအစဉ်များကဲ့သို့ပင် စိန်ခေါ်မှုများကို ထည့်သွင်းထားပါသည်။ ဤတစ်ခေါက် ရာသီတွင် ပါဝင်သူများသည် ဒေသပတ်ဝန်းကျင်ရှိ ကုန်ပစ္စည်းများကို အသုံးပြုပြီး ကိရိယာ တစ်ခုဖန်တီးရန်၊ ချက်ပြုတ်နည်းလမ်းများ အသစ်ဖန်တီးရန် နှင့် ရတနာသိုက် တစ်ခုကို ရှာဖွေပြီး အနိုင်ရရန် ကျိုးပမ်းရမှာ ဖြစ်ပါသည်။ ၄င်း အစီအစဉ်တွင် အလုပ်လုပ်သောသူ အယ်လူကာ ကီဘိုနာ (Eluka Kibona) ကတော့ ပြိုင်ပွဲဝင်များဟာ  မိမိတို့၏ ကိုယ်ပိုင် ဒေသန္တရ အသိပညာများကို အသုံးပြုဖို့လိုပါသည်ဟု ပြောပါသည်။ “သူတို့ရဲ့ နောက်ခံအသိတွေကို အသုံးပြုရမည်။ သူတို့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေကို အသုံးပြုရပါမယ်။ ” ပြင်ပမှ ကျွမ်းကျင်သူပညာရှင်များသည်လည်း သီးနှံစိုက်ပျိုးရေးပညာမှအစ ကျားမ အခြေပြု အကြမ်းဖက်မှု နှင့် ရာသီဥတုပြောင်းလဲမှုအဆုံး အကြောင်းအရာ မျိုးစုံကို ပြောဆိုရန် ဧည့်သည်များအဖြစ် ပါဝင်ကြသေးသည်။ ပြိုင်ပွဲဝင် အမျိုးသမီးများသည် သူတို့ကို ပတ်ဝန်းကျင်ရှိ ပိုကြီးမားသည့် စီးပွားရေး အခြေအနေအကြောင်းကို ပိုမိုလေ့လာသင်ယူရန် ဘဏ်များနှင့် စားနပ်ရိက္ခာ စီမံသည့် ကုမ္ပဏီများသို့လည်း သွားရောက် လေ့လာကြပါသည်။

The set of Oxfam's "Female Food Heroes" Credit: Sven Torfinn for Oxfam

Oxfam ၏ “အမျိုးသမီး စားနပ်ရိက္ခာသူရဲကောင်းများ” ရှိ ပွဲနေရာ။ Credit: Sven Torfinn for Oxfam

တန်ဇန်းနီးယားတွင် ဆင်းရဲမွဲတေမှုသည် “အမျိုးသမီး စားနပ်ရိက္ခာသူရဲကောင်းများ” တွင်ပါဝင် ယှဉ်ပြိုင်ကြသော အမျိုးသမီးများကဲ့သို့သော လက်လုပ်လက်စား ကျေးလက်နေ တောင်သူလယ်သမားတို့တွင် စုပြုံနေသည်။ တန်ဇန်းနီးယားတွင် ဆင်းရဲသော လယ်သမားအများစုမှာ သူတို့အတွက် ပိုမိုလုံခြုံသည့် အသက်မွေးဝမ်းကျောင်းကို ရရှိရန် လိုအပ်မည့် အခြေခံအဆောက်အအုံများနှင့် ရင်းနှီးမြှုပ်နှံမှုများကို လက်လှမ်းမမှီ နိုင်သဖြင့် ၄င်းတို့ကိုယ်တိုင် နှင့် ၎င်းတို့၏ မိသားစုများကို ကျွေးမွေးရန် တပိုင်တနိုင် စိုက်ပျိုးထားသော အရာများကိုသာ အားကိုး နေရသည်။

ဤအခြေအေနသည် အထူးသဖြင့် တန်ဇန်းနီးယား အမျိုးသမီးများအဖို့ ခက်ခဲကြမ်းတမ်းစေပါသည်။ Oxfam အဆိုအရ နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး လုပ်သားအင်အား၏ ၇၅ ရာခိုင်နှုန်းခန့်သည် အမျိုးသမီးများ ဖြစ်ကြပြီး ချေးငွေများ မရနိုင်ကြပဲ မကြာခဏ သူတို့၏ မြေပိုင်ဆိုင်နိုင်ခွင့်ကို ငြင်းပယ်ခံနေကြရသည်။ ထို့အပြင် အမျိုးသမီး တောင်သူလယ်သမားများနှင့် ပတ်သက်သော လူမှုရေး သဘောထား အများစုမှာ အဆိုးမြင်များ ဖြစ်ကြသည်။ ထမင်းစားပွဲသို့ သူတို့ယူဆောင်ပေးသော အရာများအတွက် အမျိုးသမီးများအပေါ် သာမန်တွင် တန်ဖိုးထားခြင်း သို့မဟုတ် ကျေးဇူးတင်ခြင်း ပြုလုပ်လေ့မရှိပါ။

ဒါကြောင့် Oxfam နှင့် ၎င်း၏ တွဲဖက် တန်ဇန်းနီးယား ရုပ်သံလွှင့် ဌာန Maisha Plus တို့က တီဗီ အစီအစဉ်မှ တဆင့် လူတွေ၏ သဘောထားတွေကို ပြောင်းလဲပြီး အမျိုးသမီး တောင်သူလယ်သမားများကို စွမ်းရည်မြှင့်တင်ဖို့ ကြံဖန်ခဲ့သည်။ “အမျိုးသမီး စားနပ်ရိက္ခာသူရဲကောင်းများ” ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့ကတည်းက တစ်နိုင်ငံလုံးရှိ လူဦးရေ ၂၅ သန်းအထိ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ပွဲ၏ အောင်မြင်မှု တပိုင်းတစကိုတော့ သိကောင်းစရာများနှင့် ပျော်စရာ နှစ်ခုစလုံး တို့ကြောင့်ဟု ပြောနိုင်သည်။ “ကျနော်တို့ တကယ့်ကို ဒီအကြောင်းအရာကို တစ်လျှောက်လုံး စဉ်းစားနေခဲ့ကြတာပါ။ ဒီအစီအစဉ်ကို ကျနော်တို့ ဘယ်လိုမျိုး ဖျော်ဖြေမှုတင်မက ပညာပေးပုံစံပါ ဖြစ်အောင် ဘယ်လိုလုပ်နိုင်မလဲဆိုတာကိုပဲ” ဟု ကီဘိုနာက ရှင်းပြပါသည်။ သူမသည် ပရိသတ်တွေအား ပွဲကြည့်ပြီးသွားတဲ့ အခါ “ပွဲအကြောင်းကိုသာ တွေးနေတာမျိုး မဟုတ်ပဲ ပွဲထဲမှာ ပါတဲ့ အကြောင်းအရာ ပြသနာတွေကိုပါ ပြောနေတာမျိုးကို” ဖြစ်စေချင်သည်။

အပိုင်းများကို ရုပ်မြင်သံကြားပေါ်တွင် ထုတ်လွှင့်ပြီးနောက် သူတို့ကို Facebook နဲ့ YouTube ပေါ်မှာပါ ကြည့်ရှုနိုင်သည်။ တန်ဇန်းနီးယားတွင် လူအတော်များများသည် ကိုယ်ပိုင် တီဗီ မရှိကြတဲ့ အတွက်ကြောင့် Oxfam သည် ဒေသခံ ရေဒီယို အချိန်များကို ဝယ်ယူပြီး အသံဖိုင်များဖြင့်  အပိုင်းများကို ပြန်လည် ထုတ်လွင့်စေသည်။

A contestant on Oxfam's "Female Food Heroes" Credit: Sven Torfinn for Oxfam

Oxfam ၏ “အမျိုးသမီး စားနပ်ရိက္ခာသူရဲကောင်းများ” မှ ပြိုင်ပွဲ ဝင်သူများ။ Credit: Sven Torfinn for Oxfam

ပါဝင်ယှဉ်ပြိုင်သူ ထိပ်ဆုံးသုံးဦးကိုတော့ Oxfam မှနေ ဆုချီးမြှင့် ပေးအပ်သည်။ ကီဘိုနာကတော့ “ဒီပြပွဲအထဲမှာ တစ်ပိုင်းတစ ပါနိုင်သူတိုင်းကတော့ အနိုင်ရရှိသူတွေပဲ ဖြစ်ကြပါတယ်” ဟု Oxfam အစား ပြောသည်။ သို့သော် ဒီပွဲ၏ စိတ်ဝင်စားစရာအကောင်းဆုံး တစ်ခုကတော့ အတော်ဆုံး ပြိုင်ပွဲဝင်များကို ရွေးချယ်ရေးဖို့ ဖြစ်ကြောင်းကိုလည်း သူမ အသိအမှတ်ပြုသည်။ ယခုနှစ်တွင် ဆုလာဒ်များမှာတော့ တန်ဇန်းနီးယားငွေ  ၂၀ နှင့် ၂၅ သန်း (ခန့်မှန်းခြေအားဖြင့် ကျပ် သိန်း ၉၀ မှ ၁၂၀) အကြား တန်ဖိုးရှိသည့် ဆု ငွေသားနှင့် စိုက်ပျိုးရေးလုပ်ငန်း နှင့် ငါးဖမ်းကိရိယာများ ပုံစံဖြစ်ကြသည်။ ထိုအမျိုးသမီးများသည် ပုံမှန်အားဖြင့် သူတို့၏ ကျေးရွာများနှင့် အသိုင်းအဝိုင်းသို့ ပြန်သွားကြသည့်အခါ ခေတ်မီ လယ်ယာသုံး စက်ကိရိယာများနှင့် နည်းစနစ်များကို ဆောင်ကြဉ်းပြီး ကူညီကြပါသည်။ အမျိုးသမီးတစ်ဦးဆိုလျှင် ယခုအခါ သူမ၏ ဒေသခံ ကောင်စီတွင် လယ်သမားများကို ကိုယ်စားပြုလုပ်သလို သူမ၏ အိမ်နီးချင်းများနှင့်အတူ သူမအနိုင်ရခဲ့သည့် ထွန်စက်ကို ဝေမျှပေးသုံးသည်။ အခြားအမျိုးသမီးတစ်ဦးကတော့ မိဘမဲ့နှင့် ထိခိုက်လွယ်ကလေးငယ်များကို ခိုလုံရာပေးပြီး ကူညီပံ့ပိုးရန် သူမ၏ လယ်နေရာကို အသုံးပြုသည်။

ထိုပြပွဲသည် အလွန်ရေပန်းစားသောကြောင့် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီးနောက် ပါဝင်သူများသည် ၄င်းတို့ ဒေသအသီးသီးတွင် နာမည်ကြီးများ ဖြစ်သွားတတ်လေ့ရှိသည်။ သူတို့ရဲ့ကျွမ်းကျင်မှုနှင့် အသိပညာ အသစ်များနှင့်အတူ အိမ်ပြန်ပြီးနောက် သူတို့၏ ရပ်ရွာများအတွက် ဤနည်းစနစ်အသစ်များကို ပုံစံဆွဲရန် ကူညီပေးသည်။ တန်ဇန်းနီးယား အစိုးရသည် ပြပွဲ၏ အလွန်လူကြိုက်များခြင်းကြောင့် လွှမ်းမိုးမှုဖြစ်ပြီး ဖြစ်ပေါ်လာသော လယ်နေရာ ငှားရမ်းခြင်းနှင့် ဆက်စပ်သော မူဝါဒသစ်များကို မိတ်ဆက်ဖို့ စတင်နေပြီဟု Oxfamမှ ပြောပါသည်။

From the set of Oxfam's "Female Food Heroes" Credit: Sven Torfinn for Oxfam

Oxfam ၏ “အမျိုးသမီး စားနပ်ရိက္ခာသူရဲကောင်းများ” ရှိ ပွဲနေရာ။ Credit: Sven Torfinn for Oxfam

ဆွေးနွေး​ပြောဆို​ခြင်း​ကို စတင်​ရန်

စာရေး​သူ​များ၊ ကျေးဇူးပြု​၍ ဝင်​ရန် »

လမ်း​ညွှန်​ချက်​များ

  • မှတ်ချက်​များ​အားလုံး​ကို ကြီးကြပ်​သူ​တစ်​ဦး​က ဖတ်​ရှု​စစ်ဆေး​ပါ​သည်။. မှတ်ချက်​များ​ကို တစ်​ကြိမ်​ထက် ပို​မ​ပေး​ပါ​နှင့်၊ မဟုတ်​လျှင် မ​လို​အပ်​သော​စာ​အဖြစ် သတ်​မှတ်​ခြင်း​ခံ​ရ​ပါ​မည်။.
  • အခြား​သူ​များ​ကို လေး​လေးစား​စား ဆက်ဆံ​ပေး​ပါ။. လူ​မျိုး​ရေ၊ ဘာသာ​ရေး​နှင့် လိင်​ပိုင်း​ဆိုင်​ရာ တိုက်ခိုက်​မှု​များ​ပါဝင်​သည့် မှတ်ချက်​များ​ကို အတည်ပြု​ပေး​လိမ့်​မည် မဟုတ်​ပါ။.