အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

မက္ကဆီကို ရပ်ကွက်ကလေးတစ်ခုကို “အံ့ဖွယ်” ဖြစ်သွားစေတဲ့ ကြီးမားသော နံရံဆေးရေးပန်းချီကြီး

Mural palmitas

လာ့(စ)ပါမီတား(စ) နှင့် အကြီးစား နံရံဆေးရောင်စုံရေးဆွဲမှုကြီး၏ နောက်ဆုံးအဆင့်။ Photo taken with permission from the Germen Crew collective's Facebook page.

ဟီဒါဂိုပြည်နယ် ပချူကာ မြို့တွင် တည်ရှိသော ရပ်ကွက်ငယ်လေးအတွင်း၏ အလယ်မှာ နေအိမ် ၂၀၀ ကျော်၏ နံရံများပေါ်ကို အခြေတည်ကာ ရေးဆွဲထားသော မက္ကဆီကို၏ အကြီးဆုံး ဆေးရေးရောင်စုံချယ်သမှုကို ပြီးခဲ့သော ဇူလိုင်လက ဖွင့်လှစ်ခဲ့ပါသည်။ သို့သော် ဤ “အကြီးစား နံရံဆေးရေးကြီး”ဟာ ဆင်းရဲမှု နှင့် ဒုစရိုက်များ အထိုက်အလျောက်ရှိသော ဒီ လာ့(စ)ပါမီတား(စ) (Las Palmitas) ဆင်ခြေဖုံး ရပ်ကွက်လေးကို သာမာန် ရိုးရိုး အရောင်ချယ်ပေးလိုက်တာတော့ မဟုတ်ပါ။

ဒီစုပေါင်းအားထုတ်မှုဟာ အလုပ်အကိုင်များကို ဖန်တီးပြီး လူငယ်လူရွယ် အကြမ်းဖက်မှုကို လျှော့ချပေးသလို ရပ်ရွာစိတ်ဓာတ်ကိုလည်း ထည့်သွင်းပေးလိုက်တာကြောင့် စီမံကိန်းခေါင်းဆောင်များက လာ့(စ)ပါမီတား(စ)ဟာ “ပထမဦးဆုံး အံ့ဖွယ် ရပ်ကွက်” လို့ခေါ်စမှတ် ပြုနေကြသည်။ ဒီရလာဒ်ဟာ ခရီးသွားလုပ်ငန်းများတွင် လည်ပတ်စရာနေရာများအဖြစ် Pueblos Mágicos ဟုခေါ်သော အံ့ဖွယ် မြို့ပြများကို မြှင့်တင်ဖို့ မက္ကဆီကိုအစိုးရ၏ သီးခြား ပဏာမ ခြေလှမ်းတစ်ခုလည်း ဖြစ်သည်။

ယင်းစီမံကိန်းကို ဦးဆောင်သူမှာ the Germen Crew (Seed Crew) ခေါ် စုပေါင်းအဖွဲ့ဖြစ်ပြီး ၄င်းတို့တွင် လမ်းဘေးဝဲရာ ပန်းချီရေးဆွဲသူ၊ နံရံဆေးရေးပန်းချီ နှင့် အရုပ်အသံ မှတ်တမ်းတင်ခြင်းတို့တွင် အထူးပြုကျွမ်းကျင်သူတို့ပါဝင်သော မြို့ပြအနုပညာရှင်များဖြင့် ဖွဲ့စည်းထားသည်။ ယင်းအဖွဲ့မှာ ရပ်ရွာအကျိုးအတွက် အများပြည်သူနှင့် လမ်းပေါ်တွင် အနုပညာမှတဆင့် အများပြည်သူနေရာများသို့ အဓိပ္ပာယ် အသစ်ပေးကာ လူမှု ချိတ်ဆက်တည်ဆောက်မှုကို ပြန်လည်ထူထောင်ရန် ရည်ရွယ်ထားသော အဖွဲ့ဖြစ်သည်။ သူတို့၏ Facebook စာမျက်နှာက အခုလို ဆိုသည် -

Nuestro trabajo es una ofrenda artística para nuestras ciudades ya que mediante colores formas texturas y técnicas mixtas compartimos nuestra forma de hacer y entender el arte, buscamos detonar la semilla de lo posible fortaleciendo el corazón y el entusiasmo de quien vive en los lugares que intervenimos, queremos refuncionalizar el espacio público haciéndolo más útil para quienes lo habitan, un lugar que eduque, motive, ayude aporte y germine una nueva relación de los ciudadanos con su entorno y las expresiones que ahí convergen.

ကျွန်ုပ်တို့၏ အမှုသည် ကျွန်ုပ်တို့၏ မြို့ရွာတို့အဘို့ အနုပညာကို ပေးစွမ်းခြင်းဖြစ်သည်။ အရောင်များ၊ ပုံစံများ၊ အသွင်အပြင်များ နှင့် ရောစပ်ထားသော နည်းလမ်းများမှတဆင့် ကျွန်ုပ်တို့၏ အနုပညာကို ပြုလုပ်ပုံနှင့် နားလည်ပုံကို ဝေမျှပါသည်။ ကျွန်ုပ်တို့ သွားရောက်ပါဝင်သော နေရာများတွင် နေထိုင်သူတို့၏ စိတ်အားထက်သန်မှု နှင့် စိတ်နှလုံးတို့ကို ခွန်အားဖြည့်ပေးခြင်းအားဖြင့် အလားအလာကောင်းများ၏ မျိုးစေ့ကို ပျိုးရန် ကျိုးစားသည်။ ကျွန်တော်တို့သည် အများပြည်သူနေရာများတွင် နေထိုင်သူများအတွက် ပိုမိုအသုံးဝင်စေရုံသာမက ပညာပေးမှုဖြစ်ပေါ်စေပြီး၊ စိတ်ဓာတ်တက်ကြွစေ၍ ထောက်ပံ့မှုကို အားပျိုးကာ ပတ်ဝန်းကျင်မှ ပြည်သူများအပါအဝင် ယင်းနေရာတွင် စုဆုံနေသာ ထုတ်ဖော်ပြသမှုများနှင့်ပါ ဆက်ဆံရေးအသစ်များကို ပေါ်ပေါက်လာစေသော နေရာများကို ရည်ရွယ်ချက်အသစ် ပေးလိုခြင်းဖြစ်ပါသည်။

လိုအပ်သည့် အထောက်အပံ့ပစ္စည်းများကို ကူညီပေးသော ဒေသခံနှင့် ဖက်ဒရယ် အစိုးရတို့၏ ပူးပေါင်းဆောင်ရွက်မှုအပြင် စီမံကိန်းသည် လာ့(စ)ပါမီတား(စ) တွင် နေထိုင်သော မိသားစူပေါင်း ၄၅၂ စု (စုစုပေါင်း လူ ၁၈၀၈ ယောက်)၏ တက်ကြွစွာ ပူးပေါင်းပါဝင်မှုဖြင့် အဓိက ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဒေသခံများကို စီမံကိန်းကာလ သုံးလတလျှောက်လုံး တိုင်ပင်ဆွေးနွေးတိုင်ပင်မှုဖြင့် ပြုလုပ်ခဲ့ပြီး ယင်းတို့သည် သက်ငယ် ပြစ်မှုကျူးလွန်မှုကို လျှော့ချရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲ၊ သင်ကြားခြင်းနှင့် ခရီးသွားလှည့်လည်ခြင်းကဲ့သို့သော ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများတွင်လည်း ပါဝင်ခဲ့ကြသည်။

”သဟဇာတနှင့် အတူယှဉ်တွဲနေထိုင်ခြင်းများ”

မီးပုံးပျံလွှတ်တင်ခြင်းနှင့် ပက်သက်သော အလုပ်ရုံဆွေးနွေးပွဲကို မှတ်တမ်းတင်ထားသော အထက်ပါဗီဒီယိုထဲတွင် လာ့(စ)ပါမီတား(စ)တွင် နေထိုင်သူများက ဤအနုပညာ လုပ်ငန်းများသည် ရပ်ကွက်အပေါ်တွင် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ ရှိနေသည်ဟု မှတ်ချက်ချကြသည်။

Para nosotros es un día de fiesta en nuestra colonia, porque estamos viviendo cosas que nunca antes habíamos vivido.

ကျွန်ုပ်တို့အတွက် ဒီဟာက ပွဲတော်နေ့တစ်နေ့လိုပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တစ်ခါမှ မကြုံတွေ့ဖူးတဲ့သောအရာတွေကို ကြုံတွေ့နေရတာကြောင့်ပါ။

Veo que hay mucha armonía y convivencia, más que nada en las familias. Yo creo que con estos eventos mi colonia va a mejorar bastante y siento que no va a haber delincuencia.

ကျနော်တို့ မိသားစုတွေအားလုံးမှာ သဟဇာတနှင့် အတူယှဉ်တွဲနေထိုင်မှုတွေကို အများကြီးတွေ့ခဲ့ရတယ်။ ဒီလိုပွဲတွေမျိုးနဲ့ဆို ကျနော်တို့ ရပ်ကွက်ဟာ အများကြီး တိုးတက်လာမယ်လို့ ယုံကြည်ပါတယ် ပြီးတော့ နောက်ဆို ပြစ်မှုကျူးလွန်တာတွေ သိပ်အများကြီးတွေ့ရတော့မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။

ဤဗီဒီယိုကို အင်္ဂလိပ်စာတန်းထိုးနှင့် ကြည့်ရန် ဤနေရာကိုနှိပ်ပါ။

စိတ်ကူးစိတ်သန်းများ အကြောင်းကိုရေးသော မဂ္ဂဇင်း Planisferio နှင့် အင်တာဗျူးတွင် the Seed Crew အဖွဲ့က သူတို့၏ ချဉ်းကပ်မှုဟာ ဆန်းသစ်အရာ ဖြစ်သွားစေတာဟာ သူတို့သည် အဖွဲ့အစည်းဆိုင်ရာနေရာများကို ရောင်စုံရေးချယ်ခြင်းကို အာရုံမစိုက်ပဲ ရာဇဝတ်မှုနှုန်း သိသိသာသာများသော အများပြည်သူနေရာ၊ ပလာဇာ၊ စျေးနေရာများနှင့် ပစ်ပယ်ခံနေရသော အရပ်များတွင် ရေးချယ်သောကြောင့်ဖြစ်သည်ဟု ရှင်းပြသည်။ တချိန်တည်းပင် သူတို့၏ အောင်မြင်မှုက အားလုံး စုပေါင်းကြိုးပမ်းအားထုတ်မှုများနှင့် အုပ်စုလိုက် လှုပ်ရှားမှုကြောင့်ဟုလည်း သူတို့ကပြောပါသည်။

“မက္ကစီကို၏ပထမဦးဆုံး (မှော်ဆန်သော) အံ့ဖွယ်ရပ်ကွက် ”

လာ့(စ)ပါမီတား(စ)၏ အသွင်ကူးပြောင်းသွားပုံကို မှတ်တမ်းတင်ရိုက်ကူထားသော ဗီဒီယိုအတိုချုပ်ထဲတွင် “အရောင်သည် အံ့ဖွယ်ဖြစ်သည်” ဟူသော စကားနှင့် စတင်လိုက်ပါသည်။ ဤဗီဒီယိုကို အင်္ဂလိပ်စာတန်းထိုးနှင့် ကြည့်ရန် ဤနေရာကိုနှိပ်ပါ။

၁၃ နှစ်ကျော်ကြာ တည်ရှိခဲ့ပြီဖြစ်သော the Crew အဖွဲ့သည် မက္ကဆီကိုမြို့၏ ဂျမေကန်စျေး၊ မက္ကဆီကိုနိုင်ငံ အက်ကာတေပက် ရှိ မြို့သစ်များ၏ အများလျှောက်လမ်း မြေပြန့်နေရာဂွာဒါလာဟာရာရှိ မီရာဗေး နေရာ အစရှိသည်တို့အပါအဝင် နေရာ အများအပြားတွင် စီမံကိန်းအမျိုးမျိုးကို ဆောင်ရွက်ခဲ့ပြီးပြီ ဖြစ်သည်။ ယခုအခေါက်မှာတော့ “မက္ကဆီကို၏ ပထမဦးဆုံး အံ့ဖွယ်(မှော်)ရပ်ကွက်” ဟုခေါ်နိုင်သော လာ့(စ)ပါမီတား(စ)ကို အောင်မြင်စွာ အသွင်ပြောင်းဖို့ ၎င်းတို့၏ရည်ရွယ်ချက်မှာ အောင်မြင်လိုက်ပြီဖြစ်ပြီး နောက်ထပ်လာဖို့ ရှိသေးသည်ဆိုတာကိုလည်း အရာများက ညွန်ပြနေသည်၊

Seed Crew အဖွဲ့၏ အလုပ်နှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက သူတို့၏ Facebook နှင့် Instagram တွင်လည်းကောင်း သူတို့၏ YouTube channel ပေါ်တွင်လည်းကောင်း တွေ့ရှိနိုင်ပါသည်။

ဆွေးနွေး​ပြောဆို​ခြင်း​ကို စတင်​ရန်

စာရေး​သူ​များ၊ ကျေးဇူးပြု​၍ ဝင်​ရန် »

လမ်း​ညွှန်​ချက်​များ

  • မှတ်ချက်​များ​အားလုံး​ကို ကြီးကြပ်​သူ​တစ်​ဦး​က ဖတ်​ရှု​စစ်ဆေး​ပါ​သည်။. မှတ်ချက်​များ​ကို တစ်​ကြိမ်​ထက် ပို​မ​ပေး​ပါ​နှင့်၊ မဟုတ်​လျှင် မ​လို​အပ်​သော​စာ​အဖြစ် သတ်​မှတ်​ခြင်း​ခံ​ရ​ပါ​မည်။.
  • အခြား​သူ​များ​ကို လေး​လေးစား​စား ဆက်ဆံ​ပေး​ပါ။. လူ​မျိုး​ရေ၊ ဘာသာ​ရေး​နှင့် လိင်​ပိုင်း​ဆိုင်​ရာ တိုက်ခိုက်​မှု​များ​ပါဝင်​သည့် မှတ်ချက်​များ​ကို အတည်ပြု​ပေး​လိမ့်​မည် မဟုတ်​ပါ။.