သတင်းဆောင်းပါးများ from ဩဂုတ်, 2012
အကျပ်အတည်းထဲမှ ဂရပ်(ဖ်)တီ (စာလုံးခြယ်မှုန်းခြင်း အနုပညာ)
လက်ရှိ စီးပွားရေးအကျပ်အတည်းမှာ ဂရပ်(ဖ်)တီက မြို့တော်တွေတော်တော်များများမှာ လူမှုရေးစာသားတွေနဲ့ ပေါများလာပါတယ်။ ဒါကတော့ မြို့ပြအနုပညာဖန်တီးမှုရဲ့ နမူနာတစ်ခုပါ။
ကမ္ဘောဒီးယား ရုပ်ပြစာအုပ်များ၏ သမိုင်း
John Weeks created a slideshow presentation about the history of Cambodian comics in the past half century. ဂျွန် ဝိ(ခ်)(စ်ခ)က ပြီးခဲ့တဲ့ ရာစုနှစ်ဝက်အတွင်းက ကမ္ဘောဒီးယား ရုပ်ပြစာအုပ်တွေရဲ့ သမိုင်းအကြောင်း တင်ဆက်ပြသတဲ့ ဆလိုက်ရှိုးတစ်ခု ဖန်တီးခဲ့ပါတယ်။
ဗီယက်နမ်၊ ဟိုချီမင်း၏ မထုတ်ဝေရသေးသော စာ
မက်သရူး ပါ(စ်)ဖီး(လ်)(ဒ်)က ဗီယက်နမ်အမျိုးသား သူရဲကောင်းနဲ့ နိုင်ငံ့ခေါင်းဆောင်ဖြစ်တဲ့ ဟိုချီမင်းရဲ့ မထုတ်ဝေရသေးတဲ့ စာတစ်စောင်ကို တွေ့ရှိမှုရဲ့ သမိုင်းအတွက်အရေးပါပုံကို ဆွေးနွေးခဲ့ပါတယ်။
ယီမင်၊ အငြင်းပွားတိုက်ခိုက်မှုကို သတင်းယူနေစဉ် သတင်းထောက် မိုဟာမက် အယ်(လ်)ကဒ်ဟီ အဖမ်းခံရ
အဒမ်ဘာရွန်က အောက်ပါအတိုင်း တွစ်တာစာတို ပို့ခဲ့ပါတယ်၊ “သူရဲ့ဖေ့(စ်)ဘွတ်(ခ်)ကနေပြီး သတင်းတစ်ပုဒ်တက်လာတယ်၊ ယီမင်လူမျိုး သတင်းထောက် @mohammedalqadhiက #yemen ကာကွယ်ရေးဝန်ကြီးဌာနမှာ အငြင်းပွားတိုက်ခိုက်မှုအကြောင်း သတင်းယူနေတုန်း အဖမ်းခံခဲ့ရပါတယ်။
သီရိလင်္ကာ၊ ကျောင်းစာမေးပွဲစနစ်အား ပြန်လည်သုံးသပ်ရန် အချိန်ရောက်ရှိ
Serendipity[en] က သီရိလင်္ကာမှာရှိတဲ့ ကျောင်းစာမေးပွဲစနစ်ရဲ့ အားထားရဖွယ်မရှိတဲ့အကြောင်းကို မေးခွန်းထုတ်ခဲ့ပြီး အဲဒီကိစ္စက နိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းတိုးတက်မှုအပေါ် ဘယ်လောက်ထိသက်ရောက်မှုရှိနေတယ်ဆိုတာက ဆက်စပ်ပြခဲ့ပါတယ်။
လက်ဘနွန်၊ ဘဏ်ဓားပြက စစ်အရာရှိအား ပစ်ခတ်နေပုံကို ရိုက်ကူး
လက်ဘနွန်က ပလပ်(စ်)၉၆၁ (ဘလော့(ဂ်)က ဓားပြတိုက်တဲ့အချိန်မှာ ဘဏ်မှာရှိနေခဲ့တဲ့ စစ်အရာရှိကို ဘဏ်ဓားပြတစ်ယောက် ပစ်ခတ်နေတာကိုပြတဲ့ ဒီဗီဒီယိုကို ယူကျူ့ပေါ်မှာ မျှဝေခဲ့ပါတယ်။
ဆော်ဒီအမျိုးသမီးအာကစားသမားများ – အိုလံပစ်မှအပြန် တွစ်တာမုန်တိုင်းထန်
အိုလံပစ်မှ ထွက်ခွာခဲ့ရပြီးနောက်မှာ ဆော်ဒီအားကစားသမိုင်းမှာ ပထမဆုံးနဲ့ နှစ်ယောက်တည်းဖြစ်တဲ့ ဆော်ဒီအမျိုးသမီး ပြေးခုန်ပစ်ကစားသမားတွေဖြစ်တဲ့ ဆာရာအတ္တာနဲ ဝိုဒန် ရှဟာခါနီတို့က တွစ်တာရပ်ဝန်းမှာ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေကို ရရှိခဲ့ပါတယ်။ ဟိုင်ဖာ အယ်(လ်) ရာရှိ(ဒ်)က စိတ်ဓာတ်ခွန်အားကနေ အရှက်နဲ့ သိက္ခာမဲ့တယ်ဆိုတဲ့ အကြောင်းအရာတွေအထိ ကွဲပြားနေတဲ့ တုံ့ပြန်မှုတွေကို နမူနာပြထားတာ ဖြစ်ပါတယ်။
အဆဲန့်(ချ်) နိုင်ငံရေးခိုလှုံမှုအတွက် အီကွေဒေါ၏ တုံ့ပြန်မှု
"နိုင်ငံထဲမှာကျ မရှိတဲ့ လွတ်လပ်စွာဖော်ပြခွင့်အကြောင်းကို သူတို့အရမ်းပြောနေကြတယ်။" အီကွေဒေါလူမျိုး နက်တီဇင်တစ်ယောက်က ဝီကီလိ(ခ်)တည်ထောင်သူကို အစိုးရက နိုင်ငံရေးခိုလှုံခွင့်ပေးလိုက်တာနဲ့ ပတ်သက်ပြီး ဝေဖန်ထားပါတယ်။ တချို့တွေကတော့ ဒီထူးခြားတဲ့လှုပ်ရှားမှုအတွက် ပျော်ပွဲဆင်နွှဲနေကြပါတယ်။
ကမ္ဘောဒီးယား၊ ခမာဘာသာစကား စာအုပ်များ အွန်လိုင်းပေါ်ရောက်
ကမ္ဘောဒီးယားမှ ခမာစာအုပ်များ[en]နှင့် သင်ကြာရေးပစ္စည်းများ ၅ဝထက်မနည်းကို နိုင်ငံတကာသုတေသနအတွက် ဒစ်ဂျစ်တယ်စာကြည့်တိုက်[en]က လွှင့်တင်ပေးခဲ့သည်။
မလေးရှား၊ ဆန္ဒပြပြီးနောက်တွင် ဝက်(ဘ်)ဆင်ဆာဥပဒေကို သုံးသပ်ရန် မလေးရှားအစိုးရ ကတိပြု
နက်တီဇင်တွေစုစည်းခဲ့တဲ့ အွန်လိုင်းဆန္ဒပြမှုကို တုံ့ပြန်တဲ့အနေနဲ့၊ ဝေဖန်သူတွေက နိုင်ငံထဲက အင်တာနက်လွတ်လပ်ခွင့်ကို ကန့်သတ်တယ်လို့ပြောကြတဲ့ အငြင်းပွားဖွယ် ဥပဒေပြင်ဆင်ချက်ကို မလေးရှားအစိုးရက ပြန်လည်သုံးသပ်မယ်လို့ ဆိုပါတယ်။