သတင်းဆောင်းပါးများ စပိန် from စက်တင်ဘာ, 2012
ပီရူး၊ အိုတူဇကိုအတွက် အကူညီပေးရန် လူငယ်များ စုစည်း
ကမ္ဘာ့အသံရဲ့ ပါဝင်ပံ့ပိုးသူတစ်ဦးဖြစ်တဲ့ ဂယ်ဘီရီလာ ဂါစီယာ ကယ်(လ်)ဒရွန်က သူတူတော်သူက ပီရူးနိုင်ငံမြောက်ပိုင်း အိုတူဇကိုဒေသမှာရှိတဲ့ လူအစုအဝေးသုံးခုကို အကူအညီတွေယူသွားပေးဖို့ စတင်တဲ့ လှုပ်ရှားမှုအကြောင်းကို ဘလော့(ဂ်)ရေးထား[es]ပါတယ်။ ဒီတခုတ်တရမှတ်သားသင်တဲ့ စတင်လှုပ်ရှားမှုမှာ စေတနာ့ဝန်ထမ်းအနေနဲ့ပါဝင်နေတဲ့ လူငယ်အုပ်စုလေးက ဘယ်ထောက်ပံ့မျိုးမှ မပါဘဲ သူတို့ဘာသာလှုပ်ရှားနေတဲ့အကြောင်းကိုလည်း ထောက်ပြခဲ့ပါတယ်။
ဘိုလီးဗီးယား၊ လာပတ်(ဇ်)တွင် ရေဒီယိုသတ္တိကြွ ယူရေနီယမ်များ ဖမ်းဆီးရမိ
'@renanjustiniano၊ မနေ့ကတွေ့ခဲ့တဲ့ ဓာတ်သတ္တုတွေသာ #uranio (ယူရေနီယမ်) ဖြစ်နိုင်တယ်ဆိုရင် ပထမဆုံးလုပ်ရမှာက ရေဒီယိုသတ္တြွိက၊ မကြွကို စမ်းသပ်ရမှာ၊ သတင်းထောက်တွေဆီ သတင်းထုတ်ပြရမှာ မဟုတ်ဘူး။' ၂ဝ၁၂ ခုနှစ် သြဂုတ်လ (၂၈) ရက်နေ့မှာ ဘိုလီးဗီးယန်းတာဝန်ရှိသူများက ယူရေနီယမ် ဒါမှမဟုတ် ရေဒီယိုသတ္တိကြွဓာတ်သတ္တုတွေလို့ ယူဆရတဲ့ သတ္တု( ၂) တန်ကို ဖမ်းဆီးရရှိခဲ့ပါတယ်။ ရေဒီယိုသတ္တြွိကပစ္စည်းများဖြစ်နိုင်တယ်ဆိုတဲ့ သံသယကတော့ ရှင်းရှင်းလင်းလင်း မရှိခဲ့ပါဘူး။