သတင်းဆောင်းပါးများ အာရေဗျ from စက်တင်ဘာ, 2012
လစ်ဗျား၊ စိတ်မကောင်းပါဘူး ခရစ်(စ်)ရယ် ၊ ဘန်ဟာဇီက မင်းကို အကာအကွယ် မပေးနိုင်ခဲ့ဘူး
သံတမန် ခရစ္စတိုဖာ စတီဗင်(စ်)အပါအဝင် အမေရိကန်လူမျိုး လေးယောက်အသတ်ခံရတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးအတိုက်ခံရတဲ့အပေါ်မှာ ဆန္ဒပြဖို့ စက်တင်ဘာ (၁၂)ရက်နေ့က ဘန်ဟာဇီက အယ်(လ်)ရှာဂျာရာ ရင်ပြင်မှာ လစ်ဗျားလူမျိုး လူတစ်စု စုရုံးခဲ့ကြပါတယ်။
အီဂျစ်၊ တွစ်တာစာတိုပို့နေသော သမ္မတ
အီဂျစ်လူမျိုး သမ္မတ မိုဟာမက် မော်စီ ဒီနေ့ညမှာ သူ့ရဲ့ဖွင့်ထားပြီးသား အကောင့်ကနေ တရားဝင်[en] တွစ်တာစာတိုပို့ခြင်းကို စတင်လိုက်ပါတယ်။ လိုက်ကြည့်သူပေါင်း ၁၆၂၀၀၀ရထားပြီးဖြစ်တဲ့ အဲဒီအကောင့်ကို တွစ်တာကလည်း ဒီနေ့ပဲ အကောင့်အစစ်အနေနဲ့ သတ်မှတ်ပေးလိုက်ပါတယ်။ သူရဲ့ပထမဆုံး တွစ်တာစာတို[en]ကတော့၊ ပထမဆုံးတွစ်တာစာတိုကို #jan25 (ဇန်၂၅) တော်လှန်ရေးနဲ့ ရဲရင့်တဲ့ #syrians (ဆီးရီးယားလူမျိုးတွေ)အတွက် အထူးပြုချင်တယ်… မိုဟာမက် #Morsi (မော်စီ) မော်စီက အာရေဗျဘာသာစကားရော အင်္ဂလိပ်စကားပါ နှစ်မျိုးလုံးနဲ့ တွစ်တာစာတိုပို့မယ့်ပုံ ရပါတယ်။