သတင်းဆောင်းပါးများ အာရေဗျ from ဩဂုတ်, 2012
ဆော်ဒီအမျိုးသမီးအာကစားသမားများ – အိုလံပစ်မှအပြန် တွစ်တာမုန်တိုင်းထန်
အိုလံပစ်မှ ထွက်ခွာခဲ့ရပြီးနောက်မှာ ဆော်ဒီအားကစားသမိုင်းမှာ ပထမဆုံးနဲ့ နှစ်ယောက်တည်းဖြစ်တဲ့ ဆော်ဒီအမျိုးသမီး ပြေးခုန်ပစ်ကစားသမားတွေဖြစ်တဲ့ ဆာရာအတ္တာနဲ ဝိုဒန် ရှဟာခါနီတို့က တွစ်တာရပ်ဝန်းမှာ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေကို ရရှိခဲ့ပါတယ်။ ဟိုင်ဖာ အယ်(လ်) ရာရှိ(ဒ်)က စိတ်ဓာတ်ခွန်အားကနေ အရှက်နဲ့ သိက္ခာမဲ့တယ်ဆိုတဲ့ အကြောင်းအရာတွေအထိ ကွဲပြားနေတဲ့ တုံ့ပြန်မှုတွေကို နမူနာပြထားတာ ဖြစ်ပါတယ်။
မော်ရိုကို၊ ကျောင်းသားများ ပညာရေးပြုပြင်ပြောင်းလဲရန်အတွက် တောင်းဆို
ဂျူလိုင်တွင် မော်ရိုကိုကျောင်းသားတစ်စုက "ပညာရေးစနစ်ကို ပြောင်းလဲမည့် မော်ရိုကိုကျောင်းသားသမဂ္ဂ"လို့ ခေါ်တဲ့ ဖေ့(စ်)ဘွတ်(ခ်)စာမျက်နှာကို စတင်ခဲ့ကြပါတယ်။ တစ်လမပြည့်ခင်မှာပဲ လူမှုကွန်ယက်ကို သုံးတဲ့ မမျှော်လင့်ဖူးတဲ့ ထောက်ခံမှုကို ရရှိခဲ့ပါတယ်။