အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

· အောက်တိုဘာ, 2012

သတင်းဆောင်းပါးများ အစိုးရ​အုပ်ချုပ်​မှု from အောက်တိုဘာ, 2012

မော်(လ်)ဒိုက်၊ ဥပဒေ​ပြု​သူ လုပ်ကြံ​ခံ​ရ

  18 အောက်တိုဘာ 2012

ဘက်(ဂ်)ဂီးက မော်(လ်)ဒိုက်အစိုးရ ညီညွတ်မှုအတွက် ဥပဒေပြုသူတစ်ဦးဖြစ်တဲ့ ဒေါက်တာ အက်ဖရာအရှီး(မ်)ကို သူ့အိမ်အပြင်ဘက်မှာ သေဆုံးနေတာကို တွေ့ရတဲ့အကြောင်းကို ဓာတ်ပုံဇာတ်လမ်းတစ်ခု ရေးသားထားပါတယ်။

ဂါ​နာ၊ အမျိုးသမီး​များ ဘဝ​မြှင့်​တင်​ရေး​အတွက် အတား​အဆီးများ

  16 အောက်တိုဘာ 2012

ဂါနာတရားရေးဝန်ကြီးဌာနဝန်ကြီးနဲ့ တရားသူကြီးချုပ်တစ်ယောက်ဖြစ်တဲ့ ဘယ်တီ မိုး(လ်)(ဒ်) အစ်ဒရီစုက pambazuka.orgမှာ ရေးထား[fr]တာကတော့ အထက်အလွှာကို ရောက်သွားတယ်ဆိုတာ ရှားပါတယ်၊ ပြီးတော့ ရောက်သွားပြီဆိုရင်တောင်၊ ရန်လိုတာတွေနဲ့ ကိုယ့်အရည်အချင်းပေါ် သံသယဖြစ်ခံရတာတွေနဲ့ ရင်ဆိုင်ရဦးမယ်၊ ကိုယ်ဟာ မိန်းမတစ်ယောက်ဖြစ်နေလို့။ အထက်ပိုင်းက မိန်းမတစ်ယောက်က သူ့ကျွမ်းကျင်မှုကို သက်သေပြဖို့ ယောက်ျားတွေထက် ပိုအလုပ်လုပ်တယ်၊ ဒါပေမဲ့လည်း ယောက်ျားတွေချည်းပဲ လွှမ်းမိုးနေတဲ့ အလုပ်ပတ်ဝန်းကျင်မှာ မန်နေဂျာလို ခေါင်းဆောင်လိုရာထူးတွေမှာ (မိန်းမတွေက) ဘက်လိုက်ယူဆခံရတာတွေနဲ့ ရန်လိုမှုတွေကိုတော့ ရင်ဆိုင်ရတာပဲ။

တရုတ်၊ ဒေသ​ဖြတ်ကျော် ဆင်​ဆာ စည်း​မျဉ်းအသစ်

  16 အောက်တိုဘာ 2012

တို့ဟူးဝန်ကြီးဌာန (ဝက်(ဘ်)ဆိုက်)က ကျင်းကောင်က ဖူကျန့်အစိုးရအရာရှိ လာဘ်စားတာကို ဖော်ပြတဲ့ သတင်းဆောင်းပါတစ်ခု ထုတ်ဝေခွင့်ကို ပိတ်ပင်ဖို့အတွက် ဖူကျန့်အစိုးရက သူ့ရဲ့မသန့်ရှင်းတဲ့လက်တွေကို ယူနန်အစိုးရဆီ လက်ဆင့်ကမ်းလိုက်ပုံကို ရှင်းပြ[en]ထားပါတယ်။

ဂျပန်၊ ဂျပန်-ကိုး​ရီး​ယား အနာဂတ်​ဆက်ဆံ​ရေး​ကို အခ​မဲ့​ပွေ့ဖက်​ခြင်း​များ​ဖြင့် ပုံဖော်​ကြည့်​ခြင်း

  14 အောက်တိုဘာ 2012

ကို​ရီး​ယား​မှာ ဂျပန်​လူ​ငယ်​တစ်​ဦး​က ရိုက်​ခဲ့​တဲ့ "အခ​မဲ့​ပွေ့ဖက်​ခြင်း" ဗီ​ဒီ​ယို​တစ်​ခု​က ဒီ​နွေရာသီ​မှာ စိတ်ဝင်စား​စရာ​တစ်​ခု ဖြစ်လာ​ပြန်​ပါ​တယ်။ ဖန်တီး​တဲ့​လူ​ရဲ့ ရည်​ရွယ်​ရင်း​ကတော့ "ဂျပန်​နဲ့ တောင်​ကို​ရီး​ယား​အတွက် အနာ​ဂတ်မျှော်​လင့်​ချက်​ရှိ​တယ်​ဆို​တာ သက်သေ​ထူ​ဖို့"ပဲ ဖြစ်​ပါ​တယ်။ နေ့​တိုင်း သ​တင်း​ဌာန​တွေ​က တင်ပြ​နေ​တဲ့ နိုင်ငံ​နှစ်​ခု​ကြား​က ဆိုးရွား​လာ​နေ​တဲ့ နိုင်ငံ​တကာ ဆက်ဆံ​ရေး​က နောက်​ပိုင်း​မှာ ငြင်း​ခုန်​စရာ​ဖြစ်လာ​နေ​ပါ​တယ်။