သတင်းဆောင်းပါးများ ဗီဒီယို from စက်တင်ဘာ, 2012
အီရန်အမျိုးသမီးများ၊ ၁၉၇၉ကစသော ဟီဂျပ်ခေါင်းဆောင်း မဆောင်းမနေရဥပဒေကို ဆန့်ကျင်ခြင်း
အီရန်မှာ ခေါင်းဆောင်းတွေ မဝတ်မနေရဝတ်ရတာကို အဆုံးသတ်ဖို့ တောင်းဆိုတဲ့ အီရန်ကျောင်းသားတွေရဲ့ ဖေ့(စ်)ဘွတ်(ခ်)လှုပ်ရှားမှု့ကို လူပေါင်း (၂၆၀၀၀)ကျော်က ဆက်သွယ်ပါဝင်ကြပါတယ်။ အီရန်အမျိုးသမီးတွေ ဆန္ဒပြလာတာ ဆယ်စုနှစ်သုံးခုရှိပါပြီ၊ ဒါပေမဲ့ လူမြင်ကွင်းမှာ လုံခြုံရေးအင်အားတွေက အရှက်ရအောင် ထိန်းသိမ်းတာ ခံနေရတုန်းပါပဲ။
၂၀၁၂ ပါရာလံပစ်၊ အောင်မြင်သောနိဒါန်း၊ ချီးကျူးဖွယ် ဇာတ်လမ်း
လန်ဒန်ဗုံးဖောက်ခွဲမှုကနေ လွတ်မြောက်ရှင်သန်လာတဲ့ မာတင်ရိုက်၊ လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ရေမကူးနိုင်ခဲ့တဲ့ ပထမဆုံး မြောက်ကိုးရီးယားက ယှဉ်ပြိုင်တဲ့ ရင်(မ်)ဂျူဆောင်နှင့် ငါးမန်းကိုက်ခံရမှုကနေ လွတ်မြောက်လာတဲ့ ဟယ်ဆီရမ် အက်(ချ်)မတ်။ ပါရာလံပစ်အားကစားသမားထဲကနေ တခုတ်တရရှိနေမယ့် လူတချို့ပါ။