တိုကျိုကင်မရာကလပ်မှ ဂျပန်၏ လှပသော ဓာတ်ပုံများ

tokyo camera club

တိုကျိုကင်မရာကလပ် အယ်ဒီတာ အကြိုက်။​ တိုကျိုကင်မရာကလပ်အင်တာနက်စာမျက်နှာ။

တိုကျိုကင်မရာကလပ်ဆိုသည်မှာ ဂျပန်နိုင်ငံတလွှမ်းမှ ရင်သပ်ရှုမောဖွယ်ရာ အနုပညာမြောက် ဓာတ်ပုံများ ဝေမျှရာ အသိုက်အဝန်းနေရာလေးဖြစ်သည်။ ၎င်းတို့၏ Facebook စာမျက်နှာသည် နောက်လိုက်သူ ၄ သိန်းကျော်ရှိပြီး Instagram မှာတော့ ၃သိန်းကျော်ရှိပါသည်။​ ၎င်းတို့၏ ဓာတ်ပုံများမှာလည်း အလွန်လူကြိုက်များလှသည်။​ ထောင်ပေါင်းများစွာသော ‘likes’ များနှင့်အတူ ‘comments’ နှင့် ‘shares’ များဖြင့်လည်း Facebook ပေါ်တွင် ဝေဝေဆာဆာရှိလှသည်။​

အကျိုးအမြတ်မကြည့်သော စီးပွားရေးဖြစ်သည့်အလျောက် တိုကျိုကင်မရာကလပ်သည် ငွေကြေးကမကထပြုသူများနှင့် ကင်မရာကြော်ငြာများမှသည် ဝင်ငွေရှိသည်။ ထိုစာမျက်နှာသည် ခန်းနားလှပသော ဓာတ်ပုံများကို ပြထားပေးရုံသာမက နောက်လာမည့် ဓာတ်ပုံပြိုင်ပွဲများအကြောင်းကိုလည်း လေ့လာလို့ရပါသည်။

အောက်တွင် တိုကျိုကင်မရာကလပ်၏ Instagram မှ ဝေမျှထားသောဓာတ်ပုံအချို့ကို ရွေးချယ်ဖော်ပြလိုက်ပါသည်။

Instagram အသုံးပြုသူ @fujihirotanaka မှ @photo_shorttrip Instagram account သို့ ပေးပို့ထားသော ဓာတ်ပုံ။ ဒီပုံက like တွေ  comment တွေ အများကြီးရပါတယ်။ Photo_shorttrip ဆိုတာက Tokyo Camera Club စီစဉ်ထားတဲ့ ဓာတ်ပုံပြိုင်ပွဲ့ဖြစ်ပါတယ်။​ hashtag #photo_shorttrip ကို အသုံးပြုပြီး ခရီးသွားဓာတ်ပုံတွေကို ပြသတာဖြစ်ပါတယ်​။​

Instagram အသုံးပြုသူ @akira_1972_  မှ @photravelers Instagram account သို့ပေးပို့ထားတဲ့ ပုံဖြစ်ပါတယ်။ ပုံကို like နဲ့ comment ပေးပေးပါ။​ Tokyo Camera Club အတွက် ကျွနု်ပ်တို့၏ Instagram နှင့် Facebook သို့ #photo_travelers နှင့်ပေးပို့နိုင်ပါတယ်။ Follow: @photravelers #photo_travelers#photravelers #travel #traveler

Tokyo Camera Club ၏ အကောင်းဆုံး ဓာတ်ပုံ ၁၀ ပုံထဲမှ တစ်ပုံပါ။ top 10 images. Vanguard travel tripod: http://vanguard.tokyocameraclub.com/veo2_userreview/page01.php အစီအစဉ်ထဲမှ ပြုလုပ်မှုအသစ်ပါ။

ရေတံခွန်များ နှင့် စက်မှုဇုံ ညမြင်ကွင်း ကို ဓာတ်ပုံဆရာ Hara Tomoshi က ခရီးသွားနေစဉ် Vanguard tripod အတွက် ရိုက်ထားတာပါ။​ […]

 

သင် တိုကျိုမှာနေသည် မနေသည်ဖြစ်စေ မည်သူမဆို တိုကျိုကင်မရာကလပ်တွင် ဖော်ပြပေးရန် ဓာတ်ပုံများကို ပေးပို့နိုင်ပါသည်။​ သို့သော်ဓာတ်ပုံများကတော့ ဂျပန်နိုင်ငံ တစ်နေရာရာကို ရိုက်ထားသောပုံများသာ ဖြစ်ရပါမည်။ ၎င်းတို့၏ စည်းမျဉ်းစည်းကမ်းများကို ဤနေရာ ဖတ်ကြည့်လို့ရသည်။​

တိုကျိုကင်မရာကလပ်၏ နောက်ထပ်ဓာတ်ပုံများကို ကြည့်ရှုလိုပါက Instagram, Twitter, Facebook နှင့် ၎င်း၏အင်တာနက်စာမျက် အစရှိသည်တို့တွင် ဝင်ရောက်ရှာဖွေနိုင်ပါသည်။

Exit mobile version