အင်တာနက်တဝန်းကို ရှာဖွေကြည့်လိုက်ပါက ဗီယက်နမ်၊ စင်္ကာပူ နှင့် ဖိလစ်ပိုင်နိုင်ငံတို့၏ မြို့ကြီးတွေရှိ ၂၀ရာစုစောပိုင်း ကိုလိုနီခေတ်မှ နေ့စဉ်ဘဝကို ဖော်ကျူးနေသော လက်ဆေးရောင်ချယ်ဓာတ်ပုံ နှင့် ပို့စကတ်အများအပြား သင်တွေ့ပါလိမ့်မည်။
ဤဓာတ်ပုံများသည် လွန်ခဲ့သော ရာစုနှစ်အတွင်းက ဘဝဟာ မည်ကဲ့သို့ ပုံစံမျိုးရှိသည်ကို ပြန်လည်တွေးတောပုံဖော်ရန် အသုံးဝင်သလို သမိုင်းဝင်အရလည်း အလွန်အရေးပါသောပုံရိပ်များ ဖြစ်သည်မှာ ထင်ရှားလှပါသည်။ သို့ဆိုလျှင် ဤဓာတ်ပုံများကို တစေ့တစောင်း ကြည့်လိုက်ကြရအောင်။
အောက်တွင်ဖော်ပြထားသော ဓာတ်ပုံများသည် ဗီယက်နမ် ဓာတ်ပုံပညာကို တည်ထောင်သူ ဖခင်ကြီးတစ်ဦးဖြစ်သော Vo Anh Ninh ၏ ဓာတ်ပုံများဖြစ်ပြီး ၁၉၅၀ ခုနှစ်များဝန်းကျင်မှ ပြင်သစ်ကိုလိုနီအုပ်ချုပ်မှု မှေးမှိန်လာသောချိန်မှ ပုံရိပ်များကို ပြသနေပါသည်။ ဤဓာတ်ပုံများသည် စစ်ကြီးမှမဖျက်စီးမီ ဗီယက်နမ်နိုင်ငံ၏ ၁၉၅၀ခုနှစ်များတွင်း မြင်ရခဲသော ဘဝပုံရိပ်ကို တစေ့တစောင်း ဖော်ပြနေပါသည်။
အင်တာနက်စာမျက်နှာ Saigoneer သည် အောက်ပါဓာတ်ပုံများထဲမှ အချို့ကို ထုတ်ဝေခဲ့ပြီးနောက် ဆေးရောင်ချယ်ကာ Flickr စာမျက်နှာ manhhai တွင် တင်ထားပါသည်။
ဖိလစ်ပိုင်သည် နှစ်ပေါင်းသုံးရာကျော် စပိန်၏ ကိုလိုနီတစ်ခုဖြစ်ခဲ့ပြီး ၁၈၉၈ခုနှစ်တွင် တော်လန်ရေးတစ်ခုသည် ကိုလိုနီကို ပြီးဆုံးခဲ့ပါသည်။ သို့သော် အမေရိကသည် ချက်ချင်း ကျုးကျော်ခဲ့ပြီး ၁၉၄၆ အထိ ကိုလိုနီအုပ်ချုပ်သူအဖြစ် ဆက်လက်တည်ရှိခဲ့ပါသည်။ အောက်မှ ဓာတ်ပုံများသည် မြို့တော်မနီလာ၏ ကူးပြောင်းမှုများကို ပြသနေပါသည်။ စပိန်အမွေအနှစ်၏ လွှမ်းမိုးမှုဟာ ထင်ထင်ရှားရှား ကြီးမားနေသေးသလို အမေရိကန်၏ လွှမ်းမိုးမှုဟာလည်း သက်ရောက်မှုများ ရှိနေသည်ကို တွေ့မြင်နိုင်ပါသည်။
John Tewell ၏ ဒီဂျီတယ် ဓာတ်ပုံများ စုဆောင်းမှု မှ E. S. Sison ရယူကာ ဆေးရောင်ချယ်ခဲ့ပါသည်။ ထိုဆေးရောင်ချယ် ဓာတ်ပုံများကို Kinulayang Kasaysayan (ဆေးရောင်ချယ် သမိုင်း)၏ ဖေ့ဘုတ်စာမျက်နှာသို့ တင်ခဲ့ပါသည်။
မနီလာမြို့ဟောင်း၏ အရေးပါသော ဘာသာရေးနှင့် စီပွားရေးစင်တာတစ်ခုဖြစ်သော Binondo (ဘင်နွန်ဒို)။ Kinulayang Kasaysayan ဖေ့ဘုတ်စာမျက်နှာမှ ဓာတ်ပုံကို ခွင့်ပြုချက်ဖြင့် ယူသုံးပါသည်။
အက်စကော်(လ)တာ (Escolta) တံတားကို ဖြတ်ကူးခြင်း။ အက်စကော်(လ)တာ သည် မနီလာမြို့ဟောင်း၏ အဓိကအရေးပါသော စီးပွားရေး စင်တာတစ်ခုဖြစ်ပါသည်။ Kinulayang Kasaysayan ဖေ့ဘုတ်စာမျက်နှာမှ ဓာတ်ပုံကို ခွင့်ပြုချက်ဖြင့် ယူသုံးပါသည်။
၁၉၉၀ ခုနှစ်များတွင် အဝတ်လျှော်သော အလေ့အထ။ Kinulayang Kasaysayan ဖေ့ဘုတ်စာမျက်နှာမှ ဓာတ်ပုံကို ခွင့်ပြုချက်ဖြင့် ယူသုံးပါသည်။
၁၉၀၀ ရာစုနှစ်အစောပိုင်းမှ လူနက်တာ (Luneta) ပန်းခြံ။ ဤနေရာသည် အရင်တုန်းနှင့် ယခုအထိပါ ခမ်းနားကြီးကျယ်သော မနီလာပင်လယ်အော် နေဝင်ချိန်မြင်ကွင်း အတွက် ကျော်ကြားပါသည်။ Kinulayang Kasaysayan ဖေ့ဘုတ်စာမျက်နှာမှ ဓာတ်ပုံကို ခွင့်ပြုချက်ဖြင့် ယူသုံးပါသည်။
နယူးရောက် ပြည်သူ့စာကြည့်တိုက်၏ စုဆောင်းမှုများအထဲတွင် ၂၀ ရာစုနှစ် အစောပိုင်းမှ စင်္ကာပူ၏ လက်ဆေးရေးချယ် ပို့စကဒ်များ အမြောက်အများရှိပါသည်။ အာရှ-ပစိဖိတ်ဒေသ၏ အလုပ်များပြီး ပဓာနဖြစ်သော ကုန်သွယ်ရေး ဆိပ်ကမ်းတစ်ခုဖြစ် ပေါ်ထွက်သော စင်္ကာပူ၏ တဖြည်းဖြည်းချင်း တိုးတက်လာပုံကို ပြသနေပါသည်။
၁၉၀၇ – ၁၉၁၈ စင်္ကာပူ စမ်ပန်း (sampan) ဒေသခံများ။ နယူးရောက် ပြည်သူ့စာကြည့်တိုက်၏ ဒီဂျစ်တယ် စုဆောင်းမှုမှ ဓာတ်ပုံများ။
Finlayson Green အဆောက်အအုံ ၁၉၀၇ – ၁၉၁၈။ နယူးရောက် ပြည်သူ့စာကြည့်တိုက်၏ ဒီဂျစ်တယ် စုဆောင်းမှုမှ ဓာတ်ပုံများ။
စင်္ကာပူ Hill Street ၁၉၀၇ – ၁၉၁၈။ နယူးရောက် ပြည်သူ့စာကြည့်တိုက်၏ ဒီဂျစ်တယ် စုဆောင်းမှုမှ ဓာတ်ပုံများ။
စင်္ကာပူ Victoria Street ၁၉၀၇ – ၁၉၁၈။ နယူးရောက် ပြည်သူ့စာကြည့်တိုက်၏ ဒီဂျစ်တယ် စုဆောင်းမှုမှ ဓာတ်ပုံများ။