ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်း ငြင်းပယ်ခံရပြီးနောက် ထိုင်း စစ်တပ် ကျောထောက်နောက်ခံ အစိုးရသည် အာဏာဆက်လက် ထိန်းသိမ်းထားရန်ရှိ

File photo of Thailand's legislative hall where the National Reform Council held a session to vote against the proposed constitution. Photo by John Vincent, Copyright @Demotix (1/16/2015)

အမျိုးသားပြုပြင်ပြောင်းလဲရေးကောင်စီမှ အဆိုပြုထားသော အခြေခံ ဥပဒေမူကြမ်းကို ဆန့်ကျင်မဲပေးပွဲ ပြုလုပ်ခဲ့သော ထိုင်း ဥပဒေပြုခန်းမ၏ ဓာတ်ပုံ။ Photo by John Vincent, Copyright @Demotix (1/16/2015)

ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းသည် တိုင်းပြည်တွင် စစ်ဘက်အစိုးရ ဆက်လက်အုပ်ချုပ်ဖို့ လမ်းခင်းပေးခြင်းဖြစ်သည်ဟု ယူဆရသဖြင့် အမျိုးသား ပြုပြင်ပြောင်းလဲရေး ကောင်စီ (NRC) ၏ အဖွဲ့ဝင်များသည် ၄င်းကို ပယ်ချခဲ့ပါသည်။

စစ်တပ်က ပြီးခဲ့သောနှစ်တွင် အာဏာသိမ်းစဥ်က ရွေးကောက်ပွဲများမပြုလုပ်မီ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖေါ်ဖို့ ကတိပြု ပြောကြားခဲ့ပါသည်။ အခြေအနေများကို ပုံမုန်ပြန်ဖြစ်အောင် ပြုလုပ်သော လုပ်ငန်းစဉ်၏ အစိတ်အပိုင်း တစ်ရပ်အနေနှင့် နိုင်ငံတွင်း၌ အရပ်သားအုပ်ချုပ်ရေး ပြန်လည် ထူထောင်နိုင်စေရန် ရည်ရွယ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့သည်။ သို့သော် ၂၀၁၅ စက်တင်ဘာလ ၆ ရက် တွင် NRCသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းအား ငြင်းပယ်ဖို့ မဲခွဲဆုံးဖြတ်လိုက်သည်။ ထို NRC ၏အဖွဲ့ဝင်များကိုသည် စစ်တပ်ကျောထောက်နောက်ခံပေးထားသော အစိုးရမှ ခန့်အပ်ထားသော သူများဖြစ်ကြသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းအား မဲခွဲဆုံးဖြတ်ခြင်းမပြလုပ်မီ အမျိုးသား ပြုပြင်ပြောင်းလဲရေး ကောင်စီ အဖွဲ့၀င်များ အဖွဲ့လိုက်ဓာတ်ပုံရိုက်နေစဥ်။

ပဋိညာဉ်စာတမ်းမူကြမ်း ငြင်းပယ်ခံရခြင်း၏ ဖြစ်ပေါ်လာနိုင်သော သက်ရောက်မှု

NRC၏ ငြင်းပယ်သော မဲကြောင့် အစိုးရသည် ရက်ပေါင်း ၃၀ အတွင်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရေးကော်မတီ (CDC) အသစ်တစ်ခုကို ထပ်မံ ဖွဲ့စည်းရမည်ဖြစ်ပြီး ၄င်း ကော်မတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခြား အသစ်တစ်ခုကို ရက်ပေါင်း ၁၈၀ အတွင်း ရေးဆွဲရမည် ဖြစ်သည်။ အဆိုပါ အသစ်မူကြမ်းသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လုပ်ငန်းစဉ်တစ်ခု အပေါ်တွင် မူတည်နေမည်။ အကယ်၍ ထိုမူကြမ်း ခွင့်ပြုခြင်းခံရပါက အရှင်ဘုရင်ထံတော်သို့ လက်မှတ်ထိုးပေးရန် တင်သွင်းရမည်။ ထို့နောက် CDC သည် အမျိုးသား ဥပဒေပြု လွှတ်တော် နှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတရားရုံးတို့မှ ပြန်လည်သုံးသပ်မည့် ဥပဒေအသစ်များကို ဖွဲ့စည်းပုံအခြေခံအတွက် ရေးဆွဲပါလိမ့်မည်။ ၄င်းပြီးနောက် လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်ပွဲအား ၂၀၁၇ မတ်လ တွင် ဆက်လက် ကျင်းပကြရမည်။ ဤသို့ဆိုလျှင် စစ်အစိုးရသည် နောက်ထပ် တစ်နှစ်ခွဲကျော်လောက် ဆက်လက်ပြီး အာဏာတည်ရှိနေဦးမည့် အဓိပ္ပာယ်ဖြစ်သည်။

ပဋိညာဉ်စာတမ်းကို ပြန်လည် ပြင်ဆင်ခြင်း လုပ်ငန်းစဥ် အသစ်ကို အောက်ပါ အချက်အလက်ပြဇယားရှိ ဖြစ်ရပ် ၃ (Scenario 3) မှ အနှစ်ချုပ်ထားပါသည်။

သတင်း အင်တာနက် စာမျက်နှာ Prachatai မှ ပြုလုပ်ထားသော အချက်အလက်ပြ ဇယား။

‘ဒီမိုကရေစီမဆန်သော’ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ဆန့်ကျင် ဆန္ဒပြခြင်း

သို့သော်လည်း NRC မှ မဲပေးခြင်း မပြုလုပ်မီကပင် တက်ကြွလှုပ်ရှားသူနှင့် ပညာရှင် အများအပြားတို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို ဝေဖန်ခဲ့သည်။ လူ့အခွင့်အရေး အဖွဲ့အတွက် ထိုင်းရှေ့နေများ (Thai Lawyers for Human Rights Group) သည် အခြေခံဥပဒေကို မူကြမ်းရေးဆွဲသည့် လုပ်ငန်းစဉ်သည် တရားဝင်မဟုတ်ကြောင်း ထောက်ပြခဲ့သည်။ ထိုစာတမ်းသည် အများပြည်သူဆန္ဒခံယူပွဲ သို့မဟုတ် ပြည်သူ့ကိုယ်စားလှယ်များ၏ ခွင့်ပြုချက် မရှိဘဲ ရေးဆွဲခဲ့ကြောင်း ၄င်းတို့မှ အထူးထောက်ပြခဲ့ကြသည်။ CDC၏ အဖွဲ့ဝင်များသည် စစ်တပ်က ခန့်အပ်ထားသည့် သူများ သပ်သပ်သာ ဖြစ်သောကြောင့် အများပြည်သူကို ကိုယ်စားမပြုပါ။

ပဋိညဉ်စာတမ်း မူကြမ်းတွင် ပါ၀င်သော အကြောင်းအရာနှင့် ပက်သက်ပြီး လေ့လာကြည့်မည်ဆိုပါကလည်း၊ ၄င်းထဲတွင် မထင်မရှား ရေးသားဖော်ပြထားသည့် ”ကိုယ်ကျင့်တရား စနစ်” ဟူသော စနစ်တစ်ခုမှတဆင့် ပြည်သူ့၀န်ထမ်းများကို ခန့်အပ်နိုင်သည်ဟူသော ပြဋ္ဌာန်းချက် အပိုဒ်တစ်ပုဒ်ကို ထိုင်းရှေ့နေများ အုပ်စုသည် ထောက်ပြထားပါသည်။ နိုင်ငံသားဖြစ်ခွင့်မရှိပဲ နေထိုင်သူများအား အပြည့်အ၀ ကာကွယ်စောင့်ရှောက်မှု မပေးထားသော အပိုဒ် အမှတ် ၄၅ လည်း ပါရှိပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းသည် နိုင်ငံသားများ၏ နိုင်ငံရေးပါဝင်မှု နှင့် ပြည်သူ့ ကိုယ်စားလှယ်တို့၏ အခန်းကဏ္ဍကို ကန့်သတ်ကြောင်း ၄င်းတို့ အဖွဲ့မှ ဆက်လက် ထောက်ပြပါသည်။ ဥပမာ အဆိုပြုထားသော ပဋိညဉ်စာတမ်းတွင် အောက်လွှတ်တော်၏ သုံးပုံနှစ်ပုံသည် မည်သည့်နိုင်ငံသားတစ်ဦးကိုမဆို အမည်စာရင်းတင်သွင်းရန် ခွင့်ပြုသည့် အလျှောက် ဝန်ကြီးချုပ်သည် ပါလီမန် အဖွဲ့ဝင်တစ်ဦးဖြစ်ရန် အဖြစ်မလိုအပ်ပေ။

အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းသည် ‘ပြုပြင်ပြောင်းလဲရေးနှင့် ပြန်လည်သင့်မြတ်ရေးအတွက် အမျိုးသား မဟာဗျူဟာ ကော်မတီ’ (crisis panel) ဟုခေါ်သော ပါလီမန်မှ အတည်ပြုမည့် ဥပဒေများကို ဗီတိုဖြင့် ငြင်းပယ်ခြင်းကို လုပ်ပိုင်ခွင့်ရထားမည့် အလွန်တန်ခိုးကြီးသည့် ကော်မတီကိုလည်း ဖွဲ့စည်းဖို့ အဆိုပြုထားသည်။ ထို့အပြင် ဤကော်မတီအဖွဲ့သည် အရေးပေါ် အခြေအနေ သို့မဟုတ် ‘ထူးခြား အခြေအနေမျိုး’ တွင် ”ဖြောင့်မတ်သော” အာဏာသိမ်းမှုကို ပြုလုပ်ပြီး အစိုးရကို လွှဲပြောင်းယူနိုင်ပါသည်။ မျှော်လင့်ထားသည့်အတိုင်း ထို crisis panel ခေါ် (အကျပ်အတည်း ထိန်းသိမ်းရေး) အုပ်စုသည် စစ်ခေါင်းဆောင်များ၊ ပါလီမန် ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်နှင့် ကျွမ်းကျင်ပညာရှင်များဖြင့်ဖွဲ့ထားသော အဖွဲ့ဖြစ်သည်။

Thammasat တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပါမောက္ခ ဒေါက်တာ Likit Teeravekinသည် ထို အကျပ်အတည်း ထိန်းသိမ်းရေး အုပ်စုဟုခေါ်နေကြသော သူများနှင့် ပက်သက်ပြီး သတိပေးထားပါသည်။

Article 280 grants immense power to the Guardians, meaning that election will simply be meaningless.

အပိုဒ် ၂၈၀ က အဲ့ဒီ Guardians (အုပ်ထိမ်းသူ)တွေကို ဧရာမတန်ခိုး ပေးထားပါတယ်။ ရှင်းရှင်းလေးပဲ ရွေးကောက်ပွဲဟာ အဓိပ္ပာယ် မရှိတော့ဘူးဆိုတာ ဆိုလိုတာပါ။

Thammasat မှ ပါမောက္ခ နောက်တစ်ဦးဖြစ်သော Worajet Pakeerat သည် ထို ပြဋ္ဌာန်းချက်ဟာ ဒီမိုကရေစီကို ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်ကြောင်း ပြောပါသည်။

This draft constitution will eventually establish a mechanism which will sustain the power of undemocratic entities over the democratic ones.

ဤ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းဟာ ဒီမိုကရေစီကျသောအဖွဲ့အစည်းများအပေါ်မှာ ဒီမိုကရေစီနည်းမကျတဲ့ သူများရဲ့ တန်ခိုးကို တည်တံ့လာစေမယ့် ယန္တရားကို နောက်ဆုံးမှာ တည်ထောင်ပါလိမ့်မယ်။

NRC မဲပေး ပွဲမတိုင်ခင် ရက်အနည်းငယ်အလိုက Resistance Citizen ခေါ် စစ်အစိုးရ ဆန့်ကျင်ရေးအုပ်စုမှ တက်ကြွလှုပ်ရှားသူများသည် ဘန်ကောက်မြို့၌ ဆန္ဒပြပွဲကျင်းပခဲ့ပြီး အများပြည်သူ ဆန္ဒခံယူပွဲ ပြုလုပ်ခဲ့သည်ရှိသော် ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းအား ဆန့်ကျင်သောအနေဖြင့် ‘လက်မခံဟု မဲပေးရန်’ လူများကို တိုက်တွန်းခဲ့သည်။

လူများအား ၂၀၁၅ အခြေခံဥပဒေမူကြမ်းကို ငြင်းပယ်ရန် လူများကို ဖိတ်ခေါ်သော ဆန္ဒပြ ပိုစတာ။ ပိုစတာ အထဲမှ ပုဂ္ဂိုလ်သည် ထိုင်း စစ်ခေါင်းဟောင်း ယခု ၀န်ကြီးချုပ် ပရာယွတ်။ Photo from the Facebook page of Democracy Student Group

ဒီနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အသစ်ကိုတစ်ခုကို အတည်ပြုသည်ပဲဖြစ်ဖြစ် ပယ်ချခဲ့သည်ပဲဖြစ်ဖြစ် သေချာသည်တစ်ခုကတော့ ပြုပြင်ပြောင်းလဲမှုများကို ဆိုင်းငံထားစဥ်တွင် စစ်တပ်သည် ဆက်လက် အာဏာ ထိန်းသိမ်းထားမည်ဖြစ်သည်။

Exit mobile version