သတင်းဆောင်းပါးများ ပေါ်ထွန်းလာသော အသံများ
အင်တာနက်စွယ်စုံကျမ်း Wikipedia ၏ ကျားမ၊မညီမျှမှုကို ပြုပြင်ပြောင်းလဲပစ်လိုသော Wikimujeres ခေါ်ဝီကီအမျိုးသမီးများ
"ကျွန်ုပ်တို့သည် အင်တာနက်ပေါ်တွင် ဖတ်ရှုမှုအများဆုံးဖြစ်သော စွယ်စုံကျမ်းကြီးပေါ်တွင် ကျားမ၊မညီမျှမှုနှင့် ယဉ်ကျေးမှု ကွာဟမှုတို့ကို လျှော့ချ/တိုက်ဖျက်ရန်တွက် ကြိုးပမ်းလိုသူများဖြစ်ကြပါသည်။"
အန္ဒိယမှ မြေးအဖွားနှစ်ယောက်၏ ချစ်စရာ မီဒီယာလုပ်ငန်းလေးအကြောင်း တစေ့တစောင်း
"တစ်ကမ္ဘာလုံးက လေ့လာနေကြတာချည်းပဲ.. ဘာလို့ အဖွားလည်း လေ့လာမနေရမှာလဲ။ အဖွားအတွက်က ပိုလို့တောင် လေ့လာစရာတွေ များသေးတယ်။ ကမ္ဘာနဲ့တန်းတူ လိုက်လျှောက်နိုင်ဖို့ အရေးကြီးတယ်။"
သြစတြေးလျအနောက်ပိုင်း ကန္တာရဒေသတစ်ဝှမ်းမှ ဌာနေတိုင်းရင်းသားတို့၏ လက်ဟန်သင်္ကေတ ဆက်သွယ်နည်းများကို လေ့လာကြည့်ပါ
သြစတြေးလျအနောက်ပိုင်း သဲထူထပ်သော ကန္တာရဒေသရှိ ဌာနေတိုင်းရင်းသားတို့ ပူးပေါင်းပါဝင် ပြုလုပ်ထားသော ဗီဒီယို စီမံကိန်းသည် ဌာနေတိုင်းရင်းသား အမျိုးသမီး သက်ကြီရွယ်အိုများ အသုံးပြုသော လက်ဟန်သင်္ကေတများကို သင်ကြားပေးရင်း ကူကတ်ဂျာ ဘာသာစကားကိုပါ သင်ကြားပေးနေပါသည်။
ကမ္ဘောဒီးယားမှ အမျိုးသမီး ဘလော့ဂါများ (ကလော့ဟားများ) ကျေးလက်နေပြည်သူတို့၏ ဘဝစိန်ခေါ်မှုများကို မှတ်တမ်းတင်
တက်သစ်စ အသံများ စီမံကိန်း၏ အစီအစဉ်ဖြင့် ကမ္ဘောဒီးယား အမျိုးသမီး ဘလော့ဂါများ (ကလော့ဟားများ)သည် အထည်ချုပ်စက်ရုံ လုပ်သားများ၊ ကျေးလက်ဒေသရှိ ကျောင်းသူကျောင်းသားများ၊ မြစ်ကမ်း ရှင်းလင်း သန့်စင်ရေး အစပျိုးလှုပ်ရှားမှုတို့၏ အကြောင်းတို့ကို ဝေမျှထားသည်။
နည်းပညာက လူတွေအား ကမ္ဘာ့ ဘာသာစကားများကို လေ့လာနိုင်ရန်သာမက မကွယ်ပျောက်အောင် ထိန်းသိမ်းနိုင်ရန် မည်သို့ ကူညီနေ သလဲဆိုတာ
အတွေးအခေါ် ရှေ့ပြေးသူများသည် နည်းပညာ၏ မကြုံစဖူးသော တန်ခိုးကို အသုံးချကာ ပျောက်ကွယ်လှနီးပါးဖြစ်နေသော ဘာသာစကားများကို ပြန်လည်ကယ်ဆယ်နေကာ အချို့အခြေအနေများတွင် ပျောက်ဆုံးသွားသော ဘာသာစကားများကို အသက်ပြန်သွင်းနေကြသည်။
”Chicas မိန်းကလေး” တွေကို စွမ်းဆောင်ရည်ပေးလိုက်တဲ့ အခါ ဘာဖြစ်သလဲ ဆိုတာ
Chicas Poderosas ဆိုသည်မှာ အမျိုးသမီးတွေကို စာနယ်ဇင် ပညာတွင် လေ့ကျင်းသင်တန်းပေးပြီး သတင်းခန်းတွင် မတူကွဲပြားမှု စုံလင်စွာ ရရှိအောင်ကျိုးပမ်းသော လက်တင် အမေရိကမှ လှုပ်ရှားမှု တစ်ခုဖြစ်သည်။
ကလေးချော့တေးများ သီဆိုကာ ဘချူလာ ဘာသာစကားအား ထိန်းသိမ်းခြင်း
ဖရေစာကျွန်း၏ မူလတိုင်းရင်းသားများ၏ ဘချူလာ ဘာသာစကားသည် ၂၀ရာစုတွင် ပျောက်ကွယ်လှနီးပါး ကြုံတွေ့ခဲ့ရပါသည်။ ယခုအခါ ဘချူလာ ဘာသာစကား စီမံကိန်း၏ ကျေးဇူးကြောင့် ပြန်လည် အသက်သွင်းခံနေရပါပြီ။







